backup og meta

Wernicke-Korsakoff syndrome (ဝါးနစ်ခ်ကောစာကော့ဖ်ခေါ် အရက်ကြောင့် စိတ်ဖောက်ပြန်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Wernicke-Korsakoff syndrome (ဝါးနစ်ခ်ကောစာကော့ဖ်ခေါ် အရက်ကြောင့် စိတ်ဖောက်ပြန်သောရောဂါ) ကဘာလဲ။

အရက်ကြောင့် စိတ်ဖောက်ပြန်သောရောဂါ ဟာ ဗီတာမင် ဘီ 1 ချို့တဲ့သည့် အတွက် အာရုံကြော ပျက်စီးခြင်း ဖြစ်ပါတယ်။

များသောအားဖြင့် အရက် အလွန်အကျွံ ကြာမြင့်စွာသောက်သုံးခြင်းနဲ့ ဆက်နွယ်နေပါတယ်။ ပြင်းထန်သောအူလမ်းကြောင်းရောဂါများ ၊ ကင်ဆာရောဂါ နှင့် အစာအဟာရ မပြည့်ဝခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကျွမ်းကျင်သူတွေ ကတော့ Wernicke-Korsakoff syndrome (WKS) ဟာ ဆက်နွယ်မှုရှိတဲ့ သီးခြားရောဂါ နှစ်ခု သို့မဟုတ် ရောဂါတစ်ခုတည်း ရဲ့ လက္ခဏာတွေလို့ ငြင်းခုံဆွေးနွေး နေကြပါတယ်။ Wernicke’s ဟာရောဂါရဲ့ အစပိုင်း အခြေအနေ ဖြစ်ပြီး Korsakoff syndrome ကတော့ နာတာရှည် အခြေအနေ လို့ အချို့ ကယုံကြည်ထားကြတယ်။ ကုသမှုခံယူပြီး သော်လည်း Wernicke’s ဦးနှောက်ရောဂါ ကနေပြီး Korsakoff syndrome ဖြစ်သွားနိုင်ပါတယ်။ Wernicke’s ဦးနှောက်ရောဂါ မှာဆိုရင် အတွေး ချောက်ချားမှုတွေ နှင့် အာရုံကြောထိခိုက် မှုတွေ ဖြစ်နိုင်ပါတယ် ။ စောစီးစွာ မကုသ ခဲ့ပါက ဦးနှောက် ပျက်ခြင်း ဦးနှောက်သေခြင်း ဖြစ်နိုင်ပါတယ် ။

Wernicke-Korsakoff syndrome (ဝါးနစ်ခ်ကောစာကော့ဖ်ခေါ် အရက်ကြောင့် စိတ်ဖောက်ပြန်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အဖြစ်များပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။

အသက် ၃၀ နှင့် ၇၀ ကြားမှာ ဖြစ်လေ့ရှိပါတယ်။

လက္ခဏာများ

Wernicke-Korsakoff syndrome (ဝါးနစ်ခ်ကောစာကော့ဖ်ခေါ် အရက်ကြောင့် စိတ်ဖောက်ပြန်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

Wernicke ဦးနှောက်ရောင်ရောဂါရဲ့ ရောဂါ လက္ခဏာတွေကတော့

စိတ်ရှုပ်ထွေးခြင်း နှင့် စိတ်ထွေပြားခြင်း တို့ကနေ သတိလစ် မေ့မျောခြင်း နှင့် သေသည် အထိဖြစ်စေပါတယ်။

ကြွက်သား များလုပ်ဆောင်မှု ပုံမမှန်ခြင်းကြောင့်

ခြေထောက်တုန်ခြင်း

အမြင်အာရုံ ပြောင်းလဲခြင်း ၊ ပုံမှန် မဟုတ်သော မျက်လုံးလှုပ်ရှားမှု၊

နှစ်ထပ်မြင်ခြင်း ၊ မျက်ခွံတွဲ ကျခြင်း ၊

အရက်ဖျက်ခြင်း

Korsakoff ရဲ့ လက္ခဏာတွေကတော့

မှတ်ညဏ်အသစ်များ မမှတ်နိုင်ခြင်း

မှတ်ညဏ် ချို့ယွင်းခြင်း

အမှန်တကယ် မရှိသောအရာများကို မြင်ခြင်း ၊ ကြားခြင်း (ထင်ယောင်ထင်မှားဖြစ်ခြင်း)

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Wernicke-Korsakoff syndrome (ဝါးနစ်ခ်ကောစာကော့ဖ်ခေါ် အရက်ကြောင့် စိတ်ဖောက်ပြန်သောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

နံပါတ်တစ် ဖြစ်စေသည့်အကြောင်းကတော့ အရက်သောက်သုံးခြင်းဖြစ်ပါတယ်။

အခြားအဖြစ်နည်းတဲ့ အကြောင်းကတော့ အဟာရ စုပ်ယူမှု ကို ကန့်သတ် ထားတဲ့ အခြေအနေ အချို့ကြောင့် ဖြစ်ပါတယ်။

အစားစားခြင်း နှင့် အဟာရစုပ်ယူနိုင်မှုတွေဟာ

အစာအိမ် ခွဲစိတ်မှု – အစာသိုလှောင်နိုင်သော ပမာဏ နည်းပါး သောကြောင့်လိုအပ်သော အဟာရရန် ခက်ခဲသည်။

အူမကြီး ကင်ဆာ – နာကျင်မှုကြောင့် အစားမစားနိုင်ဖြစ်သည်။

ပုံမှန် မဟုတ်သော စားသောက်မှုပုံစံ တို့ကြောင့် မလုံမလောက်ဖြစ်နိုင်ပါတယ်။

အရက်သောက်တာ က နံပါတ်တစ်ဖြစ်နေရတာကတော့ အရက်သမားတွေက အစာစားမှုချို့တဲ့လို့ပါ။ ထို့ပြင် အရက်က ဗီတာမင် B1 စုပ်ယူမှုနဲ့ သိုလှောင်မှုကို တားဆီးလို့ပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Wernicke-Korsakoff syndrome (ဝါးနစ်ခ်ကောစာကော့ဖ်ခေါ် အရက်ကြောင့် စိတ်ဖောက်ပြန်သောရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Wernicke-Korsakoff syndrome (ဝါးနစ်ခ်ကောစာကော့ဖ်ခေါ် အရက်ကြောင့် စိတ်ဖောက်ပြန်သောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

အာရုံကြော/ကြွက်သား စစ်ဆေးမှုတွေက နေပြီး အာရုံကြော အဖွဲ့အစည်း ဘယ်လောက်များများ ပျက်စီးနေလဲဆိုတာသိရှိနိုင်ပါတယ် :

ပုံမှန်မဟုတ်သော မျက်လုံးလှုပ်ရှားမှု

ပုံမှန်မဟုတ်သော သို့ နှေးကွေးသော တုံပြန်မှု

သွေးခုန်နှန်း မြန်ခြင်း ( နှလုံးခုန်နှန်း )

သွေးပေါင်ကျခြင်း

ကိုယ်အပူချိန် ကျဆင်းခြင်း

ကြွက်သားများ ပျော့ခြင်း ၊ သေးခြင်း

လမ်းလျှောက်သောအခါ ယိုင်ခြင်း

လူတစ်ယောက်၏ အဟာရ ပမာဏကို သိရှိအောင် အောက်ဖော်ပြပါ စစ်ဆေးမှု များကို လုပ်ဆောင်နိုင်သည်။

သွေးတွင်း albumin (လူတစ်ယောက်၏ ပုံမှန် အဟာရနှင့် ဆက်နွယ်သည်။)

သွေးတွင်း ဗီတာမင် B1

သွေးနီဥအတွင်း transketolase လုပ်ဆောင်မှု ( ဗီတာမင် B1 ချို့တဲ့သူများတွင် နည်းသည်)

အသည်း enzymes အရက် အလွန် အကျွံသောက်သော သူများတွင် တက်နေနိုင်သည်။

ဗီတာမင် B1 ချို့တဲ့နိုင် သော အခြားအခြေအနေများမှာ

ခုခံအား ကျဆင်းသော ရောဂါ HIV/AIDS

တစ်ကိုယ်လုံး ပြန်နှံ နေသော ကင်ဆာရောဂါ

ကိုယ်ဝန်ဆောင်နေချိန် အလွန် အမင်း ပျို့အန်ခြင်း

နှလုံးရောဂါ (ဆီးဆေး များဖြင့် ကာလရှည်ကြာစွာ ကုသထားခြင်း)

ဗီတာမင် B1 မပါဂင်ဘဲ အကြောဆေး ကုသမှု ကြာမြင့်စွာ ခံယူရခြင်း

ကာလကြာရှည်စွာ ကျောက်ကပ်ဆေးခြင်း

သိုင်းရိုက် ဟော်မုန်း ပမာဏ များခြင်း

ဦးနှောက် သံလိုက်ဓါတ်မှန် ရိုက်ရာတွင် ဦးနှောက် တစ်ရူး များ ပြောင်းလဲနေမှုကို တွေ့ရနိုင်သည်။

သို့သော် Wernicke – Korsakoff syndrome ဟု သံသရ ရှိပါက ချက်ချင်း ကုသမှု ခံယူရမှာပါ။ ပုံမှန် အားဖြင့် ဦးနှောက် သံလိုက် ဓါတ်မှန် မလိုအပ်ပါဘူး။

Wernicke-Korsakoff syndrome (ဝါးနစ်ခ်ကောစာကော့ဖ်ခေါ် အရက်ကြောင့် စိတ်ဖောက်ပြန်သောရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကုသမှု တွေက ရောဂါ လက္ခဏာတွေကို ထိန်းချုပ်ဖို့နဲ့ ရောဂါ မဆိုးလာအောင်ရယ် တားဆီးဖို့ရည်ရွယ်ပါတယ်။ အချို့သူတွေ က ဆေးရုံတက်ဖို့လိုအပ်ပါတယ်။

အကယ်လို့ အောက်ဖော်ပြပါ အခြေအနေ တစ်ခုခုတွင် ရှိခဲ့ပါက သီးသန့် ကြတ်မတ် စောင့်ရှောက် မှု လိုအပ်ပါတယ်။

သတိလစ် မေ့မျော နေသောလူနာ

နုံးခွေနေခြင်း

သတိမရခြင်း

ဗီတာမင် B 1 ကို အကြောထဲ ၊ ကြွက်သားထဲသို့ ထိုးပေးခြင်း ၊ သောက်စေခြင်း ကိုပြုလုပ်ခြင်းဖြင့် စိတ်ရှုပ်ထွေး ဂနာမငြိမ်ဖြစ်ခြင်း ၊

အမြင်အာရုံ ချို့တဲ့ခြင်း နှင့်

ကြွက်သား လှုပ်ရှားမှုတွေကို တိုးတက်ကောင်းမွန်လာစေပါတယ်။

တစ်ခါတစ်ရံ ဗီတာမင် B1 ဟာ Korsakoff ရူးသွပ်ခြင်းကြောင့်ဖြစ်တဲ့ မှတ်ညဏ်ချို့ရွှင်းမှု ကို မသက်သာစေ ပါဘူး။

အရက်သောက်ခြင်းကို ရပ်တန့်လိုက်ခြင်း က သာ ဦးနှောက်ရဲ့လုပ်ငန်း လုပ်ဆောင်မှု နှင့် အာရုံကြော ထိခိုက်မ ှုတွေကို ကာကွယ်နိုင်မှာပါ။

အာဟာရဖြစ်စေသော အစားအသောက် တွေက ကူညီပေးနိုင်ပါတယ် ။ သို့သော် အရက်ဖြတ်ခြင်း ကို အစားထိုးဖို့ မဟုတ်ပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Wernicke- Korsakoff ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အရက် မသောက်ခြင်း သို့မဟုတ် အသင့်အတင့်သာ သောက်သုံးခြင်း နှင့် လုံလောက်သော အစာအဟာရရှိအောင် စားသောက်ခြင်းဖြင့် Wernicke-Korsakoff ရောဂါဖြစ်မှုကိုလျှော့ချနိုင်ပါတယ်။ အကယ်လို့ အရက်မဖြတ်နိုင်သော အရက်အလွန်အကျွံသောက်သုံးသူ အနေနှင့် ဗီတာမင် B1 နှင့် သင့်တင့်သော အစားအသောက် စားသောက်ခြင်း လုပ်မယ်ဆိုရင် ရောဂါဖြစ်စေမှုကိုလျော့ချနိုင်ပေမယ့် မဖြစ်နိုင်အောင် မတားဆီးနိုင်ပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Wernicke-Korsakoff syndrome. https://medlineplus.gov/ency/article/000771.htm. Accessed October 31, 2017.
Wernicke-Korsakoff Syndrome. https://rarediseases.org/rare-diseases/wernicke-korsakoff-syndrome/. Accessed October 31, 2017.
What is Wernicke-Korsakoff syndrome? https://www.medicalnewstoday.com/articles/220007.php. Accessed October 31, 2017.
Wernicke-Korsakoff Syndrome. https://www.healthline.com/health/wernicke-korsakoff-syndrome#overview1. Accessed October 31, 2017.

ယခုပုံစံ

18/12/2019

Hello Sayarwon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement