backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Soap Nut (ကင်ပွန်းသီး)


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကင်ပွန်းသီး (Soap Nut)

ကင်ပွန်းသီးက လူသိများတဲ့ဆေးဖက်ဝင်အပင်တွေထဲတစ်မျိုးပါ။ သဘာဝရဲ့ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သလို၊ ကုန်ကျစရိတ်လည်းသက်သာပြီးပြန်လည်းအသုံးပြုလို့ရပါတယ်။ ကင်ပွန်းသီးကိုရေနဲ့ထိတွေ့လိုက်တဲ့အခါ ဆပ်ပြာလိုမျိုး အမြှုပ်လေးတွေ ထွက်လာတတ်ပါတယ်။ ကင်ပွန်းသီးကို အဝတ်တွေလျှော်တာကနေစလို့ လက်ဝတ်ရတနာတွေအရောင်တင်တာမျိုးအထိ အမျိုမျိုးအသုံးပြုနိုင်ပါတယ်။ လူတော်တော်များများကတော့ ကင်ပွန်းသီးက ဆံသားအတွက် ကိုကျန်းမာသန်စွမ်းစေတယ်လို့သိထားကြပါတယ်။ ကင်ပွန်းသီးက ဆံသားအတွက်တင်မကဘူး။ အရေပြားနဲ့ ကျန်းမာရေးအတွက်လည်းအထောက်ကူပြုနိုင်ပါတယ်။

ကင်ပွန်းသီးကိုရှေးယခင်နှစ်ပေါင်းများစွာကတည်းက သဘာဝဆံသားထိန်းသိမ်းတဲ့ထုတ်ကုန်တွေထဲမှာ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ ကင်ပွန်းပင်မှာ ဆံသားကိုနက်မှောင်သန်စွမ်းစေတဲ့ ဆာဖိုနင်ဓါတ်ပါဝင်နေပါတယ်။ ကင်ပွန်းသီးက အထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေအနေနဲ့လည်းရွေးချယ်သင့်တဲ့ သဘာယအလှအပထိန်းသိမ်းရေး ပစ္စည်းတစ်မျိုးပါ။

ကင်ပွန်းပင်က မီတာ ၂၀လောက်အထိမြင့်တတ်ပြီး နှစ်စဉ် မိုးရေချိန် စင်တီမီတာ ၁၅၀ ကနေ စင်တီမီတာ ၂၀၀ အထိရရှိတဲ့ဒေသတွေမှာတွေ့ရှိရပါတယ်။ ရွှံ့စေးမြေတွေမှာသာပေါက်ရောက်လေ့ရှိပါတယ်။

အရေပြားအတွက် ကင်ပွန်းသီးရဲ့ အကျိုးကျေးဇူး

အရေပြားသန့်စင်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

ကင်ပွန်းသီးက သဘာဝသန့်စင်ဆေးတစ်မျိုးပါ။ ဆပ်ပြာအစားအသုံးပြုလို့ရပါတယ်။ အရေပြားကိုအေးမြစေပြီး လန်းဆန်းစေမှာဖြစ်ပါတယ်။ အရေပြားကိုနူးညံ့စေပြီးခြောက်သွေ့မှုကင်းဝေးစေပါတယ်။

အသားအရေအရောင်ကိုတောက်ပစေခြင်း

ကင်ပွန်းသီးကို ဆပ်ပြာအစားအသုံးပြုပေးမယ်ဆိုရင် အရေပြားကိုနူးညံ့စိုပြေစေမှာဖြစ်ပါတယ်။ ကင်ပွန်းသီးကို မျက်နှာအရေပြားပေါ်က ဝက်ခြံတွေနဲ့ ဆားဝက်ခြံတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ မျက်နှာအသားအရေ ကိုလည်းပိုမိုတောက်ပစေပါတယ်။

မျက်နှာသစ်ဆပ်ပြာအဖြစ်အသုံးပြုနိုင်ခြင်း

ကင်ပွန်းသီးကို မျက်နှာသစ်ဆပ်ပြာအဖြစ်လည်း အသုံးပြုလို့ရပါတယ်။နေ့စဉ်အသုံးပြုနေတဲ့ ဓါတုပစ္စည်းတွေပါဝင်တဲ့ မျက်နှာသစ်ဆေးတွေက မျက်နှာကိုဖြူစေတယ်ဆိုပေမယ့် အရေပြားခြောက်သွေ့စေပါတယ်။ ကင်ပွန်းသီးကို မျက်နှာသစ်ဆေးအဖြစ်အသုံးပြုမယ်ဆိုရင် ဆိုးကျိုးမရှိဘဲ မျက်နှာအသားအရေကိုဖြူဝင်းချောမွေ့စေမှာဖြစ်ပါတယ်။

ဓါတ်မတည့်မှုကင်းဝေးစေခြင်း

ကင်ပွန်းသီးကနေ ရရှိနိုင်တဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်က အရေပြားဓါတ်မတည့်မှု မဖြစ်စေတာဘဲဖြစ်ပါတယ်။ အထိအခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ ကလေးငယ်လေးတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

အရေပြားပြဿနာတွေကို သက်သာစေနိုင်ခြင်း

ကင်ပွန်းသီးကရာနှုန်းပြည့် သဘာဝပစ္စည်းစစ်စစ်ဖြစ်တာကြောင့် ကင်ပွန်းသီးဆပ်ပြာကို သုံးပြီးအရေပြားကိုနေ့စဉ် သန့်ရှင်းပေးတာက ရောဂါတော်တော်များများကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဓါတုဗေဒပစ္စည်းတွေနဲပ လုပ်ထားတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေမှာပါတဲ့ ဓါတုဓါတ်ပစ္စည်းတွေကနေ အရေပြားကနေတဆင့် သွေးကြောထဲရောက်ရှိသွားပြီး အရေပြားဆိုင်ရာရောဂါတွေကို ဖြစ်ပေါ်ခံစားရစေတာဖြစ်ပါတယ်။

ဆံသားအတွက် ကင်ပွန်းသီးရဲ့ အကျိုးကျေးဇူး

ဆံပင်ကျွတ်သက်သာစေခြင်း

ကင်ပွန်းသီးက ဆံသားအတွက်အကျိုးပြုတယ်ဆိုတာကိုတော့တော်တော်များများသိပြီးဖြစ်ပါတယ်။ခေါင်းလျှော်ရည်တော်တော်များများထဲမှာ ကင်ပွန်းသီးကို ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။မြန်မာနိုင်ငံမှာဆိုရင်လည်းဆံသားတွေသန်စွမ်းတောက်ပြောင်စေဖို့အတွက် တရော် ကင်ပွန်းသီးနဲ့ခေါင်းလျှော်တာမျိုးလုပ်လာခဲ့တာ ရှေးယခင်ကာလတွေကတည်းစလို့ ယနေ့ထိတိုင်ပဲဖြစ်ပါတယ်။ ကင်ပွန်သီးက ဆံပင်ကျွတ်တာကို သက်သာစေနိုင်တဲ့ တိုင်းရင်းဆေးတစ်မျိုးဖြစ်ပါတယ်။ ဦးခေါင်းပေါ်ကသန်းတွေကို ဖယ်ရှားဖို့အတွက်လည်း အရမ်းအသုံးဝင်ပါတယ်။

ဆံပင်ပျက်စီးတာကို သက်သာစေနိုင်ခြင်း

ကျန်းမာတောက်ပတဲ့ ဆံနွယ်တွေကို ပိုင်ဆိုင်ချင်သူတွေအနေနဲ့ကတော့ ကင်ပွန်းသီးကိုအသုံးပြုတာစိတ်အချရဆုံးလို့ပဲ အကြံပြုပါရစေ။ ကင်ပွန်းသီးနဲ့ခေါင်းလျှော်ပြီးတိုင်း ဆံသားကချောမွေ့သွားတာကို ခံစားရမှာဖြစ်ပါတယ်။ ကင်ပွန်းသီးက ဆံသားကို ပိုမိုတောင်ပစေနိုင်စွမ်းလည်းရှိပါတယ်။

ဆံပင်ပျော့ဆေးအဖြစ်အသုံးပြုနိုင်ခြင်း

ကင်ပွန်းသီးကို ဆံပင်သန်ဆေးအဖြစ်ရော၊ ဆံပင်ပျော့ဆေးအဖြစ်ရော အသုံးပြုပေးနိုင်ပါတယ်။ ကင်ပွန်းသီးက ဆံသားတွေခြောက်သွေ့ ဖွာထွက်နေတာမျိုး မဖြစ်အောင်ကာကွယ်ပေးသလို ဆံပင်အရောင်မွဲတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကင်ပွန်းသီးက ပိုးမွှားတွေကိုသေစေနိုင်တဲ့ အာနိသင်နဲ့ မှိုပိုးကိုသေစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ဆံသားကို ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။

ဆံပင်ခြောက်သွေ့တာကို ကာကွယ်ပေးနိုင်ခြင်း

ကင်ပွန်းသီးက ဦးရေကိုအေးမြစေပြီး သဘာဝပစ္စည်း စစ်စစ်ဖြစ်တာကြောင့် ကင်ပွန်းသီးနဲ့ တစ်ပတ်တစ်ခါခါင်းလျှော်ပေးမယ်ဆိုရင် ဆံသားခြောက်သွေ့မှုကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။

အဖျား နှစ်ခွမဖြစ်အောင်ကာကွယ်ပေးနိုင်ခြင်း

ဆံပင်ကို ကင်ပွန်းသီးနဲ့လျှော်ပေးမယ်ဆိုရင် ဓါတုပစ္စည်းတွေနဲ့ခေါင်းလျှော်သလိုမျိုး ဆံသားနှစ်ခွဖြစ်တာမျိုးတွေကနေ ကင်းဝေးမှာဖြစ်ပါတယ်။ ကင်ပွန်းသီးက ဆံသားတွေကို ကျန်းမာစေပြီး ဆံပင်အဖျားနှစ်ခွ ဖြစ်ပေါ်မှုကိုလျှော့ချပေးပါတယ်။

ကျန်းမာရေးအတွက် ကင်ပွန်းသီးရဲ့အကျိုးကျေးဇူး

အဆိပ်တွေ ဖယ်ရှားပေးနိုင်ခြင်း

ကင်ပွန်းသီးရဲ့ အရေးအပါဆုံးသော ကျန်းမာရေးအကျိုးကျေးဇူးကတော့ အဆိပ်ပြေစေနိုင်တဲ့ အစွမ်းသတ္တိပဲဖြစ်ပါတယ်။ ကင်ပွန်းသီးကိုမြွေအဆိပ်ထုတ်ရာမှာလည်း အသုံးပြုကြပါတယ်။ ကင်းမြီးကောက်နဲ့ အခြားအဆိပ်ရှိတြ့ အကောင်တွေကိုက်ခံရတယ်ဆိုရင်လည်း ကင်ပွန်းသီးကို အသုံးပြုပြီး အဆိပ်ထုတ်လို့ရပါတယ်။

အကျင့်ဆိုးတွေကို ကာကွယ်ရာမှာ အထောက်အကူပြုနိုင်ခြင်း

ကင်ပွန်းသီးကိုဆေးလိပ်သောက်သုံးသူတွေ၊ဆေးရွက်ကြီးစွဲလန်းသူတွေကိုဆေးလိပ်ဖြတ်တာနဲပဆေးရွက်ကြီးစွဲလန်းမှုကိုဖြတ်ရာမှာလည်းအသုံးပြုပေးလို့ရပါတယ်။

ကင်ဆာ အကျိတ်ဆဲလ်ကြီးထွားမှုကို တားဆီးပေးနိုင်ခြင်း

သုတေသနအချို့မှာ ကင်ပွန်းသီးက လူ့ခန္ဓါကိုယ်မှာဖြစ်တတ်တဲ့ ကင်ဆာကျိတ်ဆဲလ်တွေ ကြီးထွားမလာအောင် ဟန့်တားပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

Psoriasis(အရေပြားလေးဖက်နာ) နဲ့ နှင်းခူနာတွေကို သက်သာစေခြင်း

ကင်ပွန်းသီးမှာ သတ္တုဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားလေးဖက်နာရောဂါနဲ့ နှင်းခူနာတွေလိုမျိုး အရေပြားဝေဒနာတွေကို ကုသရာမှာအသုံးပြုနိုင်ပါတယ်။ တင်းတိပ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကင်ပွန်းသီးမှာ ပိုးမွှားတွေကိုသေစေနိုင်တဲ့အာနိသင်လည်းရှိပါတယ်။

-ကင်ပွန်းသီးမှာခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။

-တံတွေးအထွက်များတာကို သက်သာစေနိုင်ခြင်း

-ရောင်ရမ်းမှုကို သက်သာစေနိုင်စွမ်းရှိတာကြောင့် အဆစ်အမြစ်ရောင်ရမ်းနာကျင်မှုကို သက်သာစေနိုင်စွမ်းရှိပါတယ်။

-ကိုယ်ခံအားစနစ်ကိုလည်း အားကောင်းစေနိုင်တာကြောင့် E.coli လိုမျိုးဝေဒနာတွေဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

-ကင်ပွန်းသီးက သဘာဝဝမ်းနုတ်ဆေးတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ် အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။

-ကင်ပွန်းသီးက ကိုလက်စထရောပမာဏကိုလည်း ထိန်းညှိပေးပါတယ်။

-ကင်ပွန်းသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း က ကင်ဆာရောဂါအချို့ကနေ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

-ကင်ပွန်းသီးက ဆီးချိုကိုကာကွယ်ပေးနိုင်သလိုသွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိရာမှာလည်း အထောက်အကူပြုပါတယ်။

-ဝမ်းလျှောတာ၊ အစာမကြေတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ကင်ပွန်းသီးရဲ့ ဆေးဖက်ဝင်ပုံများ

-ကင်ပွန်းသီးမှာ ဓါတ်မတည့်မှုကို တိုက်ဖျက်ပေးပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် လက်သန့်ဆေးရည်တွေထဲမှာ အသုံးပြုလေ့ရှိပါတယ်။

-အရေပြားသန့်ဆေးတွေအနေနဲ့လည်း အသုံးပြုကြပါတယ်။

-အဆိပ်ပြေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် သစ်သီးတွေနဲ့ ဟင်းသီဒဟင်းရွက်တွေမှာ ကပ်ညှိနေနိုင်တဲ့အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

-ရောဂါပိုးတွေကိုသေစေနိုင်တဲ့ အာနိသင်အနည်းငယ်ရှိတာကြောင့် အလှကုန်တွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။

-ကင်ပွန်းသီးမှုန့်၊ကျောက်ချဉ် (alum) နဲ့ရေတို့ကိုရောစပ်ပြီး သွားတိုက်ဆေးအဖြစ်အသုံးပြုပေးလို့လည်းရပါတယ်။

ကင်ပွန်းသီးရဲ့ အခြားအသုံးဝင်ပုံများ

– သစ်သားတွေ၊သိုးမွှေးတွေ၊ဖန်ထည်တွေနဲ့ အခြားအိမ်သုံးပစ္စည်းတွေကိုဆေးကြောရာမှာ အသုံးပြုလို့ရပါတယ်။

-မြေဆီလွှာတွေကို အဆိပ်အတောက်ကင်းစင်အောင်လည်း ကင်ပွန်းသီးအသုံးပြုပေးလို့ရပါတယ်။

-အရောင်ချွတ်ဆေးအဖြစ်အသုံးပြုလို့လည်းရပါတယ်။

-အနာတွေပိုးမဝင်စေဖို့အတွက်နဲ့ အနာမရင်းစေဖို့အတွက်လည်း ကင်ပွန်းသီးကိုအသုံးပြုလို့ရပါတယ်။

-ကင်ပွန်းရည်ကိုသုံးပြီး ပန်းကန်တွေ ဇွန်းတွေဆေးလို့ရပါတယ်။

-ကြမ်းတိုက်ဆေးရည်အဖြစ်အသုံးပြုလို့ရသလို ဘက်တီးရီးယားတွေ ကင်းစင်စေဖို့အတွက် အိမ်သန့်ရှင်းရေးလုပ်ရာမှာလည်း အသုံးပြုပေးလို့ရပါတယ်။ရေချိုးခန်းတိုက်ရာမှာ သုံးနိုင်သလိုပြတင်းပေါက်မှန်တွေသန့်ရှင်းရေး လုပ်ရာမှာလည်း အသုံးပြုလို့ရပါတယ်။

-ကော်ဇောတွေနဲ့ ခန်းဆီးလိုက်အဟောင်းတွေကိုလျှော်ဖွတ်ရာမှာလည်း အသုံးပြုလို့ရပါတယ်။

-ပိုးသတ်ဆေးအဖြစ်နဲ့လည်း အသုံးပြုလို့ရပါသေးတယ်။

သတိပြုစရာ အချက်များ

-ကင်ပွန်းသီးက အရေပြား၊ဆံသားနဲ့ကျန်းမာရေးကို အကျိုးပြုတယ်ဆိုပေမယ့် ကင်ပွန်းသီးနဲ့ ဓါတ်မတည့်သူတွေအနေနဲ့တော့ ကင်ပွန်းသီးကို အသုံးမပြုသင့်ပါဘူး။

-မျက်စိထဲကိုမဝင်အောင်ဂရုစိုက်သင့်ပါတယ်။ ကင်ပွန်းသီးမှာ ပိုးမွှားတွေကိုသေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ဓါတ်မတည့်မှုကိုဖြစ်စေနိုင်သလို မျက်ခါံတွေကိုရောင်ရမ်းတာမျိုးတွေဖြစ်စေနိုင်ပါတယ်။

-အရေပြား (သို့) သီးရေပြားမှာ ယားယံတာ၊ အနီအဖုအပိမ့်တွေထွက်တာမျိုးဖြစ်လာပါက အသုံးပြုနေတာကို ချက်ချင်းရပ်တန့်လိုက်ပါ။

– တစ်ကြိမ်အသုံးပြုပြီးသား ကင်ပွန်းသီးကို နောက်ထပ် ၇၂ နာရီအတွင်းပြန်မသုံးဖြစ်ဘူးဆိုရင်တော့ လွှင့်ပစ်လိုကပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement