backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

နှလုံးရောဂါနှင့်ပတ်သက်၍ ဂရုစိုက်ရမည့်အချက်များ

နှလုံးရောဂါနှင့်ပတ်သက်၍ ဂရုစိုက်ရမည့်အချက်များ
နှလုံးရောဂါနှင့်ပတ်သက်၍ ဂရုစိုက်ရမည့်အချက်များ

ဘာကြောင့်သင့်နှလုံးကျန်းမာရေးကို ဂရုစိုက်ရမည်နည်း။ အကြောင်းမှာ နှလုံးရောဂါဆိုင်ရာအချက်အလက်များအရ သေဆုံးနိုင်သောအကြောင်းအများစုတွင် နှလုံးရောဂါသည် တစ်ခုပါဝင်သောကြောင့်ဖြစ်သည်။ လူတစ်ဦးသည် အချိန်တစ်ခုအထိ နေမကောင်းဖြစ်နေရင်းကနေ ရုတ်တရက်သေဆုံးနိုင်သည်ကို ကိစ္စအများစုတွင် တွေ့ရသည်။ ပြင်းထန်သော နှလုံးနှင့်သွေးကြောရောဂါရှိသည့် လူနာအများစုတွင် နှလုံးရပ်ခြင်း၊နှလုံးဖောက်ခြင်း ကိုတွေ့ရနိုင်သည်။

နှလုံးရောဂါဆိုင်ရာအချက်အလက်များအရ ကြောက်စရာအကောင်းဆုံးမှာ အသိပေးခြင်းမရှိဘဲလျှင်မြန်စွာဖြစ်ပျက်တတ်ခြင်း ဖြစ်သည်။ မည်သူမဆို ဖြစ်နိုင်သည်။ လူအများသည် နှလုံးရပ်ခြင်းကို ပို၍ပို၍ခံစားလာရပါလိမ့်မည်။ ကံမကောင်းစွာနှင့်ပင် အများစုမှာ လက္ခဏာများသတိမပြုမိဘဲ တွေ့ကြုံခံစားရခြင်းဖြစ်သည်။ ထိုကြောင့်နှလုံးရောဂါအား မည်ကဲ့သို့ကာကွယ်ရမည်ကို သိထားရန်အရေးကြီးပါသည်။ ကံကောင်းစွာနှင့် လွယ်ကူသော အဆင့်များရှာဖွေတွေ့ရှိရင်းနှင့် နှလုံးရောဂါဖြစ်နှုန်းကိုလျှော့ချနိုင်ပြီး နှလုံးကျန်းမာရေးကို တိုးတက်လာစေနိုင်သည်။

“နှလုံးရောဂါကိုဘယ်လိုကာကွယ်မလဲ” ဆိုသည့်မေးခွန်းအတွက် အလွယ်ဆုံးအဖြေမှာ “ဆရာဝန်ဆီသွားပါ” ဖြစ်သည်။ ဆေးခန်းသို့သွားပြီး နှလုံးရောဂါစစ်ဆေးခြင်းသည် ရယ်စရာမဟုတ်ပါ။ လူအများစုသည် နှလုံးရောဂါခံစားနေရသော်လည်း ထိုသို့လုပ်ရန်ငြင်းဆိုကြသည်။ သို့သော်သင်နေလို့ကောင်းသည်ရှိ၊ မကောင်းသည်ရှိ၊ ဆေးခန်း(သို့)ဆေးရုံသို့ သွားခြင်းသည် လုပ်ကိုလုပ်ရမည့် ကိစ္စပင်ဖြစ်သည်။ အကြောင်းမှာ နှလုံးရောဂါလက္ခဏာများကို သိရှိရန်ခက်ခဲသောကြောင့်ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ဤလက္ခဏာများသည် မကုသဘဲနှင့်မပျောက်သွားပေ။ သွေးကြောတွင်း အဆီဖုံးခြင်း၊ သွေးတိုး၊ ကိုလက်စထရောများခြင်းများသည် နှလုံးရောဂါအတွက် အကြီးမားဆုံးသော ဖြစ်နိုင်ချေများဖြစ်သည်။ ထို့ပြင် ထိုလက္ခဏာများသည် မဆိုးလာသည်အထိမသိရှိနိုင်ဘဲ ချက်ချင်းဖြစ်နိုင်သည်။ သင်သည် ထိုလက္ခဏာများခံစားနေရပါက ဆရာဝန်ကိုမည်မျှကြောက်ကြောက် သွားပြပါ။

နှလုံးရောဂါအတွက် ပို၍ထင်ရှားသောလက္ခဏာများဖြစ်သည့် သွေးတိုးခြင်း၊ ကိုလက်စထရောဓါတ်များခြင်းတို့ကို

သာမန်စမ်းသပ်နည်းဖြင့် လွယ်ကူလျှင်မြန်စွာ သိရှိနိုင်ပေသည်။ သို့သော် အချို့ကိစ္စများတွင် ဆရာဝန်မှ နောက်ထပ်စမ်းသပ် ကုသမှုများဖြစ်သည့် စိတ်ဖိစီးမှုစမ်းသပ်ခြင်း၊ သွေးကြောစစ်ဆေးခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကို ထောက်ခံချက်ပေးသည်။

သို့သော် ဆရာဝန်ဆီသွားသည့်လူနာတိုင်း နှလုံးရောဂါရှိမရှိ သိနိုင်မည်မဟုတ်ကြောင်း သိထားရန် အရေးကြီးသည်။ သိုသော်ဆရာဝန်မှ နှလုံးရောဂါမည်သို့ကာကွယ်ရမည့် တန်ဖိုးရှိသောညွှန်ကြားချက်များကို ပေးနိုင်သည်။ ဥပမာ- လူနာနှင့် စကားပြောနေရင်း ဆရာဝန်မှ လူနာ၏နှလုံးရောဂါဖြစ်နိုင်ချေရှိသည့် အချက်များကိုသိရှိနိုင်သည့်အပြင် လျှော့ချပေးနိုင်မည်ဖြစ်သည်။

“နှလုံးရောဂါကို ဘယ်လိုကာကွယ်မလဲ။” မေးခွန်းအတွက် အကောင်းဆုံးအဖြေမှာ ဆရာဝန်၏ထောက်ခံချက်ပေးသည့် ကျန်းမာသောလူနေမှုပုံစံဖြစ်သည်။ နှလုံးရောဂါမပြသသည့် လူများတောင် ကျန်းမာသောလူနေမှုပုံစံမှ အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ ၎င်းတို့မှာ စိတ်ဖိစီးမှု လျှော့ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ပုံမှန်လေကျင့်ခန်းလုပ်ခြင်း၊ ဆားကိုအကန့်အသတ်နှင့်(သို့) လုံဝမစားသော အလေ့အကျင့်၊ အရက်အသင့်အတင့်သာ သောက်ခြင်း၊ ကိုယ်အလေးချိန်ထိန်းထားခြင်းတို့ ဖြစ်သည်။

နှလုံးရောဂါနှင့်ပတ်သက်သည့် အရေးကြီးသည့်ကဏ္ဍများသိခြင်းအားဖြင့် နှလုံးရောဂါကိုမည်သို့ကာကွယ်မလဲပေါ်တွင် အာရုံစိုက်နိုင်ပြီး ရောဂါဖြစ်နိုင်သည့် အချက်များကို လျှော့ချလာနိုင်သည်။ ကံကောင်းစွာဖြင့် ကုသမှုနှင့် ကျန်းမာသောနေထိုင်မှုပုံစံများသည် နဂိုရှိပြီးသားလက္ခဏာများကို သက်သာစေကာ နှလုံးရုတ်တရက်ဖောက်ခြင်းကိုလည်း ကာကွယ်နိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Concerns about heart disease. https://www.growthhouse.org/mortals/mort2510.html.
Assessed February 8, 2017.

Why You Should Be Concerned About Your Heart Health—And What To Do.
http://www.gardenstateheartcare.com/why-you- should-be- concerned-about- your-heart-health-and- what-to- do-2/. Assessed February 8, 2017.

ယခုပုံစံ

12/05/2020

Dr. Kaung Thar မှ ရေးသားသည်။

Dr. Kaung Thar မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement