•ဒီစိတ်ရောဂါ ဘာလို့ ဖြစ်ရတာလဲ။
ဒီရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကို မသိရသေးပါဖူး။ ဒါပေမယ့် တခြားသော စိတ်ဝေဒနာတွေလိုပဲ ဒီရောဂါဟာလည်း အကြောင်းတရားတွေ အများကြီးပေါင်းစုံပြီး ဖြစ်လာရတာလို့ အကြမ်းဖျဉ်းယူဆလို့ ရပါတယ်။ဥပမာ
-မျိုးဗီဇ : လေ့လာမှုတွေအရ body dysmorphic disorder ဟာ အမျိုးထဲမှာ ဒါမျိုးရောဂါရှိတဲ့သူ ဒါမှမဟုတ် obsessive-compulsive disorder လို့ခေါ်တဲ့ စိတ္တဇဝေဒနာတမျိုးရှိသူတွေရှိရင် ပိုပြီး အဖြစ်များတယ်လို့ သိရပါတယ်။
-ဦးနှောက်ဆိုင်ရာ ပြဿနာတွေ : ဦးနှောက်ဖွဲ့စည်းပုံ ဒါမှမဟုတ် အလုပ်လုပ်ပုံ မူမမှန်ရင်လည်း ဒီစိတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။
-ပတ်ဝန်းကျင် : ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ဘဝမှာ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေ ဒါမှမဟုတ် ဓလေ့ထုံးတမ်းတွေကလည်း body dysmorphic disorder ကိုဖြစ်စေတဲ့ အဓိက တရားခံတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် ရုပ်ရည်
ဒါမှမဟုတ် ခန္ဓါကကိုယ် ပုံစံအနေအထားကို ဆိုးဆိုးရွားရွား ပြောဆိုဝေဖန်ကဲ့ရဲ့မှုတွေနဲ့ ကြုံတွေ့ ခဲ့ရရင် ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးဘဝက လျစ်လျူရှုခံခဲ့ရတာ ဒါမှမဟုတ် အနိုင်ကျင့်စော်ကားခံခဲ့ရာတာမျိုးတွေကြောင့်လည်း body dysmorphic disorder ဖြစ်လာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။