brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ)

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ) ဆိုတာ ဘာလဲ။

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ)

အဆို့ရှင်များ အဖွင့်အပိတ်လုပ်ဆောင်မှု မမှန်တဲ့အခါ သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ နှလုံးအဆို့ရှင်ရောဂါမှာ သူနဲ့ ပတ်သတ်တဲ့ အရာအားလုံး(ဥပမာ- လည်ပင်းသွေးလွှတ်ကြောမကြီးကျဉ်းခြင်း) ပါဝင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ ဆက်စပ်နေတဲ့ သွေးတိုးရောဂါ၊ နှလုံးပျက်စီးခြင်း တို့ကိုလည်း ဖြစ်စေနိင်ပါတယ်။

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ)က ဘယ်လောက်အဖြစ်များသလဲ

နှလုံးအဆို့ရှင်ရောဂါဟာ မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ပိုအဖြစ်များတာတွေ့ရပါတယ်။

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ)ရဲ့လက္ခဏာတွေကဘာတွေလဲ

နှလုံးအဆို့ရှင်ရောဂါကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါလက္ခဏာများစွာရှိပါတယ်။ အတွေ့ရများသော လက္ခဏာများမှာ…

• အသက်ရှူရခက်ခြင်း

ရင်တုန်ခြင်း

• နွမ်းနယ်ခြင်း

ရင်ဘက်အောင့်ခြင်း သို့ မအီမသာဖြစ်ခြင်း

• မူးဝေခြင်း သို့ အားနည်းခြင်း

• မိုက်ခနဲမူးခြင်း

• ခေါင်းကိုက်ခြင်း

• ချောင်းဆိုးခြင်း

• အဆုတ်အတွင်း အရည်များဖြင့် ပြည့်နေခြင်းကြောင့် လှဲအိပ်ရင် မောလာခြင်း

• ခြေကျင်းဝတ်၊ ခြေဖမိုး သို့ ဝမ်းဗိုက် ဖောရောင်ခြင်း

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ)ကိုဘာတွေကဖြစ်စေသလဲ

တချို့သော နှလုံးအဆို့ရှင်ရောဂါများဟာ မွေးရာပါဖြစ်ပါတယ်။ သို့သော် တစ်ခါတရံတွင် ကျန်းမာရေးပြသနာများကြောင့်လည်း ရောဂါဖြစ်ပွားတတ်ပါတယ်။ နှလုံးအဆို့ရှင်ရောဂါ ဖြစ်ပွားစေသော အခြေအနေတချို့မှာ…

နှလုံးကြွက်သားများ ရောင်ရမ်းသည့်ရောဂါ

လေးဖက် နာရောဂါ( Streptococcus ဘက်တီးရီးယားကြောင့်ဖြစ်သော အဆစ်ရောင်ရောဂါ)

• နှလုံးသွေးကြောကျယ်ခြင်း

• သွေးလွှတ်ကြောများမာကြောခြင်း

• Mitral valve ရှိ တွယ်ဆက်ကြွက်သားများရောင်ခြင်း

• နှလုံးကြီးသည့်ရောဂါ

• ကာလသားရောဂါ

• တွယ်ဆက်ကြွက်သားများ ရောင်ရမ်းသည့်ရောဂါ

• အကျိတ်များ

• တချို့သောဆေးများနဲ့ ဓာတ်ရောင်ခြည်များ စသည်တို့ပဲဖြစ်ပါတယ်။

Heart Valve Disease (နှလုံး အဆို့ရှင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ သင့်နှလုံးခုန်သံကို နားကြပ်ဖြင့်နားထောင်ခြင်းဖြင့် သင့်နှလုံးခုန်သံမမှန်ခြင်းနဲ့ ပက်သတ်ပြီး နှလုံးအဆို့ရှင်ရောဂါ ကို ရှာဖွေနိုင်ပါတယ်။

ထို့အပြင် ရောဂါရှာဖွေသောစက်များ၊ သွေးစစ်ဆေးခြင်းများဖြင့်လည်း နှလုံးအဆို့ရှင်ကိုစစ်ဆေးပြီး သင့်တော်သော ကုသမှုခံယူနိုင်ပါတယ်။

ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း

သင်၏နှလုံး အရွယ်အစား၊ ပုံစံအနေအထားတို့ကို သိနိုင်ပါတယ်။ နှလုံးအဆို့ရှင်ရောဂါဟာ တစ်ခါတရံ နှလုံးကြီးစေနိုင်ပါတယ်။

• Echocardiography 

အသံလှိုင်းကို အသုံးပြု၍ နှလုံးနှင့် သွေးကြောများ၏ ပုံစံကို ရိုက်ယူနိုင်ပါတယ်။

• နှလုံးသွေးကြောထဲသို့ ပြွန်ထည့်၍ သွေးစီးဆင်းမှုပုံမှန် မမှန် နှင့် နှလုံးအဆို့ရှင် ပြသနာရှိ မရှိလေ့လာခြင်း

Heart Valve Disease (နှလုံး အဆို့ရှင်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်က သင့်ရောဂါအခြေအနေပေါ်မူတည်၍ သင့်တော်သော ကုသမှုကိုလမ်းညွှန်နိုင်ပါတယ်။ သင်ဟာ တိကျသော ကျန်းမာရေးစောင့်ရှောက်မှုကိုခံယူသင့်ပါတယ်။ ဆေးလိပ်သောက်တတ်သူဖြစ်ပါက ဆေးလိပ်ဖြတ်ရပါမယ်။

ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်များ စားရပါမယ်။ ဆရာဝန်ညွှန်ကြားထားသော ဆေးများကို တိကျစွာသောက်ရမယ်။ နှလုံးခုန်နှုန်းနှင့် သွေးပုံမှန်စီးရန်အတွက် beta-blocker ၊ Ca channel blocker.တို့အပြင် သွေးကြောကို ပွင့်စေရန်နဲ့ ကျယ်စေရန်အတွက် သွေးကြောကျယ်ဆေး၊ ဆီးဆေးများလည်းပေးနိုင်ပါတယ်။

ပြင်းထန်သောအခြေအနေများတွင် ခွဲစိတ်ကုသမှုခံယူရန်လိုအပ်ပါလိမ့်မယ်။ ခွဲစိတ်ကုသမှုများတွင် ကိုယ်ပိုင်ကြွက်သားဖြင့် အဆို့ရှင်ပြင်ဆင်ခြင်း၊ နှလုံးအဆို့ရှင် အတု (သို့) စက်ဖြင့် အစားထိုးခြင်းတို့ပါဝင်ပါတယ်။

Takeaways

နှလုံးအဆို့ရှင်က လေးခုရှိပြီး လေးခုလုံးမှာ ရောဂါဖြစ်တတ်ပါတယ်။ ဆေးနဲ့ ထိန်းလို့ ရသလို ခွဲစိတ်ပြီး ကုသရတာမျိုးလည်း ရှိပါတယ်။ လက္ခဏာတွေကို သိထားပြီး ကိုယ့်ကိုယ်ကို သံသယရှိတာနဲ့ ဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုပါတယ်။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။