အိပ်- ဟောက် – အသက်ရှူပိတ် ရောဂါလို့ ခေါ်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်က အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ရပ်လို့ ယူဆစရာ ရှိပေမယ့် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။
အိပ်- ဟောက် – အသက်ရှူပိတ် ရောဂါလို့ ခေါ်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်က အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ရပ်လို့ ယူဆစရာ ရှိပေမယ့် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။
အိပ်- ဟောက်- အသက်ရှူပိတ်ရောဂါက အသက်ရှူလမ်းကြောင်း အထက်ပိုင်း တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝပိတ်ဆို့သွားတဲ့ အခြေအနေပါ။ ဒီလို ပိတ်ဆို့သွားတက အိပ်နေစဉ်မှာ ခေတ္တခဏ အသက်ရှူရပ်သွားတာကို ဖြစ်စေပါတယ်။
အကြောင်းကတော့ အိပ်နေစဉ်မှာ လည်ချောင်းအနောက်ဘက်က ကြွက်သားတွေ ပြေလျော့ပြီး လေပြွန်ကို ပိတ်ဆို့သွားတာပါ။
ဒီတစ်ခေါက်တော့ ပြင်းထန်လာရင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။
အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့
နှာခေါင်းကနေ လေကောင်းကောင်းစီးဆင်းနိုင်စေဖို့ ဘောလုံးမှုတ်တာလိုမျိုး အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ရတဲ့ လည်ပင်းလေ့ကျင့်ခန်း လုပ်ဆောင်ပေးဖို့ လိုပါမယ်။
တစ်နေ့ကို ၅ ကြိမ်လောက် အသက်ရှူတဲ့ လည်ပင်းလေ့ကျင့်ခန်း လုပ်ပေးတာက လေစီးဆင်းမှုကို တိုးတက်စေပြီး အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။
အိပ်ရာမဝင်ခင် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ သောက်ပေးတာက အိပ်ပျော်စေပြီး လည်ချောင်းအတွင်းနံရံတွေကို အရောင်ကျစေနိုင်သလို အိပ်တဲ့အခါ မဟောက်အောင် ထောက်ကူပေးနိုင်ပါတယ်။
ဒါက လည်ချောင်း တစ်ရှူးရောင်ရမ်းတာကြောင့် ဟောက်တတ်တဲ့ သူတွေမှာပဲ အသုံးဝင်တာပါ။ အိပ်ရာမဝင်ခင်မှာ ရေနွေးနွေး တစ်ခွက်စာထဲကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်မွှေပြီး သောက်ပေးပါ။
ဝတဲ့သူတိုင်း အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ဖြစ်တာ မဟုတ်ပေမယ့် အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ဖြစ်တဲ့သူအများစုက အဝလွန်နေပါတယ်။ ဒါကြောင့် အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ဆိုရင် ကိုယ်အလေးချိန်ကို လျှော့ချဖို့ လိုပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရရှိအောင် ထိန်းထားဖို့ လိုပါမယ်။
အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ လက္ခဏာကို သက်သာစေဖို့ဆိုရင် ညဘက် အိပ်တဲ့ ဦးခေါင်းကို ခပ်မြင့်မြင့် ထားပေးပါ။ ခေါင်းကို မြင့်မြင့်ထားတာက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေပြီး အောက်ဆီဂျင် ပိုမို ရရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ပက်လက်အိပ်တာက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို ပိုဆိုးစေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့် အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ဆိုရင် ဘေးစောင်းအိပ်ပါ။ ဘေးစောင်းအိပ်တာက သက်သာစေပါတယ်။
ယောဂ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကို ပြေလျော့စေပြီး အိပ်ပျော်စေပါတယ်။ ယောဂ ပုံမှန် လုပ်တာက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ ထောက်ကူပေးနိုင်တာကြောင့် တစ်နေ့ကို ယောဂ လေ့ကျင့်ခန်း မိနစ် ၃၀ လောက် လုပ်ပေးပါ။
အိပ်နေစဉ် အိပ်ရာဘေးမှာ အစိုဓာတ်ထိန်းစက် ဖွင့်ပေးတာက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နှာခေါင်းပိတ်တာကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပါတယ်။
ဆေးလိပ် သောက်သုံးတာ အရက် သောက်သုံးတာတွေက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိမယ်ဆိုရင် ဆေးလိပ်ဖြတ်ပါ။ အရက်ဖြတ်ပါ။ မဖြတ်နိုင်ရင် လျှော့သောက်ပါ။
# ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။