backup og meta

Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများအကြောင်းရင်းများဖြစ်နိုင်ခြေများရောဂါအဖြေရှာခြင်းနှင့် ကုသမှုနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

အဓိပ္ပါယ်ဖွင့်ဆိုချက်

Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) ကဘာလဲ။

နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်းဆိုတာ နှလုံးမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပေါ်ခြင်းဖြစ်ပြီး နှလုံးအပေါ်ခန်းနဲ့ အခန်း၂ခုခြားထားတဲ့ ကြွက်သားအလွှာထဲမှာ အများဆုံး တွေ့ရပါတယ်။ ဒီအမျိုးအစားဟာ တွေ့ရအများဆုံးဖြစ်တဲ့ နှလုံးရဲ့ ပင်မအကျိတ်မျိုးဖြစ်ပါတယ်။ တိကျမှုမရှိတဲ့ လက္ခဏာတွေကြောင့် စောစီးစွာသိရှိရဖို့ ခက်ခဲပါတယ်။ ဘယ်ဘက် နှလုံးအပေါ်ခန်းအကျိတ်ဟာ နားကြပ်နဲ့ နားထောင်ချိန်မှာ ကြားရတဲ့အခါ မရှိသလို မကြားရတာလည်း ရှိပါတယ်။ ဒီအခြေအနေကို ပုံရိပ်ဖော်စစ်ဆေးနိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပြီး ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။

Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ရင်ခွဲစစ်ဆေးမှုပေါင်း ၂၂ခုအရ မူလနှလုံးအကျိတ်ဟာ ဝ.၀၂% (ရင်ခွဲစစ်ဆေးမှုပေါင်း တသန်းမှာ ၂၀၀) ရှိပါတယ်။ မူလအကျိတ်ရဲ့ ၇၅%ဟာ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပါတယ်။ ကင်ဆာမဟုတ်တဲ့အကျိတ် ၅၀%ဟာ နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ပြီး ရင်ခွဲစစ်ဆေးမှုပေါင်း တသန်းမှာ ၇၅ ခု ဖြစ်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တချို့လက္ခဏာတွေဟာ ဘယ်အချိန်မဆို ပြနိုင်ပြီး အများစုကတော့ ကိုယ်ခန္ဓါအနေအထား ပြောင်းလဲတဲ့အခါ ဖြစ်တတ်ပါတယ်။ အကျိတ်တမျိုးကတော့ သွေးစီးဆင်းမှုကို ရပ်တန့်စေပြီး သူ့ဖာသာ လမ်းကြောင်းပိတ်စေပါတယ်။

အောက်ပါလက္ခဏာတွေ တွေ့ရပါတယ်။

  • လှုပ်ရှားလျှင်မောခြင်း
  • မတ်မတ်နေလျှင် အသက်ရှူရခက်ပြီး လှဲနေချိန်တွင် သက်သာခြင်း
  • ညအိပ်ချိန်တွင် အသက်ရှူရခက်ခြင်း
  • မူးဝေခြင်း
  • သတိလစ်ခြင်း
  • ရင်တုန်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ရုတ်တရက်သေဆုံးခြင်း

နှလုံးဘယ်ဘက်အပေါ်ခန်းမှာဖြစ်တဲ့ အကျိတ်ရဲ့ လက္ခဏာတွေဟာ အဆို့ရှင်ကျဉ်းတဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။ အောက်ပါလက္ခဏာတွေ ရှိပါတယ်။

  • ချောင်းဆိုးခြင်း
  • အဆုတ်တွင်အရည်စုခြင်း (ဘယ်ဘက်အပေါ်ခန်းမှာ သွေးဖိအားတက်လာလို့ ဖြစ်ပါတယ်)
  • ချောင်းဆိုးစဉ်သွေးပါခြင်း
  • ဖျားခြင်း

အဲဒီယေဘုယျလက္ခဏာတွေဟာ ရောဂါပိုးဝင်ပြီး နှလုံးရောင်ရမ်းခြင်းနဲ့လည်း မှားနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်း အတိအကျ မသိရသေးပါဘူး။ မိသားစုဝင်တွေထဲမှာ လွှမ်းမိုးဗီဇကနေ ဆင်းသက်ပြီး ဖြစ်နိုင်ပါတယ်။ နှလုံးအပေါ်ခန်းအကျိတ်အားလုံးရဲ့ ၇% ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

ခရိုမိုဆုမ်းနံပါတ်၂ (ကာနေး)ရဲ့ လက်တံနဲ့ နံပါတ် ၁၂မှာ ပုံမှန်မဟုတ်တာ တွေ့နိုင်ပါတယ်။

ကာနေးရောဂါလက္ခဏာစုဟာ ကွဲပြားဗီဇဖြစ်ပြီး တမျိုးထက်ပိုတဲ့ဗီဇတွေကြောင့် ဖြစ်တယ်လို့ ယူဆကြပါတယ်။ လတ်တလောမှာတော့ ရေယုန်အမျိုးအစား၁နဲ့၂ဟာ နှလုံးအပေါ်ခန်းအကျိတ်နဲ့ ဆက်စပ်မှုရှိတယ်လို့ မတွေ့ရှိရသေးပါဘူး။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • အသက်အရွယ်။ အသက်၅၀ကျော်ရင် ဖြစ်နိုင်ခြေ များပါတယ်။

ကျား/မ။ အမျိုးသမီးတွေမှာ တွေ့ရများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ နားကြပ်နဲ့ နားထောင်ပါလိမ့်မယ်။ အကျိတ်ကြောင့်ဖြစ်တဲ့အသံ၊ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်သံတွေ၊ နှလုံးညဉ်းသံတွေ ကြားရပါလိမ့်မယ်။ လူနာရဲ့ ကိုယ်ခန္ဓါအနေအထား ပြောင်းလိုက်ရင် အသံလည်း ပြောင်းသွားနိုင်ပါတယ်။

အောက်ပါစစ်ဆေးနည်းတွေနဲ့လည်း စစ်ဆေးနိုင်ပါတယ်။

  • ပုံရိပ်ဖော်စစ်ဆေးနည်း၊ ဒေါ်ပလာစစ်ဆေးနည်း
  • ရင်ဘတ်ဓါတ်မှန်
  • ရင်ဘတ် CT ရိုက်ခြင်း
  • နှလုံး MRI ရိုက်ခြင်း
  • နှလုံးဘယ်ဘက်သွေးကြောပုံဖော်စစ်ဆေးခြင်း
  • နှလုံးညာဘက်သွေးကြောပုံဖော်စစ်ဆေးခြင်း
  • ECG

Atrial Myxomas (နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆေးဝါးနဲ့ ကုသမှု အတိအကျမရှိသေးပါဘူး။ နောက်ဆက်တွဲနှလုံးရောဂါတွေ မဖြစ်အောင် ဆေးဝါးတွေ ပေးနိုင်ပါတယ်။ တခုတည်းသော နည်းလမ်းကတော့ ခွဲစိတ်ခြင်း ဖြစ်ပါတယ်။ အကျိတ်ကို ခွဲစိတ်ပြီး ဖယ်ရှားနိုင်ပါတယ်။ တချို့လူနာတွေဟာ အဆို့ရှင် လဲလှယ်ခြင်း လုပ်ရပါတယ်။ ခွဲစိတ်မှုတခုတည်းမှာပဲ လုပ်နိုင်ပါတယ်။ အကျိတ်ဆဲလ်တွေ အကုန်မဖယ်ရှားနိုင်ရင် အကျိတ်ပြန်ဖြစ်နိုင်ပါတယ်။

Minithoracotomy နည်းလမ်းဟာ စက်နဲ့ခွဲစိတ်မှု အသေးစားဖြစ်ပြီး ဆေးရုံမှာ သိပ်မကြာဘဲ နေနိုင်ပါတယ်။

အကျိတ်ဖယ်ရှားဖို့ ဘေးအကင်းဆုံးနည်းလမ်းလို့ သတ်မှတ်ထားပါတယ်။

စက်အသုံးပြုပြီး အသက်ကြီးပိုင်းတွေကို ခွဲစိတ်ရာမှာလည်း ရလာဒ်ကောင်းတယ်လို့ သိရပါတယ်။

ကောင်းတာကတော့ နှလုံးအကျိတ်လို့ထင်ရင် နှလုံးအထူးကု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ခွဲစိတ်ဖို့ နှလုံးခွဲစိတ်အထူးကုလည်း လိုအပ်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက နှလုံးအပေါ်ခန်းအကျိတ်ဖြစ်ခြင်း အတွက် အထောက်အကူ ပြုသလဲ

နည်းလမ်းမရှိပါဘူး။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Atrial myxomas. http://emedicine.medscape.com/article/151362-treatment?src=refgatesrc1#d7 . Accessed February 7, 2017.
Atrial myxomas. https://en.wikipedia.org/wiki/Cardiac_myxoma#Symptoms . Accessed February 7, 2017.
Atrial myxomas. https://radiopaedia.org/articles/cardiac-myxoma . Accessed February 7, 2017.

ယခုပုံစံ

13/09/2019

Written by Dr. Thant Zin

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးမကြီးအောင် ဘယ်လို ကာကွယ်ကြမလဲ !

နှလုံးကြီးနေရင် ဘာတွေစားလို့ ဘာတွေရှောင်ရမလဲ!


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/09/2019 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement