backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) ကဘာလဲ။

စိတ်ကစင့်ကလျားဖြစ်ရောဂါသည် နာတာရှည် စိတ်မကျန်းမာခြင်းတစ်မျိုးဖြစ်ပြီးတွေးခေါ်ခြင်းကိုဆိုးရွှားစွာအနှောင့်အယှက်ပေးပါသည်။ လူနာ၏ တွေးခေါ်ခြင်းသည် ရှုပ်ထွေးနေပြီးလက်ရှိအဖြစ်အပျက်များမှကွဲထွက်နေပါသည်။ တွေးခေါ်နိုင်နှုန်းသည်လည်း မြန်ချင် မြန် နှေးချင်နှေးကာရပ်တန့်ခြင်းတောင် ဖြစ်လာနိုင်ပါသည်။

ထိုကြောင့် စကားပြောနှုန်းသည်လည်း မြန်ခြင်း နှေးခြင်းစကားထစ်ခြင်းတို့ဖြစ်လာပါသည်။ ဤရောဂါသည် လူနာကိုတွေးခေါ်နိုင်စွမ်း နှင့် ပြဿနာကိုနားလည်သဘောပေါက်မှု ဆုံးရှုံးစေပါသည်။

စိတ်ကစင့်ကလျားဖြစ်ရောဂါဖြစ်သောသူများသည် ခေါင်းထဲတွင် အသံများကြားခြင်း နှင့် အမှန် မဟုတ်သည်များကို မြင်ခြင်း၊ တစ်ပါးသူရန်မူမည်ကိုကြောင့်ကြလွန်သောစိတ်ဖောက်ပြန်မှု စသည်တို့ကြောင့် ထူးခြားသောအပြုအမှုများရှိတတ်ကြပါသည်။

စိတ်ကစင့်ကလျားဖြစ်ရောဂါသည် နာတာရှည်ရောဂါဖြစ်၍ ကြာမြင့်စွာကုသမှု ခံယူခြင်းများလိုအပ်ပါသည်။

Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

လူအယောက် ၁၀၀တွင်၁ယောက်သည် စိတ်ကစင့်ကလျားဖြစ်ရောဂါ ရှိပါသည်။ အမျိုးသားများနှင့် အမျိုးသမီးများတွင် တူညီစွာ ဖြစ်ပွားသည်။ အမျိုးသားများတွင် ပျိုဖော်ဝင်ချိန် မှ အသက် ၂၅ အတွင်းငယ်ရွယ်စဉ်တွင် ရောဂါရနိုင်ပြီးအမျိုးသမီးများတွင် အသက် ၂၅ နှင့် အထက် တွင် စတင်ဖြစ်ပွားပါသည်။

လက္ခဏာများ

Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဓိကရောဂါလက္ခဏာများမှာ

  • တွေးခေါ်ရာတွင် ဇဝေဇဝါဖြစ်ခြင်းဥပမာ- ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း
  • စိတ်ခံစားမှုများကို ပြသရန် ခက်ခဲခြင်း
  • လူအများအပြားရှိသောအများဆိုင်နေရာများကိုကြောက်ရွံ့ခြင်း
  • ပုံမှန်မဟုတ်စွာတွေးခေါ်ခြင်း
  • ထင်ယောင်ထင်မှားဖြစ်ခြင်း ။ အထူးသဖြင့် ယောင်္ကျားသံမိန်းမသံများအသိသံများသူစိမ်းသံများစသည်တို့ကို ပြတ်သားစွာ ကြားနေရခြင်း

အသံများသည်သင့်အားကိုယ့်ကိုယ်ကိုသေကြောင်းကြံခြင်းအခြားသူများအားသတ်ခိုင်းခြင်းစသောသက်တောင့်သက်သာမဖြစ်စေသောအသံများ ဖြစ်ပါသည်။

တစ်ပါးသူရန်မူမည်ကိုကြောင့်ကြလွန်သောစိတ်ဖောက်ပြန်မှုသည် အလွန်အမင်းစိတ်နိုးကြွမှု ကြောင့် ဖြစ်ပါသည်။ မိမိကိုယ်ကိုစွမ်းရည်ထူးများရှိသည်ဟုထင်ခြင်းတကယ်မရှိဘဲရောဂါများ ဖြစ်ပွားနေသည်ဟုထင်ခြင်းတို့ဖြစ်ပါသည်။

အထက်တွင်ဖော်ပြမထားသောရောဂါ လက္ခဏာများလည်းရှိနိုင်ပါသည်။ ရောဂါ လက္ခဏာတစ်ခုကိုသံသယပြုမိပါကဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စိတ်ကစင့်ကလျားဖြစ်ရောဂါရှိသူများသည် မိမိကိုယ်ကိုရောဂါရှိ ပြီးကုသမှု ခံယူရန် လိုကြောင်းမသိပါ။ ထို့ကြောင့် သင်ချစ်ခင်ရသောသူများတွင် စိတ်ပိုင်းဆိုင်ရာလက္ခဏာများနှင့် ပုံမမှန်သော ပြုမှုခြင်းများရှိပါကဆေးရုံသို့ တက်နိုင်သလောက် မြန်အောင် ခေါ်ယူရန် လိုအပ်ပါသည်။ အာရုံကြောဆေးရုံ ဖြစ်ပါကအကောင်းဆုံးဖြစ်သည်။

လူနာများသည် ထွက်ပြေးခြင်းအကြောက်အကန်ရုန်းကန်ခြင်းများရှိနိုင်ပါသည်။

သင့်အနေဖြင့် သင်ချစ်ခင်ရသောနာကျင်ထိခိုက်မှုများမဖြစ်ပေါ်စေရန်အတွက် ဆေးရုံသို့မဟုတ် အာရုံကြောအထူးကုကိုဆက်သွယ်အကြောင်းကြားကာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်ပါသည်။

အကြောင်းရင်းများ

Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

လက်ရှိတွင် စိတ်ကစင့်ကလျားဖြစ်ရောဂါ ဖြစ်စေသောအကြောင်းရင်းကိုမသိရသေးပါ။ သို့သော် သိပ္ပံပညာရှင် များသည် အောက်ပါ အချက်များကြောင့်ဟုယုံကြည်ကြပါသည်။

  • မျိုးရိုး။ ရောဂါသည် မိသားစုအတွင်းမှ ဆင်းသက်လာပါသည်။
  • ပတ်ဝန်းကျင် အချက်များ။ ဥပမာ- ဗိုင်းရပ်စ်များ နှင့် မွေးဖွားပြီးနောက် အာဟာရ ပြဿနာများ
  • ဦးနှောက်၏ ဖွဲ့စည်းတည်ဆောက်မှု နှင့် ဓါတုဗေဒသဘောတွင် ကွဲပြားခြင်း

Risk factors

Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအချက်များရှိပါကစိတ်ကစင့်ကလျားဖြစ်ရောဂါ ဖြစ်ပွားနိုင်မှုကို မြှင့်တက်စေပါသည်။

  • ဆွေမျိုးထဲတွင် စိတ်ကစင့်ကလျားဖြစ်ရောဂါရှိခြင်း၊ အထူးသဖြင့် မောင်နှမ မိဘစသောဆွေမျိုးများတွင် စိတ်ကစင့်ကလျားဖြစ်ရောဂါ ရှိပါကသင့်တွင် ရောဂါဖြစ်နိုင်ရန် အခြားသူများထက် ၁၀ဆပို၍ များပါသည်။
  • ဗိုင်းရပ်ပိုးကူးစက်ခြင်း၊ အဆိပ်မိခြင်း၊ သားအိမ်ထဲရှိချိန်တွင် အာဟာရချို့တဲ့ခြင်း ( အထူးသဖြင့် ပထမ ၆လ)
  • ကလေးမွေးဖွားချိန်တွင် ဖခင်အသက်ကြီးခြင်း
  • ငယ်ရွယ်စဉ်တွင် အာရုံကြောလှုံ့ဆော်သောသို့မဟုတ်ပိတ်ဆို့သောဆေးများသုံးခြင်း

ကိုယ်ခံအား ပြန်လည်တိုက်ခိုက်မှု ရောဂါရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

စိတ်ကစင့်ကလျားဖြစ်ရောဂါရှိသည်ဟုသံသယရှိပါကဆေးမှတ်တမ်းများစစ်ခြင်းဆေးဖက်ဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။

Check blood count (CBC) နှင့် အခြားသွေးစစ်ဆေးမှု များသည် တူညီသောရောဂါလက္ခဏာရှိသောအခြားရောဂါများမှ ခွဲထုတ်ရန် ကူညီပေးပါသည်။ MRI သို့မဟုတ် CT scan စသော test Image များလည်းလုပ်နိုင်ပါသည်။

စိတ်ပိုင်းဆိုင်ရာဆုံးဖြတ်ခြင်း ။ စိတ်ကျန်းမာရေးဆရာဝန်သည် ရုပ်ရည် အသွင်အပြင်၊ ပြောပုံဆိုပုံအတွေးအခေါ်များကိုလေ့လာခြင်းဖြင့် လူနာ၏ စိတ်အခြေအနေကိုစစ်ဆေးနိုင်ပါသည်။ တစ်ပါးသူရန်မူမည်ကိုကြောင့်ကြလွန်သောစိတ်ဖောက်ပြန်မှု၊ ထင်ယောင်ထင်မှား ဖြစ်မှု၊ ပစ္စည်းများအလွဲအသုံးပြုမှု တို့သည် တိုက်ခိုက်သတ်ဖြတ်ခြင်းသေကြောင်းကြံစည်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) ကို ဘယ်လိုကုသပါသလဲ

စိတ်ကစင့်ကလျားဖြစ်ရောဂါသည် ပျောက်ကင်းအောင် ကုသ၍ မရပါ။ သို့သော် ရောဂါ လက္ခဏာများကိုဆေးပေးခြင်း၊ သိမြင်ခြင်းနှင့်ဆိုင်သောအပြုအမူကုထုံးတို့ဖြင့် ကုသ၍ ရပါသည်။

စိတ်မကျန်းမာခြင်းသည် အချိန်ကြာစွာမှားသောအပျက်သဘောဆောင်သောတွေးခေါ်ခြင်းများကြောင့် ဖြစ်ပေါ်လာပါသည်။ ဆရာဝန်သည် သိမြင်ခြင်းကုထုံးကိုသုံးကာလူနာများအားရောဂါဖြစ်စေသောအတွင်းစိတ်အကျင့် ကိုရှာတွေ့အောင် ကူညီနိုင်ပါသည်။ ပြီးနောက် အပြုအမှု ကုထုံးဖြင့် ထိုသို့တွေးခေါ်ခြင်းကိုရှောင်ရှားရန် လေ့ကျင့်မှု လမ်းညွှန်ကိုပေးနိုင်ပါသည်။ ထိုနည်းလမ်းဖြင့် မတွေးခေါ်တော့ပါကရောဂါ လက္ခဏာများပျောက်ကင်းသည် ဟုဆိုလိုပါသည်။

ဆရာဝန်သည် ထင်ယောင်ထင်မှား ဖြစ်ခြင်း နှင့် တစ်ပါးသူရန်မူမည်ကိုကြောင့်ကြလွန်သောစိတ်ဖောက်ပြန်ခြင်းတို့ကိုကာကွယ်ရန် နေ့စဉ်သောက် antineuroticဆေးများကိုပေးပါလိမ့်မည်။ ထပ်မံ၍ ဆရာဝန်သည် psychosocial ကုသမှုကိုအသုံးပြုနိုင်ပါသည်။ ၎င်းသည် နေ့စဉ်လှုပ်ရှားမှုများနှင့် လူထုလှုပ်ရှားမှုများကိုကူညီပေးနိုင်သောအကြံညဏ်ပေးသည့် ကုထုံး ဖြစ်သည်။ ဆရာဝန် ညွှန်ကြားမှု လက်အောက်ရှိ စေတနာ့ ဝန်ထမ်းများသည်လည်းသင်နှင့် သင်ချစ်ခင်သောသူများကိုလိုအပ်သောသိမ်မွေ့သောလုပ်ဆောင်ရည် များကိုသင်ကြားပေးပါလိမ့်မည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကစိတ်ကစင့်ကလျားဖြစ်ရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများသည်စိတ်ကစင့်ကလျားဖြစ်ရောဂါကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။

  • ဆရာဝန်ညွှန်ကြားသည့်အတိုင်းဆေးသောက်ပါ။
  • ထောက်ခံမှုပေးထားသောလှုပ်ရှားမှုများပရိုဂရမ် များတွင် ပါဝင်ဆင်နွဲပါ။ ကူညီပေးနေသောစေတနာ့ဝန်ထမ်းအဖွဲ့ များနှင့် ပူးပေါင်းရန် စဉ်းစားပါ။
  • ဆေး၏ အကျိုးသက်ရောက်မှုကိုဟန့်တားသောကြောင့် အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ။
  • စိတ်ဖိစီးမှုများ ဖြစ်နေသောနေမကောင်းသည့် မိသားစုဝင်များအားပစ်မထားပါနှင့်။ စိတ်ဖိစီးခြင်းအိပ်ရေးမဝခြင်းလုံလောက်စွာမစားရခြင်းနှင့် ကော်ဖီသောက်ခြင်းသည် စိတ်ကျန်းမာရေးအပြုအမှုများကို ပြန်ဖြစ်စေပါသည်။
  • သင်၏ဆွေမျိုးများတွင် အသံများကြားခြင်း၊ တစ်ပါးသူအပေါ်ယုံမှားသံသယလွန်ကျူးခြင်း နှင့် ထူးခြားသောအတွေးအခေါ်များရှိပါကဆရာဝန်အားခေါ်ဆိုပါ။
  • အိပ်မပျော်ခြင်းသို့မဟုတ် သေကြောင်းကြံစည်လိုခြင်းတို့ ဖြစ်ပါကဆရာဝန်အားခေါ်ဆိုပါ။
  • တရားမဝင်ဆေးများအသုံးမပြုပါနှင့်။
  • ဆရာဝန်နှင့် စစ်ဆေးခြင်းမပြုဘဲဆေးများမသုံးပြုပါနှင့်။

အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement