backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bounding pulse (သွေးခုန်နှုန်းပြင်းထန်ခြင်း (ဘောင်းဒင်းပါ့စ်))

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

သွေးခုန်နှုန်းပြင်းထန်ခြင်းဆိုတာဘာလဲ။

သွေးခုန်နှုန်းပြင်းထန်ခြင်းဆိုတာ နှလုံးခုန်နှုန်းအရမ်းမြန်ပြီး ပြင်းထန်နေတာကို သွေးခုန်နှုန်းမှာ ခံစားရတာပါ။ သွေးခုန်နှုန်းက ပြင်းထန်နေမယ်ဆိုရင် ဘောင်းဒင်းပါ့စ်လို့ခေါ်နိုင်ပါတယ်။ ဆရာဝန်က ထိုကဲ့သို့သော သွေးခုန်နှုန်းကို နှလုံးခုန်ရင်တုန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သောနှလုံးခုန်နှုန်းပြင်းထန်ခြင်းလို့ယူဆနိုင်ပါတယ်။

သွေးခုန်နှုန်းပြင်းထန်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

သွေးခုန်နှုန်းပြင်းထန်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဘောင်းဒင်းပါ့စ်ရှိမယ်ဆိုရင် နှလုံးက ပုံမှန်ထက်ပိုခုန်နေမယ်လို့ ခံစားရပါလိမ့်မယ်။ သင့်သွေးခုန်နှုန်းကို လည်ပင်းမှာ ခံစားရနိုင်ပါတယ်။ တစ်ခါတစ်ရံ အရေပြားအောက်မှာတောင် လှုပ်နေတဲ့သွေးခုန်နှုန်းလေးကို အားပြင်းတာကြောင့် မြင်ရနိုင်ပါတယ်။ နှလုံးက စည်းချက်မမှန်စွာခုန်နေမယ် သို့မဟုတ် နှလုံးခုန်းသံ တစ်ခုကို ကျော်ပြီးခုန်သွားမယ် သို့မဟုတ် အားပြင်သော အပိုနှလုံးခုန်သံတစ်ခုတိုးလာမယ် စသည်တို့ကို ခံစားရနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

ဘောင်းဒင်းပါ့စ် အများစုက ရုတ်ချည်းဖြစ်ပေါ်လာပြီး စက္ကန့်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်သွားကြကာ စိတ်ပူစရာမရှိပါဘူး။ နှလုံးရောဂါရှိမယ် သို့မဟုတ် ဘောင်းဒင်းပါ့စ်ရှိဖူးမယ်ဆိုရင် ဆရာဝန်အား တန်နိုင်သမျှ မြန်မြန် ပြောပြပါ။

ဘောင်းဒင်းပါ့စ်နဲ့တွဲကာ အောက်ပါရောဂါလက္ခဏာများ ရှိနေလျှင် နှလုံးဖောက်ခြင်းလိုမျိုး စိုးရိမ်ရတဲ့ ရောဂါအခြေအနေတွေ ဖြစ်နေနိုင်တဲ့အကြောင့် အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူပါ။

  • မူးဝေခြင်း
  • စိတ်ရှုတ်ထွေးခြင်း
  • ပုံမှန်မဟုတ်သောချွေးထွက်ခြင်း
  • ခေါင်းမူးခြင်း
  • အသက်ရှုကြပ်ခြင်း
  • မူးလဲခြင်း
  • လည်ပင်း၊ မေးရိုး၊ လက်၊ ရင်ဘတ်နဲ့ ကျောတို့မှာ ပြည့်ကြပ်ခြင်း၊ ဖိသိပ်ထားခြင်းမျိုး ခံစားရခြင်း

သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ဘောင်းဒင်းပါ့စ် ဖြစ်ပွားစေသလဲ။

ဘောင်းဒင်းပါ့စ်အမျိုးအစားများစွာရှိပြီး တချို့ကတော့ စိုးရိမ်ရပါတယ်။ တချို့အခြေအနေတွေမှာ ဘောင်းဒင်းပါ့စ်ရဲ့ အကြောင်းအရင်းကို မတွေ့ရှိကြဘဲ သူ့အလိုလိုပျောက်သွားနိုင်တယ်လို့ ထင်ကြပါတယ်။ ဘောင်းဒင်းပါ့စ်က မပျောက်ဘဲ သိသာထင်ရှားလာတဲ့ အခြေအနေမျိုးတွေမှာတော့ စိုးရိမ်ရတဲ့ ရောဂါရင်းမြစ်တွေ ရှိနေနိုင်ပါတယ်။ အောက်ပါတို့က ဘောင်းဒင်းပါ့စ်ရဲ့ အကြောင်းအရင်းအချို့ဖြစ်ပါတယ်။

  • ခန္ဓါကိုယ်မစွမ်းနိုင်တော့ခြင်း – ဘောင်းဒင်းပါ့စ်ရဲ့ အဖြစ်များဆုံးအကြောင်းအရင်းတွေထဲက တစ်ခုကတော့ ပင်ပန်းနွမ်းနယ်တဲ့အလုပ်တွေလုပ်တဲ့အခါမှာ နှလုံးပိုခုန်ရပြီး သွေးလှည့်ပတ်မှုကောင်းအောင် စွမ်းဆောင်နေရသောကြောင့်ဖြစ်ပါတယ်။
  • စိတ်လှုပ်ရှားခြင်း – စိတ်ဖိစီးမှုတွေကို သဘာဝအလျှောက်တုံ့ပြန်မှုတစ်ခုဖြစ်ပြီး မဖြစ်လာသေးတဲ့ကိစ္စတွေကို ကြိုတင်ပူပန်နေတာပါ။ စိတ်ပူပန်ခြင်းက လူတစ်ယောက်ကို နှလုံးခုန်မြန်စေပြီး တုန်တုန်ရီရီဖြစ်လာစေပါတယ်။
  • ကိုယ်ဝန်ရှိခြင်း – ဘောင်းဒင်းပါ့စ်ဖြစ်ပေါ်စေနိုင်သော ဆီးသွားချင်ခြင်း၊ ရင်သားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် သွေးပမာဏပြောင်းလဲခြင်းတို့ဖြင့် တွဲနေနိုင်ပါတယ်။
  • အဖျားတက်ခြင်း – အဖျားကြီးခြင်းကြောင့်လည်း ဘောင်းဒင်းပါ့စ်ရရှိနိုင်ပါတယ်။
  • နှလုံးစည်းချက်မမှန်ခြင်း – သွေးဝင်ခန်းနဲ့ သွေးလွှတ်ခန်းတို့မှာ ပုံမှန်မဟုတ်သော နှလုံးစည်းချက်တွေ ဖြစ်ပေါ်လာပြီး ဘောင်းဒင်းပါ့စ်ပေါ်ပေါက်လာပါတယ်။
  • နှလုံးအလုပ်မလုပ်နိုင်ခြင်း – ဘောင်းဒင်းပါ့စ်ဟာ နှလုံးကနေ သွေးကို အရင်ကလောက် မညှစ်ထုတ်ပေးနိုင်တော့သော လက္ခဏာဖြစ်နေနိုင်ပါတယ်။
  • သွေးအားနည်းရောဂါ – အကြောင်းအရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ဆဲလ်တွေထံကို အောက်စီဂျင်အရောက်နည်းစေပါတယ်။
  • သိုင်းရွိုက်ဟော်မုန်းများခြင်း – သိုင်းရွိုက်ဂလင်းတွေကနေပြီးတော့ သိုင်းရွိုက်ဟော်မုန်းအများကြီး ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာတာပါ။ သိုင်းရွိုက်ဟော်မုန်းက ဇီဝကမ္မစနစ်အပေါ်မှာ သက်ရောက်နေပြီး နှလုံးခုန်နှုန်းမြန်စေပါတယ်။
  • သွေးပေါင်ချိန်တက်ခြင်း – လက္ခဏာလုံးဝမရှိသော သို့မဟုတ် အနည်းငယ်သာရှိသော အခြေအနေတစ်ရပ်ဖြစ်ပြီး နှစ်ပေါင်းများစွာ သွေးပေါင်တက်နေခြင်းက အခြားသွေးကြောပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ပြီး ဘောင်းဒင်းပါ့စ်နဲ့ ဖော်ပြနိုင်ပါတယ်။
  • ဒီဂျီတယ်လစ်စ်အဆိပ်သင့်ခြင်း – နှလုံးရောဂါကုသသော ဆေးဝါးတစ်မျိုးဖြစ်ပြီး ပမာဏများသွားပါက ဘောင်းဒင်းပါ့စ်ဖြစ်ပေါ်စေနိုင်ပါတယ်။ အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သော အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်ပါတယ်။

အခြားအကြောင်းအရင်းများ

  • နှလုံးအထွက်ပေါက်အဆို့ရှင်မလုံခြင်း
  • Ductus arterious မပိတ်ခြင်း
  • နှလုံးခုန်နှေးခြင်း
  • အဆုတ်သွေးလွှတ်ကြောနှင့်သွေးကြောမကြီးဆက်နေခြင်း
  • Sinus of Valsalva တွင် သွေးကြောဖောင်းဖြစ်ခြင်း
  • နှလုံးညာဘက်ပျက်စီးခြင်း
  • အသည်းခြောက်ခြင်း
  • ဘယ်ရီဘယ်ရီ ရောဂါ
  • သွေးလွှတ်ကြောနှင့်သွေးပြန်ကြောဆက်သွားခြင်း
  • ပက်ဂက် ရောဂါ
  • နာတာရှည် အရက်နာကျခြင်း

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက ဘောင်းဒင်းပါ့စ် ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဘောင်းဒင်းပါ့စ် ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ဘောင်းဒင်းပါ့စ် ဘယ်အချိန်မှာဖြစ်တယ်နဲ့ ဘာလုပ်ရင်ဖြစ်တယ်ဆိုတာတွေကို မှတ်ထားပါ။ မိသားစုရောဂါရာဇဝင်ကိုလည်း သိနေပါစေ။ သင့်ရောဂါလက္ခဏာတွေရဲ့ ရင်းမြစ်ကို ဆရာဝန်ရှာဖွေတွေ့ရှိနိုင်အောင် ကူညီပေးမှာပါ။

သင်နဲ့သင့်မိသားစုထဲမှာ နှလုံးရောဂါ၊ သိုင်းရွိုက်ရောဂါ၊ စိတ်ဖိစီးမှုတွေနဲ့ စိတ်ပူပန်မှုတွေ ဖြစ်ဖူးလားနဲ့ ပတ်သက်ပြီး ဆွေးနွေးပါလိမ့်မယ်။ သိုင်းရွိုက်ဟော်မုန်းများခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်သော လည်ပင်းဂလင်းရောင်ခြင်းကို ရှာဖွေပါလိမ့်မယ်။ နှလုံးစည်းချက်မမှန်ခြင်းတွေကို သိရှိဖို့ ရင်ဘတ်ဓါတ်မှန်နဲ့ အီးစီဂျီတို့ ရိုက်နိုင်ပါတယ်။ ECG ဆိုတာ လျှပ်စစ်ဓါတ်ကို အသုံးပြုပြီး နှလုံးခုန်မှုတွေကို စစ်ဆေးခြင်းဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းက သင့်ရဲ့ နှလုံးစည်းချက်အား ဆရာဝန်ကို သိရှိစေနိုင်ပါတယ်။

ဘောင်းဒင်းပါ့စ်ကို ဘယ်လိုကုသလဲ။

ဘောင်းဒင်းပါ့စ်ဟာ နှလုံးစည်းချက်မမှန်ခြင်း၊ သိုင်းရွိုက်ဟော်မုန်းများခြင်း စသည့်ရောဂါများကြောင့် မဟုတ်ဘူးဆိုရင် ကုသမှု များသောအားဖြင့် မလိုအပ်ပါဘူး။ ဒါပေမယ့်လည်း အဝလွန်ခြင်းကြောင့်ဖြစ်မယ်ဆိုရင် ကိုယ်အလေးချိန်ကျဖို့၊ ကျန်းမာတက်ကြွစွာနေဖို့ အကြံပြုနိုင်ပါတယ်။

အလုံးစုံကျန်းမာနေတယ်ဆိုရင် ကဖင်းနဲ့ စိတ်ဖိစီးမှုတွေလိုမျိုး ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းတွေဖြစ်စေသော အရာတွေကို လျော့ချဖို့ နည်းလမ်းကို အကြံပြုနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဘောင်းဒင်းပါ့စ်ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ဘောင်းဒင်းပါ့စ်က သိုင်းရွိုက်ဟော်မုန်းများခြင်းနဲ့ နှလုံးစည်းချက်မမှန်ခြင်းကြောင့် ဖြစ်မယ်ဆိုရင် ဆရာဝန်ညွှန်ကြားထားတဲ့ ကုသမှုအစီအစဉ်အတိုင်း ပြုလုပ်ဖို့ မမေ့ပါနှင့်။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးများအားလုံးသောက်ရပါမယ်။

အဝလွန်ပြီး ဘောင်းဒင်းပါ့စ်ဖြစ်နေမယ်ဆိုရင် ကိုယ်အလေးချိန်ကျပြီး သန်သန်စွမ်းစွမ်းရှိလာစေရန်အတွက် ကျန်းမာရေးနဲ့ ညီညွတ်သော နည်းလမ်းများကို လိုက်နာပါ။ ကိုယ်ခန္ဓါသွက်လက်ကျန်းမာစေဖို့ အောက်ပါလွယ်ကူပြီး ပျော်စရာကောင်းသော နည်းလမ်းများဖြင့် လုပ်ဆောင်နိုင်ပါတယ်။

  • သင့်ခွေး သို့မဟုတ် မိတ်ဆွေခွေးကို လမ်းလျှောက်တဲ့အခါ ခေါ်ဆောင်သွားပါ။
  • တီဗီကြည့်တဲ့အချိန်ကို အလေးမခြင်း၊ လမ်းလျောက်ခြင်း၊ လမ်းလျောက်စက်ဖြင့်လမ်းလျောက်ခြင်းနဲ့ စက်ဘီးစီးခြင်းတို့ဖြင့် အစားထိုးပါ။
  • တံမြက်စည်းလှည်းခြင်း၊ ရေချိုးခန်းအိမ်သာတိုက်ချွတ်ဆေးကြောခြင်း၊ မြတ်ရိတ်ခြင်း၊ သစ်ရွက်ခြောက်သိမ်းခြင်းနဲ့ ပန်းခြံမြေတူးသစ်ပင်စိုက်ခြင်းတို့လိုမျိုး အိမ်အလုပ်တွေပြုလုပ်ပါ။
  • စက်ဘီးစီးခြင်း၊ ခရစ်ကတ်ကစားခြင်း၊ လမ်းလျောက်ခြင်းနဲ့ ပြေးခြင်းတို့ကို မိသားစုဖြင့် အတူတကွပြုလုပ်ပါ။
  • အလုပ်မှာ နေ့လည်ထမင်းစားချိန်တွင် လမ်းလျောက်အားကစားလုပ်ဖို့ အဖွဲ့တစ်ခုပြုလုပ်ပါ။

စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုတို့က တရားခံဆိုရင် အောက်ပါတို့ကို ပြုလုပ်ခြင်းဖြင့် ယင်းစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လျော့ချနိုင်ပါတယ်။

  • များများရီပါ။ ဟာသစာအုပ်ဖတ်ပါ၊ ဟာသကားကြည့်ပါ။
  • မိသားစု၊ မိတ်ဆွေတို့ဖြင့် ဆက်သွယ်မှုရှိအောင်လုပ်ပါ။ ညစာစားပါ၊ ကော်ဖီအတူသောက်ပါ။
  • အပြင်ထွက်ပါ။ လမ်းလျောက်ပါ။ စက်ဘီးစီးပါ။
  • တရားထိုင်ပါ။ စိတ်ကိုငြိမ်အောင်ထားပါ။
  • အိပ်ချိန်လုံလောက်အောင်ထားပါ။
  • နေ့စဉ်မှတ်တမ်းရေးပါ။

နှလုံးခုန်ရင်တုန်ခြင်းအတွက် စိုးရိမ်စရာမရှိဘူးလို့ ဆရာဝန်က အတည်ပြုလိုက်ပြီဆိုရင် နောက်ထပ်စိတ်ပူမနေပါနဲ့တော့။ ထိုအရာတွေနဲ့ ပတ်သက်ပြီး စိတ်ပူနေတာက သင့်အတွက် အပိုစိတ်ဖိစီးမှုတစ်ခုလိုပါပဲ။

အရက်နဲ့ ကဖင်းစားသုံးမှု လျော့ချလိုက်တာက ဘောင်းဒင်းပါ့စ်ကိုလည်း ကာကွယ်ရာရောက်ပါတယ်။ အားဖြည့်အချိုရည်တွေမှာသုံးတဲ့ ဓါတုပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ ဆေးလိပ်တို့ဟာ ဖော်ပြရောဂါရဲ့ လှုံ့ဆော်သူများဖြစ်တာကြောင့် ရှောင်ကျဉ်ဖို့ လိုပါတယ်။ ပန်းနာရင်ကြပ်ဆေးလိုမျိုး လှုံ့ဆော်ဆေးတွေ အသုံးပြုနေရင်လည်း ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပြီး အစားထိုးဆေးတစ်မျိုးကို ပြောင်းသုံးရပါမယ်။ ဘောင်းဒင်းပါ့စ်ကို လှုံ့ဆော်မည့်အရာအားလုံးအား တတ်နိုင်သမျှ ရှောင်ကျဉ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement