backup og meta

စိတ်ခံစားမှုပြောင်းလဲခြင်းကို ဘယ်လိုထိန်းချုပ်မလဲ


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ခံစားမှုပြောင်းလဲခြင်းကို ဘယ်လိုထိန်းချုပ်မလဲ

    အသည်းကင်ဆာ။ စိတ်ခံစားမှု ပြောင်းလဲခြင်းကို ဘယ်လို ထိန်းချုပ်မလဲ။

    လူများသည် ဘဝတွင် စိတ်ဖိစီးမှု ကိစ္စများကို ကွဲပြားစွာ တုံ့ပြန်ကြသည်။ သင့်ကိုယ်သင် အလွန်ခက်ခဲသော အချိန် ကို ရင်ဆိုင်နေရသည်ဟုထင်ပြီး စိတ်ခံစားမှု အသစ်များ ရရန် လိုအပ်နေနိုင်သည်။ အချို့လူများသည် အသည်းကင်ဆာ ရောဂါအဖြေရှာမှုကို ကိုင်တွယ်နိုင်သည်။ အချို့မှာ သူတို့၏ ခံစားမှုများကို ထိန်းချုပ်ရန် ခက်ခဲကြသည်။ သင့် စိတ်ခံစားမှု ကို တိုးတက်စေသော နည်းလမ်းအချို့ကို အောက်တွင် ဖော် ပြထားပါသည်။

    အမှန်တရားကို လက်ခံပါ။

    သင့် စိတ်ခံစားမှုကို မြင့်စေသော အရေးပါသော အချက် တစ်ချက်မှာ ဆေးကုသမှုကို ကြောက်ရွံ့နေသော်လည်း အကောင်းမြင်ရန်ဖြစ်သည်။ လူအများစုသည် အကောင်းမြင် သည်ဆိုသည်မှာ ပျော်ရွှင်အောင်နေသည်ဟု ဆိုလိုသည်ဟု အထင်မှားနေသည်။ အမှန်မှာ ၎င်းသည် အသည်းကင်ဆာ ဖြစ်စဉ် ဖြစ်လာနိုင်သော ကြောက်စရာ ဖြစ်နိုင်ချေများကို သိ မြင်ပြီး လက်ခံနိုင်ခြင်းဖြစ်သည်။

    သင်သည် ထို ကြောက်စရာ ခံစားမှု များကို ရှေ့ဆက်တိုးရန် အတွက် တွန်းအားအဖြစ် အသုံးပြုသင့်သည်။ နောက် အကြံပြုချက်မှာ သင်မှန်သည် ထင်ရာကို လက်ကိုင်ထား၍ သင့်စိတ်ကူးများကို သင့်အား ဆွဲ ချခွင့် မပြုပါနှင့်။ သင်လိုအပ်ပါက ငိုပါ။ ဘေးကင်းသော နည်းလမ်းဖြင့် ဒေါသကို ဖော်ပြပါ။

    ထို့အပြင် အသည်းကင်ဆာဖြင့် ရှင်သန်ရန် အကောင်း မြင် နည်းလမ်းကို ရွေးချယ်ရန်လည်း အလွန်အရေးကြီးပါ သည်။ ကောင်းစွာ စားပြီး ကျန်းမာရေးနှင့် ညီညွှတ်သော ရွေးချယ်မှုများ ပြုလုပ်ခြင်း ( ဆေးလိပ်ဖြတ်ခြင်း၊ အရက် သောက်ခြင်းကို လျော့ချခြင်း စသည်) တို့သည် အကောင်း ဆုံး ဥပမာများဖြစ်သည်။ ဤအရာနှင့် ပတ်သတ်သော ပိုများသော အချက်အလက်များကို အသည်းကင်ဆာလူနာ များအတွက် အာဟာရအကြောင်း ဆောင်းပါးများတွင် ရှာဖွေ နိုင်သည်။

    သင်ဖြစ်နိုင်သော အခြားလက္ခဏာများကို ထိန်းချုပ်ပါ။

    အသည်းကင်ဆာ ဖြစ်နေစဉ် အထူးသဖြင့် ကုသမှု ခံယူ နေစဉ် နာကျင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အိပ်မပျော်ခြင်း သို့ မဟုတ် စားသောက်မှု ပြဿနာများ စသည်တို့ အလွန် အဖြစ်များသည်။ ထိုလက္ခဏာများကြောင့် သင်သည် သာမန် ထက်ပို၍ စိတ်ဓါတ်ကျနိုင်သည်။

    ထို့ကြောင့် သင်၏ ပြဿနာများကို ကျန်းမာရေး ထောက်ပံ့ပေးသူနှင့် တိုင်ပင် ဆွေးနွေးရန် အလွန်အရေးကြီးသည်။ သင့်အခြေအနေနှင့် ပတ်သက်၍ ဗဟုသုတ ကောင်းစွာရှိခြင်းသည် ရောဂါကို ထိန်းချုပ်နိုင်သော နည်းလမ်းကောင်းတစ်ခုက်ု ပေးနိုင်ပါ သည်။

    စိတ်ဖြေလျော့သော နည်းလမ်းများ၊ လေ့ကျင့်ခန်းများ ပြုလုပ် ပါ။

    တရားထိုင်ခြင်း၊ ယောဂကျင့်စဉ် ကျင့်ခြင်း၊ ရုပ်လုံးဖော် ခြင်း၊ အိပ်မွေ့ချ ကုထုံး၊ နှိပ်နယ်ခြင်း၊ reflexology စသော စိတ်ဖြေလျော့မှု နည်းလမ်းများသည် စိတ်ဓါတ်ကျခြင်း၊ ကြောက်လန့်ခြင်း နှင့် စိုးရိမ်ပူပန်ခြင်းတို့ကို ကောင်းစွာ ထိန်း ချုပ်ပေးနိုင်သော နည်းလမ်းအချို့ဖြစ်သည်။

    လေ့ကျင့်ခန်းသည်လည်း သင့် ခံစားမှုအချို့၏ တင်းမာမှု ကို ထိန်းချုပ်ပေးနိုင်သော နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ အရေးကြီးသော အချက်မှာ သင်ပြုလုပ်သော ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအားလုံးသည် သင့်ကျန်းမာရေး အခြေအနေဖြင့် သင့်တော်စေရန် ဖြစ်သည်။ အရင်က လေ့ကျင့်ခန်း မလုပ်ဖူး ပါက သင်သည် အခြားလူများ ပုံမှန်လုပ်သကဲ့သို့ လေ့ကျင့် ခန်း များ လုပ်နိုင်မည် မဟုတ်ပါ။

    ထိုအခါ သင့် ခန္ဓါကိုယ် အား ကျင့်သားရစေရန် ဖြည်းဖြည်းချင်း စတင်သင့်သည်။ လမ်းတို လျှောက်ခြင်း ပြုလုပ်သင့်သည်။ ထို့အပြင် အရင် လူနာများ နှင့် ဆရာဝန်များထံမှ အကြံညဏ်များ တောင်းခြင်း ကိုလည်း ထောက်ခံပါသည်။ မိသားစုနှင့် သူငယ်ချင်းများ သည် သင့်အား ရှေ့ဆက်သွားရန် အားပေးနေပါသည်။

    သင့်အခြေအနေအကြောင်း အခြားလူများကို ပြောပြပါ။

    အဆိုးမြင်သော အတွေးများကို စွန့်လွှတ်ရန် အရေးကြီး ပါသည်။ အခြားလူများကို စကားပြောခြင်း၊ သီချင်းနားထောင် ခြင်း၊ အသံကုန်ဟစ် အော်ခြင်း သို့မဟုတ် ငိုခြင်း စသည်တို့ သည် သင့်အား သက်သာစေပါသည်။ အခြားသူများနှင့် မျှဝေ ခြင်းသည် တစ်ခါတစ်ရံ မလွယ်ကူပါ။ သို့သော် ယုံကြည်ရ သော သူငယ်ချင်း၊ မိသားစုများနှင့် သင့်အကြောင်းကို မျှဝေ ခြင်းသည် သင့်ဘာသင် သိမ်းဆည်းထားခြင်းထက် ပိုကောင်း ပါသည်။

    ကင်ဆာ ထောက်ပံ့မှု အဖွဲ့ကို ဆက်သွယ်ခြင်းသည် ကင် ဆာလူနာများအတွက် ကောင်းပါသည်။ သူတို့တွင် တူညီ သော အခြေအနေ၊ ခံစားမှုများရှိပြီး သင့် ပြဿနာများကို မျှ ဝေရန် ပို၍ လွယ်ကူပါသည်။

    လူနာအများစုကို အသည်းကင်ဆာအကြောင်း နားလည် ရန် သို့မဟုတ် အသည်းကင်ဆာကို ချက်ချင်း ထိန်းချုပ်ရန် မျှော်လင့်ထား၍ မရပါ။ ကင်ဆာရှိသည်ကို လက်ခံရန် အနည်းငယ် ကြာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကြောက်လန့်ခြင်း၊ ငြင်းဆိုခြင်း နှင့် ဒေါသထွက်ခြင်းတို့ဖြင့် ရင်ဆိုင်ရသောကြောင့် ဖြစ်သည်။ သို့သော်လည်း ရောဂါကို လက်ခါပြီးနောက် ရင်ဆိုင်ရင် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပြီးနောက်တွင် သင့်အခြေအနေသည် ပိုကောင်း လာပါမည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement