Delirium tremens ဆိုသည်မှာ အရက်အလွန်သောက်သူများ အရက်ဖြတ်လိုက်သောအခါ ဖြစ်ပေါ်လာသော ရုတ်တရက် စိတ်ရှုပ်ထွေးခြင်း တစ်မျိုး ဖြစ်ပါသည်။ စိတ်ရှုပ်ထွေးရာတွင် ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ခံစားမှုများ ပြောင်းလဲခြင်း၊ မျက်စိလည်ခြင်း နှင့် ရန်လိုသော သောင်းကျန်းသော အပြုအမှုများ ပါဝင်ပါသည်။

Delirium tremens (DT) သည် အရက်ဖြတ်ခြင်းကြောင့် ဖြစ်သော ဆိုးရွားသော ရောဂါတစ်မျိုး ဖြစ်ပါသည်။
အရက်ကြောင့်ဖြစ်သော Delirium tremens သည် အရက်ဖြတ်ရောဂါနှင့် ဂနာမငြိမ်ဖြစ်မှု မှတ်တမ်းများ ရှိသော အချိန်အကြာကြီး အရက်အလွန်အကျွံသောက်သောသူများတွင် ဖြစ်ပွားပါသည်။ အန ္တရာယ်ရှိသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ရောဂါလက္ခဏာများသည် လျင်မြန်စွာ ဆိုးရွှားနိုင်ပါသည်။ အောက်ပါတို့ပါဝင်ပါသည်။
တက်ခြင်း( DT ၏အခြားလက္ခဏာများမရှိဘဲဖြင့် လည်းဖြစ်နိုင်သည်)
အထက်တွင် ဖော်ပြမထားသော ရောဂါလက္ခဏာ အချို့လည်းရှိနိုင်ပါသည်။ ရောဂါ လက္ခဏာ တစ်ခုကို သံသယရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
အစာစားပြီးနောက် အစာဓါတ်မတည့်ခြင်းဖြစ်ပါက ဆရာဝန်နှင့် သွားရောက်ပြသပါ။ ဖြစ်နိုင်ပါက ဓါတ်မတည့်မှုဖြစ်နေသည့် အချိန်တွင် သွားရောက်ပြသပါ။ ၎င်းသည် ရောဂါအဖြေရှာခြင်းကို ကူညီနိုင်ပါသည်။ ဓါတ်မတည့်ခြင်း၏ ရောဂါလက္ခဏာများ တွေ့ရပါက အရေးပေါ်ကုသမှု ကို ရှာဖွေရယူပါ။
အထူးသဖြင့် ဘာအစာမှမစားဘဲ အရက် အလွန်အကျွံ သောက်သုံးနေစဉ်မှ အရက်သောက် ခြင်း ကို ရပ်တန့်လိုက်သောအခါ Delirium tremens ဖြစ်ပွားနိုင်ပါသည်။
Delirium tremens သည် ဦးခေါင်းဒဏ်ရာရခြင်း၊ ရောဂါပိုးကူးစက်ခြင်း နှင့် အရက်အလွန် သောက်သူများ ဖျားနာခြင်း တို့ကြောင့် လည်း ဖြစ်နိုင်ပါသည်။
အရက်ဖြတ်သော မှတ်တမ်းရှိသော သူများတွင် အဖြစ်အများဆုံး ဖြစ်ပါသည်။ အထူးသဖြင့် နေ့စဉ် ဝိုင် ၄-၅ ပိုင့်၊ ဘီယာ ၇-၈ ပိုင့်၊ အရက်ကြမ်း ၁ ပိုင့် လောက် ကို လအတော်ကြာ သောက်သောသူ များတွင် အဖြစ်များပါသည်။ delirium tremens သည် အရက် ၁၀ နှစ် ကျော် သောက်သုံးသူများတွင် ဖြစ်ပွားနိုင်ပါသည်။
အစာဓါတ်ပြုခြင်း ကို ဖြစ်စေနိုင်သော အချက်များမှာ
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်၏ ဆရာဝန်သည် အရက်ဖြတ်သော မှတ်တမ်းများမှ ရောဂါ အဖြေရှာခြင်းကို ပြုလုပ်ပါလိမ့်မည်။ ထို့အပြင် အောက်ပါစစ်ဆေးမှုများလည်း ပြုလုပ်နိုင်ပါသည်။
DTs သည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပြီး ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ များဖြစ်နိုင်ပါသည်။ အများစုသည် detox ဖြင့် ကုသမှု ခံယူနိုင်ပါသည်။ အဆိပ်အတောက် ဖယ်ခြင်းသည် ရက်အနည်းငယ်မှ တစ်ပတ်အထိ ကြာနိုင်ပါသည်။ စိတ်တုန်လှုပ်ခြင်းနှင့် တက်ခြင်းကို ကာကွယ်ရန် အကြောဆေးအရည်များ ပေးခြင်းလိုအပ်ပါသည်။ အခြား ဆေးဆိုင်ရာ ခွဲစိတ်မှု ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ကိုလည်း ကုသရပါမည်။
ရေရှည်အတွက် လူနာများသည် ပြန်ဖြစ်ခြင်းမှ ကာကွယ်ရန် အောက်ပါကုသမှုများ လိုအပ်ပါမည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကDelirium tremensကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါလူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည်Delirium tremens ကို ကုသသော နေရာတွင် အကူအညီပေးနိုင်ပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။