backup og meta

မြေထဲပင်လယ်ဒေသစာများ စားခြင်းသည် နှလုံးရောဂါဖြစ်ပွားမည့်အန္တရာယ်ကို လျော့ကျစေသည်

မြေထဲပင်လယ်ဒေသစာများ စားခြင်းသည် နှလုံးရောဂါဖြစ်ပွားမည့်အန္တရာယ်ကို လျော့ကျစေသည်

နှလုံးရောဂါကို ကာကွယ်ရန်အတွက် လေ့ကျင့်ခန်းလုပ်နိုင်သည်။ ကျန်းမာစေသောဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းနိုင်သည်။ သင့်လျော်သောအစားအစာများစားနိုင်သည်။ အထူးသဖြင့် မြေထဲပင်လယ်ဒေသစာများသည် ကျွမ်းကျင်သူများ အထူးတိုက်တွန်းသော အဓိကအရာဖြစ်သည်။

မြေထဲပင်လယ်ဒေသအစားအစာများသည် ၁၉၆၀ခုနှစ်များမှ အီတလီ၊ ဂရိစသောနိုင်ငံများ၏ ရိုးရာအစားအသောက်အငွေ့အသက်များ လွှမ်းမိုးနေသည်။ သံလွင်ဆီ၊ ဝိုင်နီစသောထူးခြားသောဟင်းခတ်များကို သုံးထားပြီး လူတိုင်းစားနေကျအစားအသောက်များသာဖြစ်သည်။၎င်းတွင်သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ငါးများ၊ အနှံများ၊ အခွံမာသီးများ (အဓိကအားဖြင့်သစ်ကြားသီးအစေ့) များ ပါဝင်ပြီး အသားနှင့် နို့ထွက်ပစ္စည်းများနည်း၍ ဆားလည်းလျှော့ထားသောကြောင့် ကျန်းမာစေသည်။ လွန်ခဲ့သည့်၁၀နှစ်ကျော်က ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခု၏ ရလဒ်များက မြေထဲပင်လယ်ဒေသအစားအစာများကို အမြဲစွဲ၍စားသုံးသူများသည် အခြားသူများနှင့်ယှဉ်လျှင် နှလုံးရောဂါဖြစ်နိုင်ချေ ၄၇ရာခိုင်နှုန်းလျော့ကျသည်ဟု ဖော်ပြထားသည်။

မြေထဲပင်လယ်ဒေသစာများတွင် အစားအစာများသည် သွေးဆဲလ်များ၏ တီလိုမီးယား (telomere) များကို ပို၍ဖန်တီးပေးနိုင်သည်။ ရှည်လျားသော တီလိုမီးယားများသည် အစားအစာနှင့် နှလုံးသွေးကြောရောဂါများ၏ အန္တရယ်တို့ကြားဆက်စပ်မှုကို ရှင်းပြနိုင်သည်။ ယခင်ကလေ့လာမှုများတွင်လည်း မကျန်းမာသော နေထိုင်မှုပုံစံနှင့်နေကြသော လူများ၏ တီလိုမီးယားများသည် တိုသည်ဟုဖေြာ်ပထားသည်။ သုတေသနပညာရှင်များက မြေထဲပင်လယ်ဒေသစာများသည် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ရောင်ရမ်းမှုကိုဆန့်ကျင်သည့် ဒြပ်ပေါင်းများပါဝင်သောကြောင့် တီလိုမီးယားများတိုခြင်းကို လျော့စေပြီး ပြန်လည်နုပျိုစေ၍ အသက်ရှည်စေကာ နှလုံးရောဂါဖြစ်မည့်အန္တရယ်ကိုလည်း လျော့ကျစေပါသည်။

မြေထဲပင်လဲဒေသစာများတွင်အောက်ပါအစားအစာများပါဝင်သည်။

ကုလားပဲ

ကုလားပဲသည် ကျန်းမာရေးအတွက် ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အမျှင်ဓါတ်များစွာပါဝင်သောကြောင့် ဆီးချိုရောဂါကိုထိန်းနိုင်ပြီး နှလုံးရောဂါကို ထိရောက်စွာ ကာကွယ်နိုင်သည်။

ခရမ်းသီး

မြေထဲပင်လယ်ဒေသစာ၏ အခြားအရေးပါသော ပါဝင်ပစ္စည်းတစ်ခုမှာ ခရမ်းသီးဖြစ်ပါသည်။ အစဉ်အလာအရ သူတို့သည် အသားများများသုံးလေ့မရှိပါ။

သံလွင်ဆီ

သံလွင်ဆီသည် မပြည့်ဝဆီ (monounsaturated fat) များ ကြွယ်ဝ၍ နှလုံးရောဂါကို ကာကွယ်နိုင်ပြီး ကင်ဆာရောဂါကို တိုက်ခိုက်နိုင်သည့်အကျိုးကျေးဇူးများရှိသည်။

ငရုတ်ပွသီး

ငရုတ်ပွသီးသည် မြေထဲပင်လယ်ဒေသစာတွင် ပါဝင်လေ့ရှိသည်။ ၎င်းတို့သည် ဗီတာမင်များစွာ ပါဝင်သောကြောင့် သင်၏ ကျန်းမာရေးအတွက်ကောင်းသည်။

ခရမ်းချဉ်သီး

ဤပါဝင်ပစ္စည်းများအပြင် ခရမ်းချဉ်သီးသည်လည်း မြေထဲပင်လယ်ဒေသများတွင် ပြင်ဆင်ထည့် သွင်းလေ့ရှိသော အစားအစာတစ်မျိုးဖြစ်သည်။ ခရမ်းချဉ်သီးသည် အချို့သောကင်ဆာရောဂါများကို ကာကွယ်နိုင်သည်။

လေ့လာမှုများအရ မြေထဲပင်လယ်ဒေသစာများသည် နှလုံးရောဂါဖြစ်မည့် အန္တရယ်ကိုလျော့ကျစေသည့်အပြင် ကိုယ်အလေးချိန်ကျဆင်းစေခြင်း၊ ဆီးချိုရောဂါဖြစ်နိုင်ချေလျော့ကျစေခြင်း၊ သွေးပေါင်ချိန်ထိန်းပေးခြင်း၊ သွေးတွင်းအဆီဓါတ် ကိုလက်စထရော ကျစေခြင်းစသည့် ကောင်းကျိုးများလည်း ပေးစွမ်းနိုင်သည်။ စင်စစ်အားဖြင့် မြေထဲပင်လယ်ဒေသစာများသည် လေ့ကျင့်ခန်းလုပ်ခြင်းထက်ပင် ကျွန်ုပ်တို့၏ ခန္ဓါကိုယ်ကို နှလုံးရောဂါများမှ ကာကွယ်ပေးနိုင်သည်။ သင်၏ စားနေကျအစားအစာတစ်ခုကို လုံးဝပြောင်းလဲပစ်ဖို့ မလိုအပ်ပါ။ မြေထဲပင်လယ်ဒေသ၏ နေ့စဉ်အစားအစာတွင် အဓိကပါဝင်ပစ္စည်းဖြစ်သော သံလွင်ဆီနှင့် အခွံမာသီးများကိုသာ ထပ်မံပေါင်းထည့်၍ စားလိုက်ပါ။ သင်၏ လေဖြတ်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ချေအန္တရာယ်သည် သိသာစွာလျော့ကျသွားပေလိမ့်မည်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Eating a Mediterranean diet ‘could help lower risk of heart disease’ in Britons, http://www.independent.co.uk/life-style/health-and-families/health-news/mediterranean-diet-heart-disease-could-help-lower-risk-britons-a7335841.html, Accessed October 5th, 2016.

Mediterranean diet could lower the risk of cardiovascular disease in the UK, http://medicalxpress.com/news/2016-09-mediterranean-diet-cardiovascular-disease-uk.html, Accessed October 5th, 2016.

ယခုပုံစံ

12/05/2020

Dr. Sandar Lin မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ