ကင်ပွန်းသီး (Soap Nut)
ကင်ပွန်းသီးက လူသိများတဲ့ဆေးဖက်ဝင်အပင်တွေထဲတစ်မျိုးပါ။ သဘာဝရဲ့ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သလို၊ ကုန်ကျစရိတ်လည်းသက်သာပြီးပြန်လည်းအသုံးပြုလို့ရပါတယ်။ ကင်ပွန်းသီးကိုရေနဲ့ထိတွေ့လိုက်တဲ့အခါ ဆပ်ပြာလိုမျိုး အမြှုပ်လေးတွေ ထွက်လာတတ်ပါတယ်။ ကင်ပွန်းသီးကို အဝတ်တွေလျှော်တာကနေစလို့ လက်ဝတ်ရတနာတွေအရောင်တင်တာမျိုးအထိ အမျိုမျိုးအသုံးပြုနိုင်ပါတယ်။ လူတော်တော်များများကတော့ ကင်ပွန်းသီးက ဆံသားအတွက် ကိုကျန်းမာသန်စွမ်းစေတယ်လို့သိထားကြပါတယ်။ ကင်ပွန်းသီးက ဆံသားအတွက်တင်မကဘူး။ အရေပြားနဲ့ ကျန်းမာရေးအတွက်လည်းအထောက်ကူပြုနိုင်ပါတယ်။