backup og meta

စံပယ်ပန်း ရေနွေးကြမ်းရဲ့ ဆေးဖက်ဝင်ပုံက

စံပယ်ပန်း လေးရဲ့ အမွှေးနံ့က လူကိုလန်းဆန်းစေနိုင်ပါတယ်။ မနက်ခင်းလေနုအေးအေးလေးမှာ စံပယ်နံ့လေးသင်းနေတာက စိတ်ကိုအတော်လေးကြည်လင် လန်းဆန်းစေနိုင်ပါတယ်။ စံပယ်ရဲ့ အာနိသင်က ဒီလောက်နဲ့ ပြီးမသွားသေးပါဘူး။ စံပယ်ပန်းကဆေးဖက်လည်းဝင်ပါသေးတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ ပန်းလေးတစ်မျိုးပေါ့။ ဒီတစ်ခေါက်တော့ စံပယ်ပန်း ရေနွေးကြမ်းရဲ့ ဆေးဖက်ဝင်ပုံက ဘယ်လိုလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

စံပယ်ပန်း ရေနွေးကြမ်းရဲ့ ဆေးဖက်ဝင်ပုံက

စံပယ်ပန်းက ကျန်းမာရေးအတွက် ဒီလိုအထောက်အကူပြုပါတယ်

အဆင်းရော အချင်းပါပြည့်စုံတဲ့ စံပယ်ပန်း က

  • အသည်းရောဂါ (အသည်းရောင် အသားဝါ)
  • အသည်းခြောက်တာကြောင့်ဖြစ်တဲ့ အသည်းနာခြင်း
  • ဝမ်းလျှောတာကြောင့်ဖြစ်တဲ့ ဗိုက်အောင့်ခြင်း
  • စိတ်ဖိစီးမှုကိုသက်သာစေနိုင်ခြင်း
  • ကင်ဆာကုသမှုကို အထောက်အကူပြုပေးနိုင်ပါတယ်။

စံပယ်ပန်း ရေနွေးကြမ်းရဲ့ ဆေးဖက်ဝင်ပုံက

စံပယ်ပန်းကို ရေနွေးကြမ်းအဖြစ် သောက်သုံးတာက အရသာရှိသလို ကျန်းမာရေးအတွက်လည်း တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ စံပယ်ပန်း ရေနွေးကြမ်းရဲ့ ဆေးဖက်ဝင်ပုံက

  • ကိုယ်အလေးချိန် ကျဆင်းစေနိုင်တယ်

စံပယ်ပန်း ရေနွေးကြမ်းကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကာလတွေကတည်းက ကိုယ်အလေးချိန်ကျစေဖို့အတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ စံပယ်ပန်းရေနွေးကြမ်းက ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်စေနိုင်ပါတယ်။

  • ကင်ဆာ ကာကွယ်ပေးနိုင်တယ်

သုတေသနလုပ်ဆောင်ချက်တွေအရ နေ့စဉ် စံပယ်ပန်းရေနွေးကြမ်း သောက်သုံးပေးမှုက ကင်ဆာကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ စံပယ်ပန်းရေနွေးကြမ်းက ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေနိုင်သလို အခြားနာတာရှည်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

  • ဆီးချို ထိန်းညှိပေးနိုင်ပါတယ်

ဆီးချို ကာကွယ်ချင်သူတွေအတွက်ရော ဆီးချိုရှိနေတာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိချင်နေသူတွေအတွက်ပါ အဆင်ပြေတဲ့သောက်စရာလေးတစ်ခုပါ။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ နေ့စဉ် စံပယ်ပန်း ရေနွေးကြမ်းတစ်ခွက်လောက်တော့ သောက်ပေးပါ။ စံပယ်ပန်းရေနွေးကြမ်းသောက်သုံးမှုက အမျိုးအစား -၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို နည်းစေနိုင်ပါတယ်။

စံပယ်ပန်း ရေနွေးကြမ်းရဲ့ ဆေးဖက်ဝင်ပုံက

  • စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်

စံပယ်ပန်းရဲ့ ရနံ့က စိတ်ကို ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို ပြေလျော့စေပြီး စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ များနေရင် စံပယ်ပန်းရေနွေးကြမ်းလေးသောက်ပြီး စာအုပ်ဖတ်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။

  • အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ်

နေ့စဉ် စံပယ်ပန်းလက်ဖက်ခြောက်သောက်သုံးပေးမယ်ဆိုရင် အစာအိမ် အူလမ်းကြောင်းကျန်းမာမှာပါ။ နောက်တစ်ခုကအနေနဲ့က အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါတွေကို ကာကွယ်ရာလည်းရောက်မှာပါ။ ဝမ်းမှန်စေပြီး အစာခြေအင်ဇိုင်းတွေ ပိုမိုထွက်ရှိလာအောင်လည်း လှုံ့ဆော်ပေးနိုင်မှာပါ။

  • ကိုယ်ခံအား ကောင်းစေတယ်

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ စံပယ်ပန်းရေနွေးကြမ်းက ရောဂါတော်တော်များများကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ် ကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။ ခဏခဏဖျားတတ်လို့ စိတ်ညစ်နေသူတွေ စဉ်းစားသင့်တဲ့ နည်းလမ်းကာင်းတစ်ခုပါ။ နေ့စဉ် စံပယ်ပန်းရေနွေးကြမ်း တစ်ခွက်သောက်သုံးပေးပြီး ကိုယ်ခံအားကို မြှင့်တင်လိုက်ပါ။

  • လေးဖက်နာကြောင့် အရိုးအဆစ်တွေနာတာကို သက်သာစေနိုင်တယ်

ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် လေးဖက်နာပိုးကြောင့်ဖြစ်တဲ့ အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အဆစ်အမြစ်တွေ ရောင်ရမ်းတာကို သက်သာချင်တယ်ဆိုရင် စံပယ်ပန်းရေနွေးကြမ်းကို သောက်သုံးပေးပါ။

စံပယ်ပန်း ရေနွေးကြမ်းရဲ့ ဆေးဖက်ဝင်ပုံက

  • ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တယ်

အရေပြားနဲ့ ခန္ဓာကိုယ်တွင်းကို ဘက်တီးရီးယားတွေ မဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်ပါတယ်။ မသန့်ရှင်းတဲ့ အစားအစာတွေမှာပါတဲ့ ဘက်တီးရီးယားတွေကြောင့် ဝမ်းပျက်ဝမ်းလျှောတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိ၊ ချောင်းဆိုးနဲ့ လည်ချောင်းနာတာလိုမျိုး ဘက်တီးရီးယားတွေ ကူးစက်ခံရတာကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

  • တက်ကြွလန်းဆန်းနေစေတယ်

စံပယ်ပန်းရေနွေးကြမ်းမှာ လက်ဖက်ရဲ့ ကဖင်းဓာတ်နဲ့ စံပယ်ပန်းရဲ့ ရနံ့တို့ကြောင့် စိတ်ကို ကြည်လင်လန်းဆန်းနေစေမှာ အသေအချာပါ။ အာရုံစူးစိုက်မှုကို ပိုကောင်းစေနိုင်သလို တစ်နေ့တာလုံး တက်ကြွလန်းဆန်းနေစေမှာပါ။

  • နှလုံးကျန်းမာစေနိုင်တယ်

အသက်ရှည်ရှည်နေနိုင်ဖို့ နှလုံးကျန်းမာရေးက တော်တော်လေး အရေးကြီးပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ စံပယ်ပန်းရေနွေးကြမ်းက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး လေဖြတ်တာ၊ သွေးခဲပိတ်ဆို့တာနဲ့ ရုတ်တရက် နှလုံးရပ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်တစ်ချက်က သွေးတိုးကျစေနိုင်တာပါ။

  • အသားအရေအတွက် အထောက်အကူပြုပေးတယ်

စံပယ်ပန်း ရေနွေးကြမ်းသောက်သုံးမှုက အသားအရေအတွက်လည်း အထောက်အပံ့ဖြစ်ပါတယ်။ ဝက်ခြံနဲ့ အရေပြားပေါ်က ထိခိုက်ဒဏ်ရာတွေ၊ အမာရွတ်တွေ သက်သာစေဖို့အတွက်လည်း စံပယ်ပန်းရေနွေးကြမ်းကို အသုံးပြုပေးလို့ရပါတယ်။ ဝက်ခြံတွေအတွက် စံပယ်ပန်းရေနွေးကြမ်းကို ဂွမ်းလေးနဲ့ တို့ပြီး ဝက်ခြံတွေကို စွတ်ပေးရမှာပါ။

မျက်နှာပေါ်က အရေးအကြောင်းတွေ သက်သာစေဖို့အတွက်ကတော့ စံပယ်ပန်းရေနွေးကြမ်းကို တစ်နေ့ ၂ ခွက် ကနေ ၃ ခွက်လောက်အထိသောက်ပေးပါ။ အနာတွေကိုတော့ စံပယ်ပန်းရေနွေးကြမ်း ခပ်နွေးနွေးလေးနဲ့ဆေးပေးလို့ရပါတယ်။

ဒီလောက်အသုံးတည့်တဲ့ စံပယ်ပန်းရေနွေးကြမ်းကို အခုပဲသောက်လိုက်ကြမလား Hello ဆရာဝန် ပရိသတ်ကြီးရေ……

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Wonderful Benefits Of Jasmine Teahttps://www.organicfacts.net/health-benefits/beverage/health-benefits-of-jasmine-tea.html Accessed Date 3 January 2019

Benefits Of Jasmine Tea And Its Side Effectshttps://www.lybrate.com/topic/benefits-of-jasmine-tea-and-its-side-effects Accessed Date 3 January 2019

9 Jasmine Tea Benefits for Your Healthhttps://www.cupandleaf.com/blog/jasmine-tea-benefits Accessed Date 3 January 2019

JASMINEhttps://www.webmd.com/vitamins/ai/ingredientmono-617/jasmine Accessed Date 3 January 2019

ယခုပုံစံ

19/04/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာရေးသောက်စရာ လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်း ဟာ ဆီးချိုကို ကာကွယ်ပေးနိုင်သလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/04/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ