backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vasculitis (သွေးကြောရောင်ခြင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Hello Sayarwon မှ ရေးသားသည်။ · 12/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vasculitis (သွေးကြောရောင်ခြင်း) ကဘာလဲ။

သွေးကြောတွေရောင်ရမ်းသော အခြေအနေကိုဆိုလိုပါတယ်။ သွေးကြောနံရံထူသွားခြင်း၊ လျော့ရဲသွားခြင်း၊ ကျဉ်းသွားခြင်း၊ အနာရွတ်ဖြစ်သွားခြင်း စသည့်ပြောင်းလဲမှုများကို ဖြစ်စေပါတယ်။ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေတဲ့အတွက် အဂါၤအစိတ်အပိုင်းတွေ နဲ့ တစ်ရှူးပျက်စီးမှုတွေကို

ဖြစ်စေနိုင်ပါတယ်။ ကူးစက်ရောဂါပိုး၊ ဆေးဝါး၊ အခြားရောဂါအခြားအခြေအနေတစ်ခုခုကြောင့် သွေးကြောတွေရောင်စေနိုင်ပါတယ်။ သွေးကြောရောင်ခြင်းလို့ သတ်မှတ်နိုင်တဲ့

အမျိုးအစားပေါင်း၂၀လောက်ရှိပါတယ်။ သက်ရောက်ခံရတဲ့ သွေးကြောပေါ်မူတည်ပြီး နောက်ဆက်တွဲဆိုးကျိုးများ နှင့် ရောဂါအခြေအနေပြင်းထန်မှုကွာခြားသွားပါတယ်။

Vasculitis (သွေးကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။

အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး၊ လူမျိုးမရွေးဖြစ်ပွားနိုင်ပါတယ်။

ဖြစ်စေနိုင်တဲ့အကြာင်းတွေကို ရှောင်ရှားခြင်းဖြင့် မဖြစ်အာင်ကာကွယ်နိုင်ပါတယ်။ ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

လက္ခဏာများ

Vasculitis (သွေးကြောရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သက်ရောက်ခံရတဲ့ သွေးကြောအဂါၤအစိတ်အပိုင်းနဲ့ ဆိုးရွားမှု အခြေအနေပေါ် မူတည်နေပါတယ်။ လူအချို့မှာတော့ လက္ခဏာနည်းနည်းပဲ ပြတာလည်း ရှိနေနိုင်ပါတယ်။ အချို့မှာတော့ဆိုးဆိုးရွားရွား အခြေအနေထိ ရောက်နိုင်ပါတယ်။

အတွေ့ရများတဲ့ဲ့လက္ခဏာတွေကတော့

  • အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်း
  • ခြေလက်ထုံကျဉ်ခြင်း၊ အားနည်းခြင်း
  • အရေပြားပေါ် အနီရောင်အစက်များ၊ အဖုများ၊ အနာများ ပေါ်လာခြင်း
  • အစားစားချင်စိတ် နည်းခြင်း
  • ကိုယ်အလေးချိန် ကျဆင်းခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • တစ်ကိုယ်လုံး ကိုက်ခဲနာကျင်ခြင်း
  • ညဘက်ချွေးထွက်ခြင်း
  • အဖုအပိမ့်များထွက်ခြင်း

အထက်မှာဖော်ပြခဲ့တဲ့အထဲမှာမပါတဲ့ အခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ သင့်မှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေလားဆိုပြီး စိုးရိမ်နေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတစ်ခုခုရှိခဲ့မယ်ဆိုရင် သွားပြသင့်ပါတယ်။ သွေးကြောရောင်ခြင်းအမျိုးအစားပေါ်မူတည်ပြီး ခန္ဓါကိုယ်ကတုန့်ပြန်ပုံချင်းတွေ မတူညီနိုင်ပါဘူး။ အချို့အမျိုးအစားတွေက အချိန်နှင့်အမျှ ပိုဆိုးလာနိုင်တဲ့အတွက် စောစောရောဂါသိခြင်းက ကုသမှုထိရောက်ဖို့ အတွက် အရေးကြီးပါတယ်။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Vasculitis (သွေးကြောရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သွေးကြောရောင်ခြင်း အများစုကတော့ ဘာကြောင့်ဖြစ်လဲဆိုတာကို အတပ်မပြောနိုင်သေးပါဘူး။ ကူးစက်ပိုးတွေ၊ အဆိပ်တွေကတော့ တိုက်ရိုက် သက်ရောက်မှုမရှိပါဘူး။ ကူးစက်ပိုးတွေကြာင့်ဖြစ်တဲ့ သွေးကြောရောင်ခြင်းမှာတော့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေ ၊ မှိုတွေဟာ သွေးကြာနံရံကို ကျူးကျော်ဝင်ရောက်လို့ ဖြစ်ပါတယ်။ ဆေးတွေ အဆိပ်တွေနဲ့ ဓါတ်မတည့်လို့ဖြစ်တဲ့ သွေးကြောရောင်ခြင်းမျိုးတွေလည်း ရှိပါတယ်။

သွေးကြောရောင်ခြင်းမှာတွေ့ရတဲ့ တစ်ရှူးထိခိုက်မှုတွေဖြစ်ရခြင်းမှာ ကိုယ်ခံအားစနစ်က အဓိကပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်က သွေးကြောမှာရှိတဲ့ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်ခြင်းကြောင့် သွေးကြောရောင်ရမ်းခြင်း သွေးထွက်ခြင်းတွေဖြစ်စေပါတယ်။ ကိုယ်ခံအားစနစ် မှားယွင်းတိုက်ခိုက်မှူတွေ ဖြစ်စေတဲ့ အကြောင်းတွေကတော့

  • အသည်းရောင်အသားဝါပိုး ဘီပိုး၊ စီပိုး ကဲ့သို့သော ကူးစက်ပိုးများ
  • သွေးကင်ဆာ
  • သွေးလေးဖက်နာ အဆစ်ရောင်ရောဂါ၊ အရေပြားလေးဖက်နာ ရောဂါ ကဲ့သို့သော ခန္ဓါကိုယ်မှဆဲလ်အကောင်းများကို မှားယွင်းပြန်လည်တိုက်ခိုက်သော ကိုယ်ခံအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်သော ရောဂါများ
  • အချို့ဆေးတွေအပေါ်တုန့်ပြန်မှုများ ပဲဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

Vasculitis (သွေးကြောရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ။

ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စထရောမမျှတခြင်း စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vasculitis (သွေးကြောရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးအဖြေ၊ ဆီးအဖြေ၊ သွေးကြောဓါတ်မှန်ရိုက်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်းအသားစယူစစ်ဆးခြင်း၊ ပုံဖော်ခြင်းစစ်ဆေးခြင်း စတာတွေကို စတဲ့ နည်းလမ်းတွေကို ပေါင်းစပ်အသုံးပြုရမှာဖြစ်ပါတယ်။

C-reactive protein၊ erythrocyte sedimentation rate ၊ interleukin-6 ကဲ့သို့ ရောင်ရမ်းခြင်း ယေဘူယျ သင်္ကေတတွေဟာ ရောဂါတိုင်းမှာ သွေးအတွင်း မြင့်တက်နေနိုင်ပါတယ်။ သို့ဖြစ်၍ သွေးကြာရောင်ခြင်းကို သီးသန့်ညွှန်ပြနိုင်တဲ့ စစ်ဆေးမှုမျိုးကို ရွေးချယ်ဖို့လိုအပ်ပါတယ်။

သွေးကြောရောင်ခြင်းအမျိုးအစားခွဲနိုင်ဖို့ တိကျသေချာတဲ့နည်းကို အသုံးပြုရပါတယ်။ သွေးကြောရောင်နိုင်တယ်လို့ သံသယရှိသူတိုင်းကို ရောဂါနဲ့သက်ဆိုင်တဲ့ ခန္ဓါကိုယ်တွင်းပဋိပစ္စည်းကိုရှာနိုင်ဖို့ စမ်းသပ်မှုတွေလည်း လုပ်ရမှာဖြစ်ပါတယ်။ သွေးကြောပါဝင်မှုနဲ့ နောက်ဆက်တွဲပြဿနာတွေကို သိနိုင်ဖို့ အာထရာဆောင်း၊ ကွန်ပျူတာဓါတ်မှန် (CT)၊ သွေးကြောပုံရိပ်ဖော် သံလိုက်ဓါတ်မှန် (MRA) စတာတွေကို သုံးပြီးတော့လည်း ခန္ဓါကိုယ်တစ်ခုလုံးကိုလည်း စစ်ဆေးရမှာဖြစ်ပါတယ်။ ရောဂါရှာအတည်ပြုခြင်း၊ ကုသမှုအစီစဉ်၊ ရေရှည်စစ်ဆေးမှုတွေလုပ်နိုင်ဖို့ သွေးအထူးကုဆရာဝန်၊ အရိုးအကြောအထူးကုဆရာဝန်များနှင့် ပြသသင့်ပါတယ်။

Vasculitis (သွေးကြောရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အများစုမှာတော့ ရောင်ရမ်းတာကိုထိန်းချုပ်နိုင်ဖို့ အကြောင်းရင်းကို ဖြေရှင်းနိုင်ဖို့နဲ့ နောက်ထပ်ပြန်မဖြစ်အောင် ထိန်းချုပ်နိုင်တဲ့ ကုသမှုတွေပေးတတ်ပါတယ်။ ဆိုးရွားနေမယ်ဆိုရင် ဆရာဝန်ညွှန်တဲ့ဆေးတွေ သောက်နိုင်ပါတယ်။ ခွဲစိတ်ကုသခြင်းကိုတော့ သိပ်ပြီးတွေ့ရလေ့မရှိပါဘူး။ အခြေအနေသိပ်မဆိုးဘူးဆိုရင် ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ ရနိုင်တဲ့ acetaminophen ၊ aspirin ၊ ibuprofen naproxen ကဲ့သို့သော အရောင်ကျ အကိုက်အခဲပျောက်ဆေးတွေကိုသုံးပြီး သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်နိုင်တဲ့ သွေးကြောငယ်တွေပိတ်တဲ့ ရောဂါ Buerger’s disease လိုမျိုးဆိုရင်တော့ ဆေးလိပ်ဖြတ်ရုံနဲ့ သက်သာနိုင်ပါတယ်။ ဆရာဝန်တွေ အမျုားဆုံးညွှန်တတ်တာကတော့ စတီးရွိုက်ဆေး၊ ခုခံအားကိုဖိနှိပ်ပေးတဲ့ဆေးတွေဖြစ်ပါတယ်။ သွေးအဖြေကိုကြည့်ပြီးတော့ သင့်အခြေအနေ တိုးတက်လာမလာ သိနိုင်ပါတယ။် သင့်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ကုသမှုပေးဖို့ လိုအပ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့်အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးတွေက သွေးကြောရောင်ခြင်းကိုကုသရာမှာ ဘယ်လိုအထောက်အကူပေးသလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံနဲ့အိမ်သုံးကုထုံးတွေက သွေးကြောရောင်ခြင်းကို ကုသရာမှာ နဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတဲ့နေရာတွေမှာ အကူအညီပေးပါတယ်။

• အာဟာရမျှတအောင်စားခြင်း (အရိုးပါးခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ ဆီးချိုတက်ခြင်းစတဲ့ ဆေးတွေရဲ့နောက်ဆက်တွဲတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လတ်ဆတ်တဲ့အသီအနှံ ဟင်းသီးဟင်းရွက်တွေ၊ ကောက်ပဲသီးနှံ၊ အဆီထုတ်ထားတဲ့ နိထွက်ပစ္စည်းနဲ့ အဆီမပါတဲ့အသား၊ငါးတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ စတီးရွိုက်ဆေးတွေသောက်နေရတယ်ဆိုရင် ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ဖြည့်စွက်ဆေးတွေ သောက်ဖို့ လိုမလို သင့်ရဲ့ဆရာဝန်ကို မေးကြည့်သင့်ပါတယ်။)

• ကာကွယ်ဆေးပုံမှန်ထိုးခြင်း (တုပ်ကွေးနဲ့အဆုတ်ရောင်ရောဂါတွေအတွက် ကာကွယ်ဆေးပုံမှန်ထိုးခြင်းက သင့်ကို ကူးစက်ပိုးတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။)

• လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း (လမ်းလျှောက်ခြင်းကဲ့သို့ ပုံမှန်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက အရိုးပါးခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ ဆီးချိုတက်ခြင်းစတဲ့ သွေးကြောင်ရောင်ခြင်းရဲ့ နောက်ဆက်တွဲတွေကို သက်သာစေနိုင်ပါတယ်။ အဆုတ်နဲ့ နှလုံးအတွက်လည်း အကျိုးရှိတဲ့အပြင် အကောင်းမြင်စိတ်ကိုလည်း တိုးစေနိုင်ပါတယ်။

• စိတ်ဓါတ်ခွန်အား (သင့်နဲ့ ဝေဒနာတူလူတွေနဲ့ စကားပြောခြင်းက သင့်ကိုအကူအညီပေးနိုင်တယ်လို့ ထင်ရင် ကျန်းမာရေးစောင့်ရှောက်မှု အသင်းတွေနဲ့

ဆက်သွယ်သင့်ပါတယ်။ သင့်မိသားစုသူငယ်ချင်းတွေနဲ့ မျှဝေခံစားခြင်းကလည်း သင့်ကိုအလွယ်တကူ ကျော်လွှားနိုင်စေပါလိမ့်မယ်)

သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တာက အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Hello Sayarwon မှ ရေးသားသည်။ · 12/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement