backup og meta

ကျေးဇူးတင်စကားက သင့်ဘဝအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ

ကျေးဇူးတင်စကားက သင့်ဘဝအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ

ဘဝရှင်သန်နေထိုင်စဉ်အတွင်း တခါတရံမှာ စိတ်ဓါတ်ကျမှုတွေ၊စိုးရိမ်ပူပန်စရာတွေ၊ဝမ်းနည်း ပူဆွေးမှုတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြင်ပကအထောက်အပံ့တွေကိုချည်း ရယူတဲ့နည်းလမ်းက အမြဲတော့အလုပ်မဖြစ်ပါဘူး။ အကောင်းမြင်တဲ့ အတွေးတွေက ပျော်ရွှင်စေတယ်ဆိုတာကို ကြားဖူးရဲ့လား။ စိတပညာဆိုင်ရာသုတေသနလုပ်ဆောင် ချက်တွေအရ ကျေးဇူးတင်စကားဆိုတာနဲ့ လူသားတွေရဲ့ပျော်ရွှင်မှုအကြားမှာ ကြီးကြီး မားမားဆက်စပ်မှုရှိနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီတန်ဖိုးရှိတဲ့ သဘောထားကို ထုတ်ဖော်ပြသနိုင်မယ့် နည်းလမ်းတွေကို သင်ယူတာကအရမ်းကို အရေးပါ သလိုဘဝရဲ့အခြေအနေအရပ်ရပ်တိုင်းမှာကျင့်သုံးနိုင်ပါတယ်။

ကျေးဇူးတင်တယ်ဆိုတာက လက်တင်ဘာသာစကား ကနေဆင်းသက်လာတဲ့ စကားလုံးတစ်လုံးဖြစ်ပါတယ်။ ကျေးဇူးတင်တဲ့အတွေးတွေက အဖိုးမဖြတ်နိုင်တဲ့ ဘဝအတွေ့အကြုံတွေကိုတွေ့ရှိနိုင်ဖို့လမ်းညွှန် ပေးပါတယ်။ လက်ရှိမှာ အခက်အခဲတွေရင်ဆိုင်နေရပေမယ့်လည်း ဘဝမှာအမြင့်ဆုံးသော ဘဝပျော်ရွှင်မှုကိုရရှိအောင်ကိုယ်တိုင် စွမ်းဆောင်နေရတာပဲဖြစ်ပါတယ်။ ကျေးဇူးတင်တတ်တဲ့ အလေ့အထက သင့်အတွက် အဟန့်အတား အတားအဆီးဖြစ် နေတဲ့ပြဿနာတွေ ကိုဖြေရှင်းဖို့ နည်းလမ်းတွေကိုရှာတွေ့စေမှာဖြစ်ပြီး ကိုယ့်မှာပိုင်ဆိုင်ထား တဲ့ကောင်းမွန်တဲ့အရာတွေကိုသိရှိနားလည်စေမှာဖြစ်ပါတယ်။ ဒီလိုမျိုး ကျေးဇူးတင်တတ်တဲ့အလေ့အထကနေ တဆင့် တဖြည်းဖြည်းချင်း ကောင်းမွန်တဲ့အရာတွေရဲ့ အရင်းအမြစ် တွေကိုတွေ့ရှိလာမှာဖြစ်ပါတယ်။ လူတိုင်းကတစ်ဦးတည်း တစ်ယောက်တည်းနေလို့မရပါဘူး။ အခြားသူတွေနဲ့ မရေရာတဲ့အရာတွေဖြစ်ပေါ်နေတဲ့ကြားကပဲ ပျော်ရွှင်မှု ရရှိအောင်ကြိုးပမ်းမှုကကိုယ့်ဝန်းကျင် မှာရှိတဲ့ မှန်ကန်တဲ့ အရာတွေကို ရှာဖွေတာပဲဖြစ်ပါတယ်။

ကျေးဇူးတင်တတ် တဲ့သူတွေဟာ အခက်အခဲတွေကိုဖြေရှင်းတဲ့အခါ အခြားသူတွေထက် ပိုမိုကောင်းမွန်တယ်ဆိုတာပဲဖြစ်ပါတယ်။ ဥပမာပြောပြရရင် နာတာရှည်ရောဂါခံစားနေရသူတစ်ဦးအနေ နဲ့ရောဂါပျောက်ကင်းမယ့်အစီအစဉ်အပေါ်မှာပိုပြီး အကောင်းမြင်ယုံကြည်မှုထားသင့်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမျိုးမလုပ်သင့်ပါဘူး။

ကျေးဇူးတင်တာကို ဖော်ပြတဲ့နေရာမှာလည်း တရားထိုင် တာကကျေးဇူးတင်တတ်အောင်လေ့ကျင့်နိုင်မယ့် အလွယ်ဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို ပြန်တွေးတောရင်းနဲ့ ပိုင်ဆိုင်ရရှိခဲ့တာတွေအတွက် ကျေးဇူးတင်တာခြင်းကပင် ကျေးဇူးတင်တတ်အောင်လေ့ကျင့်ရာ မှာ လွယ်ကူစေမယ့်နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အထောက် အကူဖြစ်စေနိုင်မယ့်နည်းလမ်းတွေကတော့ –

• ကျေးဇူးတင်တဲ့အကြောင်းကို စာတိုရေးသား ဖော်ပြလို့ရပါတယ်။

ကျေးဇူးတင်ကြောင်းကို စာနဲ့ရေးတာပဲဖြစ်ဖြစ် မက်ဆေ့ခ်ျပို့တာမျိုးပဲဖြစ်ဖြစ် လုပ်ဆောင်ပေးပို့တာက အခြားသူတွေနဲ့ ဆက်ဆံရေး ကိုကောင်းမွန်စေပြီး ကိုယ်တိုင်မှာလည်း ပျော်ရွှင်မှုရရှိ စေတာဖြစ်ပါတယ်။ ကျေးဇူးတင်ရမယ့်အကြောင်း ကိစ္စတွေနဲ့ သင့်ကိုစိတ်ကျေနပ်စရာပေးနိုင်တဲ့ အကြောင်းအရာတွေကိုရေးချပါ။ ပြီးတဲ့နောက် ထိုစာကိုသိမ်းထားပါ။ ဝမ်းနည်းတဲ့အခါ ဒီစာကိုဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျော်ရွှင်စရာ ကောင်းတဲ့အခိုက် အတန့်ကိုပြန်ခေါ်သွားပါ။ ပျော်ရွှင်စရာအခိုက်အတန့် ရှိခဲ့ဖူးတာကိုပြန်အောက်မေ့ပါ။ အခြေအနေ ဆိုးတာတွေကိုဖြေရှင်းဖို့အင်အားအဖြစ်အသုံးပြုပါ။

• တစ်ဦးတစ်ယောက်ကိုစိတ်ထဲက ကျေးဇူးတင်လိုက်ပါ။

တကယ်လို့သင့်အနေနဲ့ စိတ်ကသိ ကအောက်ဖြစ်ရင်ပဲဖြစ်ဖြစ်၊ ရေးချစရာစာရွက်တွေ နဲ့ဘောလ်ပင်တွေမရှိရင်ပဲဖြစ်ဖြစ် သင့်အပေါ် ကောင်းကျိုးပြုခဲ့တဲ့ လူတစ်ယောက် အကြောင်းကို တွေးကြည့်ပြီး စိတ်ထဲကနေကျေးဇူးတင်လိုက်ပါ။

• အမြဲအကြင်နာတရားထားပါတယ်။

အကြင်နာတရားကကျေးဇူးတင်တဲ့အကြောင်း ကိုဖော်ပြနိုင်တဲ့နည်းလမ်းကောင်းတစ်ရပ်ပဲဖြစ်ပါ တယ်။ ကိုယ့်အတွက်ကိုယ် အပြုသဘောဆောင်တဲ့ ခံစားချက်တွေဖြစ်ပေါ်စေနိုင်မယ့် နည်းလမ်းတစ်ရပ် လည်းဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ကို အိမ်မှုကိစ္စတွေကူညီပေးတာပဲဖြစ်ဖြစ် ဆာလောင်နေတဲ့သူကိုစားစရာပေးတာမျိုးပဲဖြစ်ဖြစ် လုပ်ပေးခြင်းဖြင့် ကြင်နာမှုရဲ့ အကျိုးကျေးဇူးကို သိရှိနိုင်မှာဖြစ်ပါတယ်။

• ဆုတောင်းပါ။

ဘာသာတရားကိုင်းရှိုင်းတဲ့သူတွေက သူတို့စိတ်တည်ငြိမ်မှုရရှိစေဖို့အတွက်ဆုတောင်းမှုက အထောက်အပံ့ဖြစ်စေတယ်လို့ယူဆကြပါတယ်။ ဆုတောင်းတာက စိတ်ဖိစီးမှုကိုသက်သာစေပြီး ကောင်မွန်တဲ့လမ်းကိုညွှန်ပြနိုင်ပါတယ်လို့ယုံကြည် ကြပါတယ်။

ကျေးဇူးတင်ခိုင်းခြင်းရဲ့ရည်ရွယ်ချက်က လူတွေကို သူတို့မှာ မရှိတဲ့အရာတွေကို ရှာဖွေဖို့ တွန်းအားပေးခြင်းမဟုတ်၊ သူတို့ လက်ဝယ်ပိုင်ဆိုင်ထားတာတွေကို တန်ဖိုးထားတတ်အောင် သင်ကြားပေးခြင်းပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်တတ်တဲ့အလေ့အထက အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုကိုဖြစ်ပေါ်စေပြီး ကောင်းမွန်တဲ့အတွေ့အကြုံကိုရရှိစေတဲ့ အပြင် အဆိုးတွေနဲ့စိတ်ဓါတ်ကျစေတဲ့ အရာတွေကို ထင်ဟပ်စေပြီး စိတ်ဓါတ်ကျနေတာကိုပြောင်းလဲစေပြီး ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ နေ့စဉ်ကျေးဇူးတင်တတ် တဲ့အလေ့အထကိုမွေးမြူတာက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုဖြစ်စေပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Mindfulness and Positive Thinking. http://www.pursuit-of- happiness.org/science-of-happiness/positive-thinking/. Accessed September 22, 2016.

Eight Ways Gratitude Boosts Happiness. http://gratefulness.org/resource/eight-ways/. Accessed
September 22, 2016.

How Gratitude Can Change Your Life. http://www.thechangeblog.com/gratitude/. Accessed September 22, 2016.

Gratitude practice. http://kidshealth.org/en/teens/gratitude-practice.html. Accessed September 22,
2016.

ယခုပုံစံ

18/07/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Chan Myae မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ



Yun Sandi Nan Mon မှ ရေးသားသည်။ · 18/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement