backup og meta

ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေမယ့် နည်းလမ်းများ

ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေမယ့် နည်းလမ်းများ

ဓမ္မတာလာခြင်းက အမျိုးသမီးတိုင်းအတွက် လစဉ်ကြုံတွေ့ရတဲ့ စိတ်ရှုပ်စရာကိစ္စတစ်ရပ်ပါ။ အိမ်အလုပ်လိုမျိုး ကိစ္စတွေ၊ သင်ကြားရေးတွေမှာ အဆင်မပြေသလို၊ ဝမ်းဗိုက်နဲ့ ကျောတို့မှာ အလွန်နာနာကျင်ကျင် ခံစားရပါတယ်။ အဲ့လိုဖြစ်ရပ်တွေကြောင့် ဓမ္မတာလာစဉ် နာကျင်မှုကို ဘယ်လိုသက်သာအောင် လုပ်မလဲဆိုတာ အမျိုးသမီးတွေအတွက် အသုံးအဝင်ဆုံး နည်းလမ်းပါ။

ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေမယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။

အကိုက်အခဲပျောက်ဆေး သောက်ခြင်း

ဒီမှာ ဘေးကင်းဖို့ သတိရှိရပါမယ်။ အာမခံ၊ ထောက်ခံပေးတဲ့ ဆေးအမျိုးအစားတွေကတော့ Ibuprofen နဲ့ Naproxen တို့ ဖြစ်ပါတယ်။ သူတို့ဟာ Nonsteroidal Anti-inflammatory Medication (NSAID) ဖြစ်ပြီး အသင့်အတင့် အသုံးပြုခြင်းဖြင့် ဓမ္မတာလာစဉ် နာကျင်မှုကို ဘေးရန်ကင်းကင်းနဲ့ သက်သာစေမှာပါ။ ဓမ္မတာလာစဉ် ထွက်ပေါ်တဲ့ Prostaglandins ကြောင့် နာကျင်မှု ဖြစ်ပေါ်တာပါ။

NSAID က အဲ့ဒီဓါတ်ပစ္စည်း ပမာဏကို လျှော့ချပေးပြီး နာကျင်မှုကို သက်သာစေပါတယ်။ ဒီဆေးတွေ အသုံးပြုမယ်ဆို သိထားရမယ့် အချက် ၂ ချက်ရှိပါတယ်။ ပထမအချက်ကတော့ သင်နဲ့ သင့်တော်မယ့် ဆေးကို ဆရာဝန်နဲ့ စစ်ဆေးပါ။ ဒုတိယအချက်က ညွှန်ကြားထားတဲ့ ပမာဏကို ဂရုပြုပါ။

အစားအသောက် ဆင်ခြင်ခြင်း

အဆီနည်းနည်း အသီးအရွက်များများ စားသုံးတာက Inflammation ပမာဏကို လျှော့ချပေးတာကြောင့် နာကျင်မှုကို သက်သာစေပါတယ်။ ဒီနည်းလမ်းက တိုက်ရိုက်မဟုတ်ပေမယ့် ထိရောက်ပါတယ်။ နောက်တစ်ခုက ဗီတာမင်-ဒီ လုံလုံလောက်လောက် စားသုံးပါ။ Vitamin-D3 များများသုံးစွဲခြင်းက ဓမ္မတာလာစဉ် နာကျင်မှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ငါးကြီးဆီနဲ့ ဗီတာမင်-ဘီ တို့ကလည်း ကူညီနိုင်ပါတယ်။

လက်ဖက်ရည် ( ရေနွေးကြမ်း ) အနည်းငယ် သောက်သုံးခြင်း

တချို့ ဆေးဖက်ဝင်အရွက်တွေက estrogen ( မ-ဟော်မုန်း ) အဖြစ်ဆောင်ရွက်နိုင်ပြီး ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေပါတယ်။ Chamomile Tea ၊ Peppermint Tea ၊ Cramp Bark Tea တို့ကို ညွှန်ပေးတာ များပါတယ်။ ဒါပေမယ့် ဟော်မုန်း၊ ဆီးလမ်းကြောင်းတို့နဲ့ ပတ်သက်တဲ့ ပြနာတွေရှိမရှိ ဆရာဝန်နဲ့ စစ်ဆေးရပါမယ်။

အပ်စိုက်ကုထုံး (Acupuncture)

အပ်စိုက်ကုထုံးက အာရုံကြောစနစ်ကို သက်တော့သက်သာ ဖြစ်စေနိုင်ပါတယ်။ ကိုယ်အတွင်းပိုင်း အင်္ဂါတွေရဲ့ သွေးလှည့်ပတ်မှုကို တိုးတက်ကောင်းမွန်စေပြီး Anti-inflammatory အဖြစ် ဆောင်ရွက်ပေးပါတယ်။ သင်လုပ်ဖို့လိုတဲ့ တစ်ခုတည်းသောအရာက ကျွမ်းကျင်တဲ့ အပ်စိုက်ဆရာကို ရှာဖို့ပါ။

လိုအပ်တဲ့ ဆီတွေနဲ့ နှိပ်နယ်ခြင်း

ဒီနည်းလမ်းက Acupuncture နဲ့ Herbal Therapy တို့ ပေါင်းစပ်ထားတဲ့ ကုထုံး တစ်ခုပါ။ လူနာဟာ အမွှေးနံ့ရယ်၊ နှိပ်နယ်ပေးလို့ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုတွေကတဆင့် အကူအညီ ရပါလိမ့်မယ်။

အနွေးဓါတ် ရယူခြင်း

ဓမ္မတာလာစဉ် ကိုယ်တွင်းအင်္ဂါတွေက ပြင်းပြင်းထန်ထန် ဆွဲကျုံ့တာကြောင့် နာကျင်မှု ခံစားရတာပါ။ တစ်နည်းအားဖြင့် အနွေးဓါတ်က တင်းကျပ်သွားတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ရေနွေးအိတ်၊ ပူနွေးစိုစွတ်တဲ့ ပုဝါတို့ကို ဝမ်းဗိုက်နေရာမှာ ဖုံးအုပ်ပြီး အသုံးပြုပါ။ မဟုတ်ရင်လဲ ပုလင်းထဲကို ရေနွေးဖြည့်ပြီး အလားတူ အသုံးပြုနိုင်ပါတယ်။

လေ့ကျင့်ခန်းတချို့ ပြုလုပ်ခြင်း

ရေရှည်မှာ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက သင့်ရဲ့ ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာဖို့ ကူညီပေးပါလိမ့်မယ်။ သင့်ခံနိုင်ရည် တိုးတက်ဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Ways to Relieve Period Cramps | Everyday Health. http://www.everydayhealth.com/treatment/womens-health/ways-to-relieve-period-cramps/ Accessed January 20, 2017
Menstrual Cramps: 6 Home Remedies – Medical Daily. http://www.medicaldaily.com/menstrual-cramps-6-home-remedies-247558 Accessed January 20, 2017

ယခုပုံစံ

18/10/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဒီတို့အတွက် ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်း (၅) ခု

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement