backup og meta

ကျေးဇူးတင်စကားဆိုရတာထင်သလောက်မခက်ပါဘူး

ကျေးဇူးတင်စကားဆိုရတာထင်သလောက်မခက်ပါဘူး

ကျေးဇူးတင်စကားဆိုရတာကို ခက်ခဲတဲ့အရာတစ်ခုလို့ သင်ထင်နေဆဲပဲလား ။ အထူးသဖြင့် ယနေ့ခေတ်အခါလိုမျိုး အလုပ်တွေအရမ်းများပြီး လူတွေကိုကျေးဇူးတင်ကြောင်းပြောဖို့အချိန်မရှိလောက်အောင် အလုပ်ဝန်ပိပြီး စိတ်ဖိစီးမှုတွေများလွန်းတဲ့အခါမျိုးမှာပေါ့။ ဒီလိုလူမျိုးတွေထဲ ကိုယ်ပါမသွားရလေအောင် တတ်နိုင်သမျှ ကျေးဇူးတင်တဲ့အကြောင်း ပြောနိုင်ဖို့ကြိုးစားပါ။ ကျေးဇူးတင်ကြောင်းပြောရတာက သင်ထင်ထားသလောက်တော့ မခက်ခဲတဲ့အပြင် ကိုယ့်အတွက်လည်း အကျိုးရှိစေတဲ့အရာလေးပါ။ ကျေးဇူးတင်ခြင်းကနေရလာနိုင်တဲ့အကျိုးကျေးဇူးလေးတွေကိုကြည့်ကြရအောင်ပါ။

၁။ ကျေးဇူးတင်တာက မိတ်ဆွေတိုးစေပါတယ်

ကျေးဇူးတင်ကြောင်းပြောတတ်တဲ့အလေ့အထက ရှိရင်းစွဲမိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်ဆံရေး ခိုင်မာစေရုံသာမက မိတ်ဆွေသစ်တွေလည်း တိုးစေပါတယ်။ သင် တစ်စုံတစ်ယောက်ဝင်နိုင်ဖို့ တံခါးဖွင့်ပေးလိုက်တဲ့အခါမျိုးမှာ သူက ကျေးဇူးတင်ကြောင်းပြောပါလိမ့်မယ်။ အဲဒီအချိန်မှာ သင်ဘယ်လိုခံစားရသလဲ။ အကယ်၍ သူက ကျေးဇူးတင်စကားတစ်ခွန်းမပြောဘဲ မသိကျိုးကျွံပြုကာ ဝင်သွားမယ်ဆိုရင်ကော သင်ဘယ်လိုခံစားရမလဲ။ သင်ခံစားရသလိုပဲ အခြားလူတွေလည်း သင့်နည်းတူ ခံစားရတယ်ဆိုတာကိုသတိပြုပါ။ ဒါကြောင့် အသေးစိတ်ကိစ္စရပ်လေးတွေကအစ ကျေးဇူးတင်သင့်ရင် ကျေးဇူးတင်လိုက်ပါ။

၂။ ကျေးဇူးတင်တတ်တဲ့ အလေ့အထက ကျန်းမာစေပါတယ်

လေ့လာမှုတွေမှာ လူတွေကိုကျေးဇူးတင်တတ်တဲ့သူတွေဟာ ရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်ခံားရမှုနည်းသလို ပိုပြီး ကျန်းမာတာကိုတွေ့ရှိရပါတယ်။ ကျေးဇူးတင်တတ်သူအများစုက သူတို့ကိုယ်သူတို့ဂရုစိုက်တတ်တဲ့သူတွေဖြစ်တာ ကြောင့်ကျန်းမာရေးကောင်းမွန်တာဖြစ်ပါတယ်။ ကျေးဇူးတင်တတ်တဲ့သူတွေကကျန်းမာရေးစစ်ဆေးမှုတွေကို ပုံမှန်လုပ်ဆောင်လေ့ရှိသလို ဘဝသက်တမ်းလည်းပိုရှည်ပါတယ်။

၃။ ကျေးဇူးတင်တတ်တာက စိတ်တည်ငြိမ်မှုရစေတယ်

ကျေးဇူးတင်တတ်တာက မနာလိုဝန်တိုတာ၊တွန့်တိုတာနဲ့ သီးမခံနိုင်တာနဲ့ဝမ်းနည်းတာတွေကို သက်သာစေပါတယ်။ ကျေးဇူးတင်ခြင်းနဲ့ပတ်သက်ပြီး ထိပ်တန်းသုတေသီတစ်ဦးဖြစ်တဲ့ ဒေါက်တာ Robert A. Emmons ရဲ့သုတေသနတစ်ရပ်မှာ ကျေးဇူးတင်တတ်ခြင်းနဲ့ပျော်ရွှင်မှုတို့အကြားကဆက်စပ်မှုကိုလေ့လာခဲ့ ပါတယ်။ ကျေးဇူးတင်တတ်တဲ့အလေ့အထက စိတ်ကျေနပ်မှုကိုတိုးမြင့်စေပြီး စိတ်ဖိစီးမှုကိုကျဆင်းစေပါတယ်။

၄။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးတက်စေတယ်

အသုံးချအားကစား စိတ်ပညာ ဂျာနယ်မှာဖော်ပြတဲ့ လေ့လာမှုတစ်ရပ်မှာ ကျေးဇူးတင်တတ်တာက မိမိပုံရိပ်ကို တိုးတက်စေတာကိုတွေ့ရပါတယ်လို့ဖော်ပြထားပါတယ်။ ကျေးဇူးတင်တာက လူမှုရေးအရအငြင်းပွားမှုတွေနဲ့ သဘောထားကွဲလွဲမှုလျော့ကျစေနိုင်စွမ်းရှိတယ်လို့သိရပါတယ်။ ကျေးဇူးတင်တတ်တဲ့သူတွေက သူတို့ရဲ့အောင်မြင်မှုတွေအပေါ်မှာပဲအာရုံစိုက်ပြီး အခြားသူတွေရဲ့ အောင်မြင်မှုကို မနာလိုဝန်တိုခြင်းကင်းကြသည်။ ထို့ကြောင့်သူတို့သည် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုပြည့်ဝကာ ပိုပြီးလည်းအောင်မြင်ကြသည်။

လူတော်တော်များများမှာ မွေးကတည်းကကျေးဇူးတင်တတ်တဲ့ အလေ့အထပါမလာပါဘူး။ ကံကောင်းတာတစ်ချက် က ကျေးဇူးတင်တတ်တဲ့ အလေ့အထကို မွေးယူလို့ရပါတယ်။ ပထမတော့ ကျေးဇူးတင်စကားဆိုရတာ ခက်ခဲပါလိမ့်မယ်။ နောက်တော့အကျင့်တစ်ခုလိုဖြစ်သွားမှာပါ။ ကျေးဇူးတင်တတ်တာက နေ့ရက်တွေကို ပိုမိုတောက်ပစေပြီး ပိုမိုပျော်ရွှင်စေမှာဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Scientifically Proven Benefits Of Gratitude That Will Motivate You To Give Thanks Year-Round.
http://www.forbes.com/sites/amymorin/2014/11/23/7-scientifically- proven-benefits- of-gratitude-that-will- motivate-you- to-give- thanks-year- round/#48af48e96800 Assessed September 24, 2016

ယခုပုံစံ

12/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Ye Myo Myat မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ



Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement