မင်္ဂလာပါ
မင်္ဂလာပါ
Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ သွေးပေါင်ကျခြင်း အကြောင်းပါ။ ဆေးရုံကို သွေးပေါင်ကျလူနာတွေ မကြာမဏ ရောက်ရှိလာတတ်ပါတယ်။
အရွယ်ရောက်ပြီးသား သာမန်လူတစ်ယောက်ရဲ့ သွေးပေါင်ချိန်ဟာ ယေဘုယျအားဖြင့် အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ပါ ။ အပေါ်သွေး ၉၀၊ အောက်သွေး ၆၀ ထက် နည်းရင် သွေးပေါင်ကျတယ်လို့ ဆိုနိုင်ပါတယ် ။ ကျန်းမာနေတဲ့ လူတွေ့အဖို့ သွေးပေါင်ကျခြင်းက စိုးရိမ်စရာ မလိုပါဘူး ။ ဒါပေမဲ့ နဂိုရောဂါ အခံရှိတဲ့လူတွေနဲ့ အသက်ကြီးတဲ့ လူတွေမှာတော့ သွေးပေါင်ကျခြင်းကြောင့် နှလုံးနဲ့ ဦးနှောက်ကိုစီးတဲ့ သွေးတွေ နည်းသွားစေနိုင်ပါတယ်။။ အမြဲ သွေးပေါင်ကျနေတတ်ပြီး ဘာရောဂါလက္ခဏာမှ မပြတဲ့လူတွေအတွက်လည်း ထူးထူးခြားခြား စိုးရိမ်စရာမရှိပါဘူး ။
ဦးနှောက်ကို သွေးပို့တာ နည်းသွားတဲ့အတွက် မူးမိုက်တာတွေ ဖြစ်နိုင်ပါတယ် ။ နှလုံးနဲ့ သွေးကြော ရောဂါသည်တွေ ၊ အာရုံကြောအားနည်းတတ်သူတွေမှာတော့ ရုတ်တရက် ထိုင်ထလုပ်ခြင်းကြောင့် သွေးပေါင်ရုတ်ချည်း ကျသွားတတ်ပါတယ် ။ သွေးပေါင်ကျနိုင်ချေဟာ အသက်အရွယ်ကြီးခြင်း နဲ့အတူ အရွယ်ရခြင်းကြောင့် နှလုံးနဲ့ဦးနှောက်ကို သွေးပို့နည်းသွားတာတွေနဲ့ သက်ဆိုင်တတ်ပါတယ် ။
သွေးပေါင်ကျခြင်းအကြောင်းရင်းတွေကတော့ ကိုယ်ဝန်ရှိခြင်း ၊နှလုံးရောဂါ၊ နှလုံးစည်းချက်မမှန်ခြင်း ၊ နှလုံးပျက်ခြင်း ၊အချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ ၊ အရက်စွဲခြင်း ၊ လေဖြန်းခြင်းနှင့် လေဖြတ်ခြင်း ၊ အသည်းရောဂါများ ၊ ဦးနှောက်နှင့် အာရုံကြောရောဂါတွေ ကြောင့် ဖြစ်တတ်ပါတယ် ။
ခန္ဓာကိုယ်တွင်း အရည်တွေ ဆုံးရှုံးခြင်းကြောင့် ရုတ်တရက်သွေးပေါင်ကျစေပါတယ် ။ သွေးထွက်လွန်ခြင်း ၊ ကိုယ်တွင်း အပူချိန် ကျလွန်းခြင်း သို့မဟုတ် ပူလွန်ခြင်း ၊ အန်ခြင်း ၊ ဝမ်းသွားခြင်းနှင့် ချွေးထွက်ခြင်းတို့ကြောင့် ကိုယ်တွင်းအရည်များ ဆုံးရှုံးခြင်း ၊ သွေးတွင်း ပိုးဝင်ခြင်းတွေနဲ့ ဓါတ်မတည့်ခြင်းတွေကြောင့် ရုတ်တရက် သွေးပေါင်ကျတတ်ပါတယ် ။
လက္ခဏာတွေအနေနဲ့
သွေးပေါင်ကျပြီး အပေါ်မှာ ပြောထားတဲ့ လက္ခဏာတွေ မကြာခဏကြုံတွေ့နေရသူများအနေနဲ့
ဒါတွေကတော့ သွေးပေါင်ကျခြင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကို ဆွေးနွေးတင်ပြတာ ဖြစ်ပါတယ် ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ရေးသားသူ – Dr.Aung Kyaw Myint
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။