backup og meta

Addiction And Substance Abuse, Adult (စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Addiction And Substance Abuse, Adult (စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းဆိုတာဘာလဲ) ကဘာလဲ။

ဆေးစွဲခြင်းဟု အသိများသော လွဲမှားစွာ အသုံးပြုခြင်း ဆိုသည်မှာ အသုံးပြုသူသည် အန္တရာယ်ရှိသော ပစ္စည်းများကို ဆိုးကျိုးအား မစဉ်းစားဘဲ အသုံးပြုခြင်းကို ခေါ်သည်။ အရက် နှင့် တရားမဝင်သောဆေးများ စသော စိတ်ကြွပစ္စည်းများ အလွန်သုံးသောအခါ စွဲလန်းခြင်းကို ဖြစ်စေပြီး အန္တရာယ် များသော ဆိုးကျိုးများကို ဖြစ်စေသည်။ ရုပ်ပိုင်းဆိုင်ရာ၊ လူမှု ရေးနှင့် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်စေသည့်အပြင် အချို့ ဆေးများသုံးခြင်းသည် ဥပဒေပြစ်ဒဏ်ပေးခံရခြင်းနှင့် အခြား လူမှုရေး ဝန်ထုပ်ဝန်ပိုးများကို ဖြစ်စေနိုင်သည်။

Addiction And Substance Abuse, Adult (စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ

ဤကျန်းမာရေးအခြေအနေသည် အလွန်အဖြစ်များပါ သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Addiction And Substance Abuse, Adult (စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်း၏ အချို့လက္ခဏာ များသည် စိုးရိမ်ရနိုင်သည်။

  • ဆေးစွဲနေသောကြောင့် လျစ်လျူရှု ခံရခြင်း
  • သင်သုံးသော ဆေးများသည် အန္တရာယ်များပြီး အလွန်သုံးပါက ဆိုးကျိုးများ ဖြစ်နိုင်သည်။
  • သင်သုံးသော ဆေးများသည် ဥပဒေနှင့် စပ်လျဉ်း သော ပြဿနာများ ဖြစ်စေနိုင်သည်။
  • ဆေးမတိုးခြင်း ဖြစ်လာသည်။
  • ဆေးဖြတ်သည့် လက္ခဏာများကို မခံစားလို၍ ဆေးကို ဆက်သုံးသည်။
  • ထိန်းချုပ်မရနိုင် ဖြစ်မည်။
  • ဆေးသည် သင့်ကို အန္တရာယ်ပေးမှန်း သိသော်လည်း ဆက်သုံးသည်။
  • ဆေးသုံးရင်းဖြင့် ဘဝသည် တစ်ပတ်လည်နေမည်။
  • ပျော်ပွဲရွှင်ပွဲများတွင် စွန့်ပစ်ထားခြင်း ခံရမည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Addiction And Substance Abuse, Adult (စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းဆိုတာဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ

ဆေးအလွန်သုံးခြင်းကို ဖြစ်စေသော အကြောင်းရင်းများ စွာ ရှိပါသည်။ စီးကရက်၊ အရက် စသော ပစ္စည်းများသည် လူအတော်အများ ကလေးဘဝ သို့မဟုတ် ဆယ်ကျော်သက်မှ စ၍ သုံးစွဲ ကြသော အန္တရာယ် အများဆုံး ပစ္စည်းများဖြစ်သည်။ လူတစ်ယောက် လွဲမှားစွာ သုံးစွဲခြင်းကို ဖြစ်စေနိုင်သော အချက်အချို့ရှိပါသည်။

ပထမဦးစွာ ဆက်ဆံမှုပြဿနာများသည် လွဲမှားစွာ သုံးစွဲခြင်းကို ဖြစ်စေသော အဓိကအကြောင်းရင်း ဖြစ်သည်။ ကလေး၏ အစောပိုင်းဖွံဖြိုးမှုကို လွှမ်းမိုးသော မိသားစုတွင်း အချက်များသည် ဆေးစွဲနိုင်ချေ မြင့်တက်ခြင်းနှင့် ဆက်နွယ်မှု ရှိသည်။ မိဘမှ ဂရုစိုက်မှု မရှိသော မိသားစုတွင် ကြီးပြင်းလာ ပါက ကလေးသည် ဆေးစွဲခြင်း ဖြစ်နိုင်ချေ မြင့်သည်။ တစ်ခါတစ်ရံ မိဘများသည် ဆေးစွဲနေပါက သူတို့၏ ကလေး သည် စွဲလန်းနိုင်ချေ မြင့်ပါလိမ့်မည်။

ဒုတိယအနေဖြင့် လူတစ်ယောက်၏ မိသားစုအပြင်ဘက် ဆက်ဆံရေးနှင့်ဆိုင်သော အချက်များသည် ဆေးစွဲနိုင်ချေ ကို မြင့်စေပါသည်။ လူအများသည် လူဝင်ဆန့်စေရန် သို့မဟုတ် ရှက်ကြောက်သော အပြုအမူကို ရှောင်ကြဉ်ရန် ဆေးသုံး ကြသည်။ ၎င်းသည် လူမှုရေး မကျွမ်းကျင်ခြင်း၏ ရလဒ် ဖြစ်သည်။ အချို့လူများသည် ရည်းစားနှင့်ပြတ်ခြင်း၊ ချစ်ရ သောသူ ဆုံးရှုံးခြင်း၊ အလွဲသုံးစား အပြုခံရခြင်း စသော စိတ် ပြဿနာများမှ ခံစားမှုများကို ဖုံးကွယ်ရန် အရက် သို့မဟုတ် ဆေးသုံးကြသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Addiction And Substance Abuse, Adult (စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းဆိုတာဘာလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်း ဖြစ်နိုင်ချေ မြင့်စေ သော အချက်များမှာ

  • လူမှုဆက်ဆံရေး
  • သင့်ဆီကို ချွတ်နင်းဝင်လာသော ပြဿနာများ
  • ဆေးများသည် သင်တန်ဖိုးထား သုံးစွဲသော လိုအပ်ချက်အတိုင်း ဖြည့်ဆည်းပေးနိုင်ပါသည်။
  • ဆေးစွဲခြင်း ဖြစ်နိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Addiction And Substance Abuse, Adult (စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းဆိုတာဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအဖြေရှာစစ်ဆေးရန် ဆရာဝန်သည် စိတ်ရောဂါ စစ်ဆေးခြင်းနှင့် အချက်အလက်လမ်းညွှန် (DSM-5) ရှိ စံညွှန်းများကို အသုံးပြုပါသည်။

Addiction And Substance Abuse, Adult (စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းဆိုတာဘာလဲ) ကို ဘယ်လိုကုသပါသလဲ

ဆေးစွဲသူအများစုမှာ ဆေးသုံးခြင်းကို မိမိဘာသာ ဖြတ်နိုင် သည်ဟု ထင်သော်လည်း အများစုမှာ ဆေးဖြတ်ရန် မအောင် မြင်ပါ။ လေ့လာမှုအရ ကြာရှည်စွာ ဆေးသုံးခြင်းသည် ဦးနှောက်လုပ်ငန်းကို ပြောင်းလဲစေပြီး ဆေးသုံးလိုစိတ်ကို ပြင်းထန်စေသည်။ ဆေးသုံးခြင်း ရပ်ပြီးနောက်တွင်ပင် ထို စိတ်ဓါတ်ပြင်းပြခြင်း ဆက်လက်ဖြစ်ပေါ်သည်။ ထို့ကြောင့် ကုသမှု၏ အရေးအကြီးဆုံး နည်းလမ်းမှာ ထိုစိတ်များ ပြန်မဖြစ် အောင် ကာကွယ်ခြင်းဖြစ်သည်။ ဆေးစွဲသူတွင် ဆေးသုံးလို စိတ်ကို မြင့်စေသော အကြောင်းရင်းခံ စိတ်ရောဂါ ရှိသည်။ ထိုရောဂါများကို ဆေးစွဲခြင်းအကြောင်း ဆွေးနွေး လမ်းညွှန်ရင်း ကုသရမည်။

ဆေးစွဲခြင်းကို ကုသခြင်းသည် လူနှင့် အသုံးပြုသော ဆေးအပေါ်တွင် မူတည်သည်။ အပြုအမှု ကုသမှုသည် ဆေးသုံးလိုစိတ်ကို ထိန်းချုပ်နိုင်သော နည်းလမ်းများ၊ ပြန် မဖြစ်ပေါ်အောင် တားဆီးသော နည်းလမ်းများကို ပေးပါသည်။ ဆရာဝန်သည် ဆေးဖြတ်ခြင်းကြောင့် ဖြစ်သော လက္ခဏာများ နှင့် ဆေးစွဲခြင်းအချို့ကို ထိန်းချုပ်နိုင်သော ဆေးများ သောက် ရန် ညွှန်ကြားနိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် စွဲလန်းခြင်းနှင့် လွဲမှားစွာ အသုံးပြုခြင်းကို ထိန်းချုပ်နိုင် ပါသည်။

  • နေထိုင်မှုပုံစံကို မျှတမှုရှိအောင် ကြိုးစားပါ။
  • အရက်နှင့် ဆေးလိပ်သောက်ခြင်းကို ရပ်ပါ။
  • လေ့ကျင့်ခန်းလုပ်ပါ။
  • ကျန်းမာရေးနှင့် ညီညွှတ်အောင် စားပါ။
  • အပေါင်းအသင်းများနှင့် ဆက်သွယ်ပါ။
  • စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ပါ။
  • မိသားစုဝင်များ သို့မဟုတ် သင်ချစ်ခင်သော သူများ နှင့် မျှဝေပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Definition of Substance abuse. http://www.medicinenet.com/script/main/art.asp?articlekey=24405. Accessed September 3, 2016.
Substance abuse. http://www.webmd.com/mental-health/addiction/substance-abuse. Accessed September 3, 2016.
Substance abuse. http://www.emedicinehealth.com/substance_abuse/page5_em.htm. Accessed September 3, 2016.
How do I know if I am addicted?. https://www.drugabuse.gov/related-topics/treatment/what-to-do-if-you-have-problem-drugs-adults. Accessed September 3, 2016.

ယခုပုံစံ

07/06/2022

Dr. Zin Wai Yan Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement