backup og meta

မျှဝေပါ။

နှလုံးဖောက်မှုအတွက် အခြားရွေးချယ်စရာ သဘာဝကုထုံးများ

နှလုံးဖောက်မှုအတွက် အခြားရွေးချယ်စရာ သဘာဝကုထုံးများ

နှလုံးဖောက်ပြန်မှုလက္ခဏာများ ရှိနေရင်တော့ သဘာဝကုထုံးဟာ မသင့်တော်ပါဘူး။ လက္ခဏာတွေ ရှိနေချိန်မှာတော့ ဆေးကုသမှုကို ချက်ချင်းခံယူဖို့လိုအပ်ပါတယ်။

နှလုံးဖောက်တာဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လက္ခဏာဖြစ်ပြီး စနစ်တကျလေ့ကျင့်ထားတဲ့ ဆေးပညာတတ်ကျွမ်းသူတွေက ချက်ချင်းကုသပေးဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် သဘာဝကုထုံးများနဲ့ နေထိုင်ပုံပြောင်းလဲခြင်းတွေဟာ သင့်ရဲ့နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး နှလုံးထိခိုက်မှု အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ သဘာဝကုထုံးတွေ မလုပ်ခင် ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။ အရေးကြီးတာက သင်သုံးစွဲနေတဲ့ ဆေးဝါးတွေကို အနှောက်အယှက်မပေးဖို့ လိုပါတယ်။ နှလုံးကျန်းမာရေးကို ထိန်းသိမ်းဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ နေထိုင်မှုပုံစံဟာ မရှိမဖြစ်လိုတယ်ဆိုတာ သတိရပါ။

အောက်ပါကုထုံးများဟာ နှလုံးထိခိုက်မှုဖြစ်ရင်၊ ထိခိုက်တယ်လို့ သံသယရှိရင် သုံးရမယ့်နည်းလမ်းတွေ မဟုတ်ပါဘူး။ နှလုံးထိခိုက်မှု အန္တရာယ်ကို လျှော့ချပေးဖို့ ဒါမှမဟုတ် နှလုံးထိခိုက်ပြီးချိန် ဆေးကုသမှုခံယူနေစဉ်မှာ စိတ်ပိုင်းဆိုင်ရာ ခြုံငုံပြီး ကိုသဖို့ အစီအစဉ်ပဲ ဖြစ်ပါတယ်။

တရားထိုင်ခြင်း

လေ့လာတွေ့ရှိချက်တွေအရ နေ့စဉ်တရားထိုင်တာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး သွေးပေါင်ချိန်မှန်စေပါတယ်။ စိတ်ဖိအားနဲ့ သွေးတိုးခြင်းဟာ နှလုံးသွေးကြောရောဂါနဲ့

နှလုံးဖောက်ပြန်ခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။ တရားထိုင်ပုံထိုင်နည်းတွေ အများကြီးရှိပါတယ်။

– နည်းပြသူဖြင့် တရားထိုင်ခြင်း

– မန္တာန်ရွတ်၍ တရားထိုင်ခြင်း

– အသိစိတ်ကပ်၍ တရားထိုင်ခြင်း

– ချိကုန်းပြုလုပ်ခြင်း

– ထိုက်ချိကစားခြင်း

– ယောဂကျင့်ခြင်း

ဘယ်နည်းမဆို အကျိုးရှိစေပါတယ်။ တနည်းနည်းကို အတိအကျ မဖြစ်မနေ လုပ်စရာတော့ မလိုပါဘူး။ သက်တောင့်သက်သာထိုင်ပြီး မျက်လုံးပိတ်လို့ စကားလုံးတခုခုကို မိနစ် ၂၀ဆယ်ခန့် ရွတ်ဆိုနေလို့လည်း ရပါတယ်။ အဓိကကတော့ သင့်စိတ်ကို ငြိမ်သက်ပြီး စိတ်နဲ့ ခန္ဓါကိုယ်ဟာ အသိကပ်နေပြီး တင်းကျပ်မှုတွေ လျော့ပါးစေဖို့ပါပဲ။

ဓါတ်စာကုထုံး

ကျန်းမာရေးအထောက်အကူပြု ဓါတ်စာများဟာ နှလုံးကျန်းမာရေးအတွက် အလွန်အရေးပါပြီး နှလုံးသွေးကြောရောဂါနဲ့ နှလုံးထိခိုက်မှုကို ကာကွယ်နိုင်ပါတယ်။ အချို့အစားအစာနဲ့ သစ်ရွသစ်ဥတွေဟာ

နှလုံးကျန်းမာရေးအတွက် အရေးပါပုံကို သုတေသနပြုထားတာတွေ ရှိပါတယ်။ ယေဘုယျအားဖြင့် အသီးအနှံ၊ အသီးအရွက်၊ အစေ့အဆန်နဲ့ ဖြည့်စွက်ဓါတ်စာတွေဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေဟာ ဆီနဲ့ သကြားများတာမို့ ရှောင်ကြဉ်ပေးရပါမယ်။

Omega-3 fatty acid ကို အနည်းဆုံး တပတ်မှာ ၂ကြိမ်သောက်ဖို့ လိုပါတယ်။ ဒီဆေးဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဆယ်မွန်ငါး၊ ပင်လယ်ငါးသလောက်၊ ငါးသေတ္တာ၊ ငါးကွန်းရှပ် စတဲ့ငါးတွေကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ၉၀ ရာခိုင်နှုန်းခန့်သော အမေရိကန်တွေရဲ့ စားစရာတွေမှာ omega-3 fatty acid အလုံအလောက် ပါဝင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

Omega-3 fatty acid ကို သင့်ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပဲ သောက်သင့်ပါတယ်။ များများသောက်ရင် သွေးယိုနိုင်ပါတယ်။ သင့်မှာ သွေးယိုစိမ့်တတ်တဲ့ ရောဂါရှိရင်၊ အလွယ်တကူ သွေးခြေဥတတ်ရင်၊ သွေးကျဲဆေးတွေ သောက်နေရတယ်ဆိုရင် အဲဒီဆေးကို သတိထားပြီး သုံးစွဲဖို့ပါပဲ။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း

ကိုယ်လက်လေ့ကျင့်ခန်းဟာ နှလုံးကျန်းမာရေးအတွက် ကောင်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးပေါင်ချိန်ကို ကျစေပါတယ်။ ကိုလက်စထရောကို လျော့ကျစေပြီး ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်စရာတော့ မလိုပါဘူး။ တပတ်မှာ ၅ရက် မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးရင် သိသာလာနိုင်ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်မလုပ်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ နှလုံးထိခိုက်တာဖြစ်ဖူးရင် သင့်နှလုံးဟာ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်ပြေရဲ့လားဆိုတာ သေချာသိဖို့လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Lifestyle changes for heart attack prevention. (2014, September 30).

http://www.heart.org/HEARTORG/Conditions/HeartAttack/PreventionTreatmentofHeartAttack/Lifestyle-Changes_UCM_303934_Article.jsp

Phytosterols lower cholesterol in a dose-dependent manner. (n.d.).
http://nutrition.ucdavis.edu/content/infosheets/bite-phytosterols.pdf

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Dr. Kaung Thar မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement