backup og meta

သင့်အား စိတ်ဆင်းရဲစေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အမူအကျင့် ကိုးခု


Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အား စိတ်ဆင်းရဲစေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အမူအကျင့် ကိုးခု

    အချိန်ကြာလာတာနဲ့အမျှ သင့်ကိုစိတ်ဆင်းရဲစေနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအမူအကျင့် ကိုးမျိုးအကြောင်းကို ဒီဆောင်းပါးတွင် အသေးစိတ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    1. အခြားသူများကိုခွင့်မလွှတ်ခြင်း

    လူတစ်ယောက်ကို ခွင့်လွှတ်ခြင်းဆိုတာ သူတို့ရဲ့ဆိုးဝါးတဲ့ အပြုအမူကိုသက်သာအောင်၊ အမှားတွေကိုသေးအောင်ပြုလုပ်ပေးတာမျိုးကို မဆိုလိုပါဘူး။ ဘာကိုဆိုလိုလဲဆိုတော့ သူတို့ရဲ့ အပြုအမူဟာ သင့်ကိုထိခိုက်အောင် မလုပ်နိုင်တော့တာပဲ ဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းကြောင့် သင့်ရဲ့ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျခြင်း၊ ရန်လိုခြင်းတွေကိုလျော့ကျစေပြီးမိမိကိုယ်ကိုတန်ဖိုးထားမှုနဲ့ ခန္ဓါကိုယ်ကျန်းမာရေးကိုတိုးတက်စေနိုင်ပါတယ်။

    2. သင့်ကိုယ်သင် ခွင့်မလွှတ်ခြင်း

    ကိုယ်အရင်တုံးကပုခဲ့မိတဲ့ အရာတစ်ခုကြောင့် မိမိကိုယ်ကိုခွင့်မလွှတ်နိုင်ခြင်းဟာလည်း သင့်ဘဝကို ခါးသီးစေမှာပါ။ အတိတ်မှာပဲတစ်ဝဲလည်လည် ဖြစ်နေမယ့်အစား

    ကောင်းမွန်တဲ့အရာတွေကို ပစ္စုပ္ပန်မှာလုပ်နိုင်အောင်ပဲ ကြိုးစားရမှာပါ။

    3. တွေးခေါ်ပုံမှားယွင်းခြင်း

    တွေးခေါ်ပုံမှားယွင်းတယ်ဆိုတာ သင်ပြုလုပ်ခဲ့တဲ့ ကောင်းတဲ့အရောတွေထက် မှားယွင်းခဲ့တဲ့ အရာတွေကို ပိုမိုအာရုံစိုက်တွေးတောမိတာကို ဆိုလိုတာပါ။ ဒီလိုတွေးပုံတွေးနည်းမျိုးဟာလူတွေ၊ ပစ္စည်းတွေ၊ နေရာတွေနဲ့ ပြုလုပ်ပုံတွေကိုအကုန် မကောင်းတဲ့ ဘက်ကပဲ မြင်တာမျိုး ဖြစ်စေနိုင်ပါတယ်။

    4. အခြားလူများအပေါ် စံနှုန်းမြင့်မားစွာထားခြင်း

    လူတွေကသင့်ကိုမကြာခဏစိတ်ပျက်စေတယ်လို့ တွေးမိပြီဆိုရင်တော့ သင်ကိုယ်တိုင်လိုက်နာဖို့ခက်ခဲတဲ့စံနှုန်းတွေနဲ့ အခြားသူတွေပေါ်မှာသင်တိုင်းတာနေလို့ပဲဖြစ်မှာပါ။ အမှန်ပြောရရင် သင်မဝန်ခံချင်ပေမယ့်လည်းလူတွေကို သဘောမကျဘူးဆိုတာက ကိုယ့်ရဲ့ပုံစံ (ဉာဉ်)ကို အခြားသူတွေဆီမှာတွေ့ပြီဆိုရင် အများဆုံးဖြစ်တတ်တာပါ။

    5. ဘယ်အရာကမှ ပိုကောင်းလာတော့မှာမဟုတ်ဘူးလို့ ယုံကြည်ခြင်း

    လူဆိုတာမျှော်လင့်ချက်နဲ့ အသက်ရှင်ကြတာပါ။ တကယ်လို့ သင်ဟာအခုဆိုးရွားနေတဲ့အရာတွေ ဒီပုံစံအတိုင်းတစ်သက်လုံးဖြစ်နေတော့မယ်ဆိုပြီးယုံကြည်ထားတယ်ဆိုရင် တကယ်လဲဘာတစ်ခုမှေ ကာင်းလာတော့မှာမဟုတ်လို့ သင့်ဘဝပိုဆိုးလာဖို့ပဲရှိပါတယ်။ ဒီအရာတွေ ပြောင်းလဲဖို့အတွက် သင့်သဘောထားကိုအရင်ပြောင်းမှ ရမှာပါ။

    6. သင့်ဘဝကိုသင်မပိုင်ဘူးလို့ ယုံကြည်ခြင်း

    သင်ကမှ သင့်ဘဝကိုမပိုင်ဘူးဆိုရင် ဘယ်သူကရောပိုင်မှာပါလိမ့်။ ပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ဖို့အတွက် ကိုယ့်ရဲ့အလုပ်တာဝန်တွေကေ ရှာင်တိမ်းခြင်း၊ အသစ်တစ်ခုခုကိုစတင်ရန် ကြောက်ရွံ့ခြင်းတွေကိုရပ်တန့်လိုက်ပါ။

    7. အရာရာဟာသူ့ဘာသာသူ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခြင်း

    အရာရာဟာအချိန်တန်ရင် သူ့ဘာသာသူဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခြင်းဟာလည်းအင်မတန်ဆိုးရွားတဲ့ ယုံကြည်မှုဖြစ်ပါတယ်။ တစ်သက်လုံးမဖြစ်လာနိုင်တဲ့ အရာတစ်ခုကို သင်ဟာဘယ်လောက်ကြာကြာယုံကြည်ပြီး စောင့်ကြည့်မှာပါလဲ။

    8. အလွန်အကျွံ ခြုံငုံကောက်ချက်ချခြင်း

    အလွန်အကျွံ ခြုံငုံကောက်ချက်ချခြင်းဆိုတာတကယ်လို့ သင်တစ်ခုခုမှာရှုံးနိမ့်ခဲ့မယ်ဆိုရင် ဘဝမှာဘာလုပ်လုပ်ရှုံးနိမ့်တော့မယ်လို့ တွေးခေါ်ယုံကြည်နေခြင်းကိုဆိုလိုပါတယ်။ ဒီလိုအတွေးမျိုးကြောင့် စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှုနဲ့ မိမိကိုယ်ကိုယ် သတ်သေမှုအထိတောင် ဖြစ်စေနိုင်ပါတယ်။

    သင်နေ့စဉ်လုပ်နေကျ အရာတွေထဲမှာသင့်ဘဝ (သို့) စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အကြောင်းခြင်းရာတွေ အများကြီးရှိပါတယ်။ အထက်ဖေါ်ပြပါ အကျင့်ဆိုးတွေကိုရှောင်ကျဉ်မယ်ဆိုရင် ပိုမိုကျန်းမာပျော်တဲ့ ဘဝကိုရရှိနိုင်ပါတယ်။ စိုးရိမ်ပူပန်မှုများရှိတယ်ဆိုရင် သင့်ဆရာဝန်၊ စိတ်ကျန်းမာရေးဆရာဝန်နဲ့ရောဂါကုသမှုပေးသူကို ဆက်သွယ်ပြီး အကြံဉာဏ်တောင်းခံပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement