backup og meta

အိပ်မက်များကို အဖြေရှာခြင်း

အိပ်မက်များကို အဖြေရှာခြင်း

အိပ်မက်တွေမှာ ဘယ်လိုအဓိပ္ပါယ်တွေရှိသလဲဆိုတာနဲ့ အိပ်မက်တွေက သင့်ကိုဘာတွေပြောပြနေသလဲဆိုတာကို သင်စိတ်ဝင်တစား သိချင်မိပါသလား။ သိချင်တယ်ဆိုရင်တော့ သင့်အိပ်မက်တွေကိုအဖြေရှာဖို့ အောက်ဖော်ပြပါအချက်တွေကိုလိုက်နာကြည့်ပါ။

အိပ်မက်တွေကို မှတ်မိနေဖို့သင်ယူပါ။

အိပ်မက်တွေကိုအဓိပ္ပါယ်ပြန်တတ်ဖို့က ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် အိပ်မက်တွေကို သေချာမမှတ်မိနေဘူးဆိုရင် အိပ်မက်ကို ဘာသာပြန်ဖို့ ပိုပြီးခက်ခဲစေပါလိမ့်မယ်။

အိပ်မက်တွေကို မှတ်မိနိုင်ဖို့ခက်ခဲစေမယ့် ဝါးတားတားပုံရိပ်တွေ မဖြစ်ပေါ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းဖြစ်ပြီး အောက်ပါအချက်တွေကိုလည်း တတ်နိုင်သမျှ လိုက်နာကြည့်ပါ။

  • အိပ်ရာဘေးမှာ မှတ်တမ်းစာအုပ်ကိုထားပါ။ ဒါမှ သင်အိပ်မက်မက်ပြီး နိုးလာတဲ့အချိန်မှာ မှတ်တမ်းစာအုပ်ကို အလွယ်တကူယူပြီး ရေးမှတ်ထားလို့ရနိုင်မှာပေါ့။ မရေးချလိုက်ဘဲ နိုးတဲ့အချိန်ကြာသွားတဲ့အခါမှာ လူတွေက အိပ်မက်တွေကို မေ့သွားတတ်ကြပါတယ်။ ဒါကြောင့် နံနက်ခင်းတိုင်းမှာ တခြားဘာမှမလုပ်ခင် ဒါလေးကိုအရင်လုပ်သင့်ပါတယ်။
  • အိပ်မက်မက်တဲ့အရာမှန်သမျှကို ချရေးပါ။ မဖြစ်နိုင်တဲ့အကြောင်းအရာတွေ၊ တန်ဖိုးမရှိတဲ့အရာတွေ မက်ခဲ့ရင်တောင်မှ အားလုံးကိုချရေးထားပါ။ တစ်ခါတလေမှာ အဓိပ္ပါယ်မရှိဘူးလို့ထင်တဲ့အရာတွေက တန်ဖိုးအရှိဆုံးနိမိတတ်တွေဖြစ်လာနိုင်ပါတယ်။

အိပ်မက်တွေဟာ လက်တွေ့ဘဝအခြေအနေတွေကို ထင်ဟပ်နေတာလားဆိုတာ ဆုံးဖြတ်ပါ။

သင့်ဘဝမှာ ဆုံးဖြတ်ချက်မချရသေးတဲ့အရာတွေ ဒါမှမဟုတ် ဂရုမစိုက်မိတဲ့အဖြစ်အပျက်တွေဟာ အိပ်မက်ထဲမှာ ပြန်ပြီးပေါ်ပေါက်လာနိုင်ပါတယ်။ ဒီလိုပေါ်လာပြီဆိုရင် ဒီပြဿနာတွေက သင့်အတွက် အနှောင့်အယှက်ဖြစ်နေတာကို ညွှန်ပြပါတယ။်

ဒါကြောင့် တတ်နိုင်သမျှအမြန်ဆုံးဖြေရှင်းလိုက်ပါ။ ဥပမာ- စာမေးပွဲကနီးကပ်လာနေပြီး သင်က စာမေးပွဲမှာ ကျရှုံးတယ်လို့ အိပ်မက်မက်ခဲ့ရင် စာမေးပွဲက အလွန်အရေးကြီးတာ ဒါမှမဟုတ် စာလေ့လာတဲ့နေရာမှာပိုပြီးအားစိုက်ထုတ်သင့်နေတာကို ညွှန်ပြနေပါတယ်။

အိပ်မက်တွေက သင့်အတွက်ဘယ်လို အဓိပ္ပါယ်သက်ရောက်နေသလဲ ဆုံးဖြတ်ပါ။

တကယ်လို့သင်က သင်မှတ်မိနေတဲ့ဖြစ်ရပ်တွေနဲ့ ပစ္စည်းတွေကို အိပ်မက်မက်ခဲ့ရင် သူတို့တွေက သိပ်ပြီးအသုံးဝင်နိုင်ပါတယ်။ သင့်ကို နေ့ပေါင်းများစွာ၊ ရက်သတ္တပတ်ပေါင်းများစွာ၊လပေါင်းနှစ်ပေါင်းများစွာ စိုးရိမ်နေခဲ့ရတဲ့ ပြဿနာတွေကို တစ်နည်းနည်းနဲ့ သင်ဖြေရှင်းနိုင်လိမ့်မယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်။

  • တကယ့်အဖြစ်အပျက်တွေအကြောင်း အိပ်မက်တွေဟာ သင့်ကိုဒုက္ခရောက်အောင်လုပ်နေတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ သဲလွန်စတွေဖြစ်နေတတ်ပါတယ်။ သိပ္ပံပညာရပ်ကနေ ဖက်ရှင်လုပ်ငန်းတွေထိ အဆင့်ဆင့်ပြောင်းလဲခဲ့ကြတဲ့သမိုင်းကြောင်း တစ်လျှောက်ဟာ အိပ်မက်တွေကအစပြုခဲ့ကြတာပါပဲ။
  • အိပ်မက်တွေက တစ်နေ့တာအတွင်းတွေ့ကြုံရတဲ့ အရာတွေထဲကမှ သင်သိသင့် တဲ့အရာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကူညီပေးတယ်။ သင်ယူလေ့လာမှူကို တိုးတက်စေတယ်။ မနေ့ကသင်ယူခဲ့တာထက် နောက်နေ့ပိုမိုသင်ယူနိုင်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။

မိမိကိုယ်ကိုယ် ရိုးသားမှူရှိပါ။

အိပ်မက်တွေကို အဖြေရှာမယ်ဆိုရင် ထပ်ပြီးအားစိုက်ထုတ်ရမှာပါ။ ဒါတင်မကသေးပါဘူး။ သင့်အိပ်မက်တွေက သင်မသိသေးတဲ့တစ်စုံတစ်ခုကို ပြောပြမှာမဟုတ်ပါဘူး။ သူတို့က သင်ချုပ်တည်းထားတဲ့ မေ့ပစ်ချင်တဲ့ အတွင်းစိတ်တွေကိုပဲ ပြောပြတာပါ။

အိပ်မက်တွေဟာ အရမ်းစိတ္တဇဆန်လွန်းပြီး ဆွဲမြဲစွာဆုပ်ကိုင်ထားဖို့လည်း အတော်ခက်ပါတယ်။ သူက သင့်ကို သဲလွန်စပေးမယ်။ ဒါပေမယ့် အဲ့ဒီသဲလွန်စက သိပ်ပြီးအရေးစိုက်နေစရာလဲမလိုတဲ့ တစ်ခုခုလည်း ဖြစ်ကောင်း ဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘာကိုပဲ အိပ်မက်မက်ပါစေ ဒီအိမ်မက်တွေက သင့်ကို အဆိုးမြင်ရှူထောင့်ဘက်ကနေ မနှောင့်ယှက်ပါစေနဲ့။

အိပ်မက်များကို အဖြေရှာခြင်း

အိပ်မက်တွေမှာ ဘယ်လိုအဓိပ္ပါယ်တွေရှိသလဲဆိုတာနဲ့ အိပ်မက်တွေက သင့်ကိုဘာတွေပြောပြနေသလဲဆိုတာကို သင်စိတ်ဝင်တစား သိချင်မိပါသလား။ သိချင်တယ်ဆိုရင်တော့ သင့်အိပ်မက်တွေကိုအဖြေရှာဖို့ အောက်ဖော်ပြပါအချက်တွေကိုလိုက်နာကြည့်ပါ။

အိပ်မက်တွေကို မှတ်မိနေဖို့သင်ယူပါ။

အိပ်မက်တွေကိုအဓိပ္ပါယ်ပြန်တတ်ဖို့က ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် အိပ်မက်တွေကို သေချာမမှတ်မိနေဘူးဆိုရင် အိပ်မက်ကို ဘာသာပြန်ဖို့ ပိုပြီးခက်ခဲစေပါလိမ့်မယ်။ အိပ်မက်တွေကို မှတ်မိနိုင်ဖို့ခက်ခဲစေမယ့် ဝါးတားတားပုံရိပ်တွေ မဖြစ်ပေါ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းဖြစ်ပြီး အောက်ပါအချက်တွေကိုလည်း တတ်နိုင်သမျှ လိုက်နာကြည့်ပါ။

  • အိပ်ရာဘေးမှာ မှတ်တမ်းစာအုပ်ကိုထားပါ။ ဒါမှ သင်အိပ်မက်မက်ပြီး နိုးလာတဲ့အချိန်မှာ မှတ်တမ်းစာအုပ်ကို အလွယ်တကူယူပြီး ရေးမှတ်ထားလို့ရနိုင်မှာပေါ့။ မရေးချလိုက်ဘဲ နိုးတဲ့အချိန်ကြာသွားတဲ့အခါမှာ လူတွေက အိပ်မက်တွေကို မေ့သွားတတ်ကြပါတယ်။ ဒါကြောင့် နံနက်ခင်းတိုင်းမှာ တခြားဘာမှမလုပ်ခင် ဒါလေးကိုအရင်လုပ်သင့်ပါတယ်။

အိပ်မက်မက်တဲ့အရာမှန်သမျှကို ချရေးပါ။ မဖြစ်နိုင်တဲ့အကြောင်းအရာတွေ၊ တန်ဖိုးမရှိတဲ့အရာတွေ မက်ခဲ့ရင်တောင်မှ အားလုံးကိုချရေးထားပါ။ တစ်ခါတလေမှာ အဓိပ္ပါယ်မရှိဘူးလို့ထင်တဲ့အရာတွေက တန်ဖိုးအရှိဆုံးနိမိတတ်တွေဖြစ်လာနိုင်ပါတယ်။

အိပ်မက်တွေဟာ လက်တွေ့ဘဝအခြေအနေတွေကို ထင်ဟပ်နေတာလားဆိုတာ ဆုံးဖြတ်ပါ။

သင့်ဘဝမှာ ဆုံးဖြတ်ချက်မချရသေးတဲ့အရာတွေ ဒါမှမဟုတ် ဂရုမစိုက်မိတဲ့အဖြစ်အပျက်တွေဟာ အိပ်မက်ထဲမှာ ပြန်ပြီးပေါ်ပေါက်လာနိုင်ပါတယ်။ ဒီလိုပေါ်လာပြီဆိုရင် ဒီပြဿနာတွေက သင့်အတွက် အနှောင့်အယှက်ဖြစ်နေတာကို ညွှန်ပြပါတယ။် ဒါကြောင့် တတ်နိုင်သမျှအမြန်ဆုံးဖြေရှင်းလိုက်ပါ။ ဥပမာ- စာမေးပွဲကနီးကပ်လာနေပြီး သင်က စာမေးပွဲမှာ ကျရှုံးတယ်လို့ အိပ်မက်မက်ခဲ့ရင် စာမေးပွဲက အလွန်အရေးကြီးတာ ဒါမှမဟုတ် စာလေ့လာတဲ့နေရာမှာပိုပြီးအားစိုက်ထုတ်သင့်နေတာကို ညွှန်ပြနေပါတယ်။

အိပ်မက်တွေက သင့်အတွက်ဘယ်လို အဓိပ္ပါယ်သက်ရောက်နေသလဲ ဆုံးဖြတ်ပါ။

တကယ်လို့သင်က သင်မှတ်မိနေတဲ့ဖြစ်ရပ်တွေနဲ့ ပစ္စည်းတွေကို အိပ်မက်မက်ခဲ့ရင် သူတို့တွေက သိပ်ပြီးအသုံးဝင်နိုင်ပါတယ်။ သင့်ကို နေ့ပေါင်းများစွာ၊ ရက်သတ္တပတ်ပေါင်းများစွာ၊လပေါင်းနှစ်ပေါင်းများစွာ စိုးရိမ်နေခဲ့ရတဲ့ ပြဿနာတွေကို တစ်နည်းနည်းနဲ့ သင်ဖြေရှင်းနိုင်လိမ့်မယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်။

  • တကယ့်အဖြစ်အပျက်တွေအကြောင်း အိပ်မက်တွေဟာ သင့်ကိုဒုက္ခရောက်အောင်လုပ်နေတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ သဲလွန်စတွေဖြစ်နေတတ်ပါတယ်။ သိပ္ပံပညာရပ်ကနေ ဖက်ရှင်လုပ်ငန်းတွေထိ အဆင့်ဆင့်ပြောင်းလဲခဲ့ကြတဲ့သမိုင်းကြောင်း တစ်လျှောက်ဟာ အိပ်မက်တွေကအစပြုခဲ့ကြတာပါပဲ။

အိပ်မက်တွေက တစ်နေ့တာအတွင်းတွေ့ကြုံရတဲ့ အရာတွေထဲကမှ သင်သိသင့် တဲ့အရာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကူညီပေးတယ်။ သင်ယူလေ့လာမှူကို တိုးတက်စေတယ်။ မနေ့ကသင်ယူခဲ့တာထက် နောက်နေ့ပိုမိုသင်ယူနိုင်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။

မိမိကိုယ်ကိုယ် ရိုးသားမှူရှိပါ။

အိပ်မက်တွေကို အဖြေရှာမယ်ဆိုရင် ထပ်ပြီးအားစိုက်ထုတ်ရမှာပါ။ ဒါတင်မကသေးပါဘူး။ သင့်အိပ်မက်တွေက သင်မသိသေးတဲ့တစ်စုံတစ်ခုကို ပြောပြမှာမဟုတ်ပါဘူး။ သူတို့က သင်ချုပ်တည်းထားတဲ့ မေ့ပစ်ချင်တဲ့ အတွင်းစိတ်တွေကိုပဲ ပြောပြတာပါ။

အိပ်မက်တွေဟာ အရမ်းစိတ္တဇဆန်လွန်းပြီး ဆွဲမြဲစွာဆုပ်ကိုင်ထားဖို့လည်း အတော်ခက်ပါတယ်။ သူက သင့်ကို သဲလွန်စပေးမယ်။ ဒါပေမယ့် အဲ့ဒီသဲလွန်စက သိပ်ပြီးအရေးစိုက်နေစရာလဲမလိုတဲ့ တစ်ခုခုလည်း ဖြစ်ကောင်း ဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘာကိုပဲ အိပ်မက်မက်ပါစေ ဒီအိမ်မက်တွေက သင့်ကို အဆိုးမြင်ရှူထောင့်ဘက်ကနေ မနှောင့်ယှက်ပါစေနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Interpret Your Dreams

http://www.wikihow.com/Interpret-Your-Dreams Accessed February 6. 2017

What Your Dreams REALLY Mean — 6 Common Signs

http://www.refinery29.com/dream-interpretation-meaning#slide Accessed February 6. 2017

What Do Your Dreams Mean? Here’s How You Can Decode Them

http://healthland.time.com/2013/12/09/what-do-your-dreams-mean-heres-how-you-can-decode-them/ Accessed February 6. 2017

ယခုပုံစံ

13/09/2022

Wathun Myat Chal မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပက်လက်အိပ်ခြင်းသည် ကလေးအသေမွေးနှုန်းကို များစေပါသလား

နည်းပညာက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီနိုင်မှာလား



Wathun Myat Chal မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement