မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ
ဗိုက်ကတော့ မချောင်သေးဘူး စားစရာ နောက်တစ်ခုခုက ပါးစပ်ထဲရောက်နေပြီ။ တစွတ်စွတ်နဲ့ စားမိနေတာ ဗိုက်လည်းမဆာဘဲနဲ့လေ။ စားမိနေတုန်းတော့ မသိသေးဘူး။ ပြန်စဉ်းစားကြည့်လိုက်ရင် တစ်နေ့တာမှာစားခဲ့မိတာ စုံလို့။ ဒီလိုစားမိတာ အစာအိမ်အတွက်ရော ခန္ဓာကိုယ် ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ ဝိတ်တွေတက်လာမယ်၊ အစာမကြေဖြစ်မယ် စတဲ့ အကျိုးဆက်တွေရှိလာနိုင်တာပေါ့။ ဒါကို ထိန်းချုပ်ဖို့အတွက် ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းခံတော့ သိထားဖို့လိုပါတယ်။ မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ ။

မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ
မဆာလည်း စားမိနေတဲ့ အကြောင်းအရင်းတွေက
- စိတ်ဖိစီးမှု
စိတ်ဖိစီးတာ ကြာရှည်လာရင် ခန္ဓာကိုယ်မှာ ထွက်လာတတ်တဲ့ cortisol ဟော်မုန်းကြောင့် အစားတွေ ပိုစားမိတတ်တယ်။ စိတ်ဖိစီးမှုက အမြဲလက်တကမ်းမှာ ရှိနေတယ်ဆိုရင် အဲ့ဟော်မုန်းက မြင့်တက်နေပြီး သရေစာတွေပဲဖြစ်ဖြစ် တောက်လျှောက်စားနေမိမှာပဲ။
- အားမရှိလို့
ကိုယ်က လုံလုံလောက်လောက် အနားမယူတဲ့အခါ ဆာလောင်မှုကို ဖြစ်စေတဲ့ ghrelin ဟော်မုန်းပမာဏ မြင့်တက်လာပါတယ်။ တချိန်တည်းမှာပဲ ဆာလောင်မှုနဲ့ အစားစားချင်စိတ်ကို လျော့စေတဲ့ leptin ဟော်မုန်းပမာဏက ကျဆင်းသွားပါတယ်။
ဒီဟော်မုန်းနှစ်မျိုးက ဆာလောင်စိတ်ကို ထိန်းချုပ်ပေးတာပါ။ အနားယူချိန် မလုံလောက်လို့ အားမရှိ၊ နွမ်းနယ်တဲ့အခါ အစာကို ပိုတောင့်တစေပါတယ်။ ဒါ့ကြောင့် ခုလေးတင်စားပြီးတယ် ထပ်စားချင်နေပြန်ပြီဆိုတာမျိုး ဖြစ်လာပါတယ်။
တစ်ခါတလေ အဖော်ကောင်းလို့လည်း ခဏခဏစားနေမိတတ်ပါတယ်။ လူစုံတာနဲ့ ဆာလည်းစား မဆာလည်းစား၊ စားရင်း စကားပြောရင်းနဲ့ အချိန်ကုန်တတ်ကြတယ်။
အရက်သောက်တတ်တဲ့သူတွေမှာ အစားအသောက်နဲ့ ပတ်သက်တဲ့ ဆင်ခြင်ချင့်ချိန်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ အရက်သောက်သူတွေဟာ အဆီနဲ့ အချိုများတဲ့ အစားအသောက်တွေလိုမျိုး ကျန်းမာရေးနဲ့ မညီတာတွေကို ပိုစားမိလေ့ရှိပါတယ်။
လေ့လာမှုတွေအရတော့ အရက်သောက်ခြင်းက ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းနဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်းကို ထိခိုက်စေလို့ အရသာရှိတဲ့ သရေစာတွေကို ငြင်းဆန်နိုင်ဖို့ ခက်ခဲစေပါတယ်တဲ့။