Lichen sclerosus ဆိုတာ အရေပြားပေါ်မှာ အဖြူရောင် အကွက်များကို ဖြစ်ပေါ်စေတဲ့ ရောဂါဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ ဒီလို အဖြူရောင်ကွက်များ ဖြစ်ပေါ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အရေပြားတိုင်းမှာ ဖြစ်ပေါ်နိုင်ပေမယ့် များသောအားဖြင့် အမျိုးသမီး အင်္ဂါနှုတ်ခမ်းဝ၊ အမျိုးသား လိင်တံထိပ်ငုံအရေပြားနဲ့ စအိုနားတစ်ဝိုက်က အရေပြားတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။
ဒီလို အဖြူရောင် အကွက်တွေက လိင်တံထိပ်ငုံအရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ပိုဖြစ်တတ်ကြပါတယ်။ ဒီလို အဖြူကွက်များ ဖြစ်ပေါ်တဲ့ ဝေဒနာကို မကုသဘဲထားရင် လိင်မှုကိစ္စဆိုင်ရာ ချို့ယွင်းမှုနဲ့ ပြင်းထန်တဲ့ အမာရွတ်များကို ဖြစ်ပေါ်စေပါတယ်။ စောစောစီးစီး သိပြီး ကုသမယ်ဆိုရင်တော့ အမာရွတ်ဖြစ်ပေါ်ခြင်းနဲ့ အကျိုးဆက်များကို တားဆီးနိုင်ပါတယ်။
ဓာတ်မတည့်ခြင်းဆိုတာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်က တရားလွန် အလုပ်လုပ်ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ဓာတ်မတည့်တဲ့ ဝေဒနာ ရှိတဲ့ လူတစ်ယောက်မှာဆိုရင် ဒီလူရဲ့ ခန္ဓာကိုယ်ခံအားစနစ်က သာမန်အားဖြင့် အန္တရာယ်မရှိတဲ့ ဖုန်မှုန့်တွေမှာ နေတဲ့ အကောင်လေးတွေ၊ ဝတ်မှုန်တွေ၊ ဆေးဝါးတွေ ကို တိုက်ခိုက်ဖို့အတွက် ရောဂါကာကွယ်ပေးတဲ့ ပဋိဇီဝပစ္စည်းတွေကို ထုတ်လုပ်လိုက်ပါတယ်။ ဒီလို တရားလွန် အလုပ်လုပ်ခြင်းဟာ အနီကွက်ထခြင်း၊ မျက်လုံးယားခြင်း၊ နှာရည်ကျခြင်းနဲ့ အသက်ရှူှူခက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
တချို့လူတွေကြတော့လည်း ဆေးဝါးတွေနဲ့ ဓာတ်မတည့်ကြပါဘူး။ ဒီလို ဆေးဝါးနဲ့ ပြင်းထန်စွာ ဓာတ်မတည့်တဲ့ ရောဂါကို Stevens-Johnson ရောဂါ လက္ခဏာလို့ခေါ်ပါတယ်။ Stevens-Johnson ရောဂါဟာ လိင်တံနဲ့ တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ခရမ်းရောင်နဲ့ အနီကွက်တွေ ဖြစ်စေနိုင်ပါတယ်။ ဒီအနီကွက်လေးတွေ ပိုဆိုးလာတာနဲ့ အရေခွံများ ကွာကျခြင်းနဲ့ အနာများ ဖြစ်ပေါ်လာနိုင်ပြီး အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါသစ်တွေ ထပ်ထွက်လာနိုင်ပါတယ်။ Stevens-Johnson ရောဂါကို အရေးပေါ် ကုသဖို့လိုပါတယ်။
တချို့သော ဆေးဝါးတွေက Stevens-Johnson ရောဂါ ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါတွေကတော့-
- ဆာလဖာ အခြေခံပြီး ထုတ်လုပ်ထားတဲ့ ပဋိဇီဝဆေးများ ( sulfa-based antibiotics)။
- အကိုက်အခဲပျောက်ဆေး (ဥပမာ Ibuprofen) ။
- အကြောဆွဲခြင်းနဲ့ အတက်ရောဂါကို လျော့ကျစေတဲ့ ဆေးများ။
- စိတ်ဝေဒနာကို ကုသပေးတဲ့ ဆေးများ။
- နာကျင်၊ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဆေးများ။
- ပဋိဇီဝဆေး။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်သလဲ။
အမျိုးသားတစ်ယောက်ဟာ အကြောင်းရင်း မသိဘဲ လိင်တံ အရောင်ပြောင်းလာပြီး နာကျင်မှုကို ခံစားရတာနဲ့ တစ်ပြိုင်နက် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ အထူးသဖြင့်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။