backup og meta

အစွံထုတ်ကြတော့မယ့်သူတွေ မလောသင့်တဲ့ အကြောင်းရင်း (၅) ချက်

ချစ်သူဘဝကနေ မိသားစု လေးတစ်ခု စတင်ဖန်တီးတော့မယ်လို့ စဉ်းစားနေပြီလား။ အတွေးထဲက ကြင်စဦးမိသားစုဘဝလေးက အရမ်းကိုလှပနေမှာပါပဲ။

ရုပ်ရှင်ထဲတော့ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ဆိုပဲ။ ဒါပေမယ့် တကယ်တမ်းပြင်ဆင်ပြီဆိုရင်တော့ ဒီထက်ပိုပြီး လက်တွေ့ဆန်လာပါတော့မယ်။ ဘဝဆိုတာ အချစ်တစ်ခုတည်းမှ မပြီးတာလေ။

ဒါဆို ရှေ့ရေးအတွက် နှစ်ဦးသား ဘာတွေတိုင်ပင်ပြီးပြီလဲ။ စွယ်တော်ရွက်လေးတွေအတွက် အကောင်းဆုံးအကြံဉာဏ်တွေးကြည့်ရအောင်နော်။

အရင်ဆုံး နှစ်ဖက်မိဘ ကိုအသိပေးလို့ ကြည်ဖြူသဘောတူညီမှုကို ရထားဖို့လိုပါတယ်။ ဒါဟာလည်း သာယာပျော်ရွှင်ရတဲ့ မင်္ဂလာတစ်ခုဖြစ်လာဖို့ အရေးပါတဲ့ အချက် တစ်ခု ပါပဲ။ သဘောတူကြတယ် ဆို နှစ်ကိုယ်ကြား တိုင်ပင်ဖို့ပဲ ကျန်ပါတော့တယ်။ အရေးကြီးဆုံး အချက် (၅) ချက်ကို အကြံပြုပေးလိုက်ပါတယ်။

(၁) ချစ်သူချင်း ဆက်ဆံရေးကို သုံးသပ်ပါ

ကိုယ့်ချစ်သူကို တကယ် ယုံကြည်ပြီလား၊ ယုံလို့ရောရလား သုံးသပ် ဆုံးဖြတ်ပါ။ ယုံကြည်မှု ဆိုတာ ချစ်သူတွေ အတွက် အဓိကကျတဲ့ အရာတစ်ခု ဖြစ်တာကြောင့် ယုံကြည်မှုကို တည်ဆောက်ပြီး ချိန်မှ လက်ထပ်ဖို့ စဉ်းစားသင့်ပါတယ်။

(၂) ဘယ်မှာ နေကြမလဲ

မိဘ အိမ် မှာပဲ အတူနေကြမှာလား၊ အိမ်ဝယ် မှာလား၊ အိမ်ငှား မှာလား ဆိုတာ တော့ အရင်ဆုံး တိုင်ပင်ရ ပါလိမ့်မယ်။ ဟိုးရှေးကလို တဲအိုပျက်လည်း ရှိမှမရှိတာ လေ။ ကိုယ်တွေ စုထား ဆောင်းထားတာလေ းတွေ နဲ့ ပြင်ဆင်မလား၊ မိဘတွေက ကူညီ ထောက်ပံ့မှာလား ဆိုတာတော့ အခြေအနေချင်း မတူညီကြဘူး ပေါ့နော့။

(၃) ဝင်ငွေ အခြေအနေ ဘယ်လိုရှိလဲ

မိသားစု အသစ်စက်စက်လေး ကို တည်ဆောက်တော့မှာ ဖြစ်တဲ့ အတွက် အရာရာ အသစ်တွေချည်း ပါပဲ။ တစ်ကနေ စတင်တဲ့အချိန် လိုအပ်တာတွေ ဖြည့်ဆည်းနိုင်ဖို့ ကိုယ်တိုင် ရပ်တည်နိုင်ရပါမယ်။ ပြောရရင် ကိုယ့်အထွာနဲ့ ကိုယ် ထိုက်သင့်တဲ့ အတိုင်းအတာ တော့ ဝင်ငွေရှိသင့်တဲ့အချိန် ဖြစ်ပါတယ်။

(၄) သားသမီး ဘယ်အချိန် ယူမှာလဲ

အိမ်ထောင်ပြုပြီးရင် ကလေး ဘယ်တော့ ယူမှာလဲ၊ ဘယ်နယောက် ယူမှာလဲ စတဲ့ မိသားစုစီမံကိန်းကို လ ည်း ကြိုပြီး တိုင်ပင် ညှိနှိုင်းသင့်တယ်နော်။ ဒီအချက်ကို ဖယ်ထားလို့ ဘယ်ရမလဲ။ ကိုယ်တို့နှစ်ဦး ရဲ့ မျိုးဆက်သစ် ရတနာလေးတွေ ဆိုတာ မိသားစုမှာ အရေးကြီးဆုံးဖြစ်လာတော့မှာ။

(၅) မိသားစုရှေ့ရေးအတွက် ဘာတွေ အစီအစဉ် ရှိလဲ

ကိုယ်တိုင် တည်ဆောက်တဲ့ မိသားစုလေး အတွက် ငွေရှာမယ်၊ ကျွေးမွေးမယ်၊ စောင့်ရှောက်မယ် ဆိုတာ နဲ့ မပြီးပါဘူး။ နောင်ရေး အတွက် စုတာဆောင်းတာ အစီအစဉ်တစ်ခုခု ရှိထားသင့်ပါတယ်။ ဥပမာ – ဘဏ်မှာ ငွေစုထားမလား၊ လုပ်ငန်းလေး လုပ်ထားမလား စတာတွေပေါ့။

သာယာ ပျော်ရွှင်ရတဲ့ မိသားစု အသိုက်အမြုံလေး တည်ဆောက်မယ့် သူတွေ အတွက် ဒီအချက်လေး တွေကို ထည့်စဉ်းစားသင့်ပါတယ်နော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.businessinsider.com/how-does-term-life-insurance-work

Accessed Mar-6,2020.

https://www.thebalance.com/getting-engaged-or-married-what-insurance-to-consider-4172831

Accessed Mar-6,2020.

ယခုပုံစံ

11/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement