Manna သုံးခြင်းဖြင့် မည်ကဲ့သို့သော ဓါတ်ပြုခြင်းများ ရရှိနိုင်သနည်း။
Manna သည် သင့်လက်ရှိ ကျန်းမာရေး အခြေအနေ ပေါ်တွင် သက်ရောက်မှုများရှိနိုင်သဖြင့် မသုံးခင် ဆရာဝန် တိုင်းရင်းဆေးသမားတော်များနှင့် ဆွေးနွေးသင့်ပါသည်။
Manna နှင့် ဓါတ်ပြုသောပစ္စည်းများမှာ
Digoxin ( Lanoxin)
Manna သည် ဝမ်းပျော့ဆေးတစ်ခုဖြစ်သည်။ ဝမ်းပျော့ဆေးတို့သည် ပိုတက်စီယမ် ပမာဏကို လျော့နည်းစေသည်။ လျော့နည်းစေသည့် ပိုတက်စီယမ် ပမာဏသည် Digoxin ၏ ဘေးထွက်ဆိုးကျိုးများကို ပို၍ ခံစားရစေသည်။
Wafarin ( Coumadin) သွေးကျဲဆေး
Mannaကို ဝမ်းပျော့ဆေးအဖြစ်သုံးသောကြောင့် တစ်ချို့ သောလူများတွင Manna သည် ဝမ်းလျှောခြင်းကိုဖြစ်စေသည်။ ဝမ်းလျှောခြင်းသည် wafirin ၏ဘေးထွက်ဆိုးကျိုးဖြစ်သော သွေးကျဲခြင်းကို ပို၍ဆိုးစေခြင်းဖြင့် သွေးထွက်ခြင်းကိုပိုဖြစ်စေသည်။ အကယ်၍ သင်သည် wafirin သောက်နေသော လူနာဖြစ်ပါက manna အများကြီး မသောက်မိစေရန် သတိပြုရမည်။
Diuretic ( ဆီးဆေး)
Mannaသည် ဝမ်းပျော့ဆေးဖြစ်သည်။ တစ်ချို့သော ဝမ်းပျော့ဆေးများသည် ကိုယ်တွင်း ပိုတက်စီယမ် ပမာဏကို လျော့နည်းစေသည်။ ဆီးဆေးများသည်လည်း ပိုတက်စီယမ် ပမာဏကို လျော့နည်းစေသည့်အတွက်ကြောင့် ဆီးဆေးနှင့် Manna အတူတူ တွဲသုံးလျှင် ကိုယ်တွင်း ပိုတက်ဆီယမ် မာဏကို တော်တော်လျော့နည်းစေမည်ဖြစ်သည်။
ပိုတက်စီယမ် လျော့နည်းစေသော ဆီးဆေးများမှာ
chlorothiazide (Diuril), chlorthalidone (Thalitone), furosemide (Lasix), hydrochlorothiazide (HCTZ, Hydrodiuril, Microzide), တို့ဖြစ်သည်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
Manna အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
ဆေးပမာဏ။
အောက်ပါဖော်ပြချက်များသည် ဆေးတိုင်းအတွက် မဟုတ်ပါ။ Manna..မသုံးခင် ဆရာဝန်နှင့် အမြဲ တိုင်ပင်ဆွေးနွေးသင့်သည်။
Manna သောက်သင့်သော ပုံမှန် ပမာဏသည် မည်မျှနည်း။
Manna သောက်သင့်သောပမာဏသည် လူနာတိုင်းတွင် မတူပေ။ သောက်သင့်သော ဆေးပမာဏသည် သင့် ကျန်းမာရေး၊ အသက်အရွယ်၊ နှင့် အခြားသော အခြေအနေများအပေါ်တွင် မူတည်သည်။ တိုင်ရင်းဆေးများသည် အမြဲစိတ်ချရသည်ဟု မပြောနိုင်ပေ။ သင့်တော်သော ပမာဏ သောက်ရန်အတွက် ဆရာဝန်နှင့်တိုင်ပင်သင့်ပေသည်။
Manna က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
Manna ကိ ုအောက်ပါ ပုံစံများဖြင့်ရနိုင်သည်။
Manna အပင်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။