backup og meta

အမျိုးသမီးများ တစ်ကိုယ်ရည်အာသာဖြေခြင်းနှင့်ပတ်သက်၍ သင်သိသင့်သည့်အကြောင်းအရာများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများ တစ်ကိုယ်ရည်အာသာဖြေခြင်းနှင့်ပတ်သက်၍ သင်သိသင့်သည့်အကြောင်းအရာများ

    အမျိုးသားတွေလိုပဲ အမျိုးသမီးတွေဟာလည်း လိင်စိတ်ဖြေဖျောက်ကြပါတယ်။ The Journal of Sex Research ရဲ့ လေ့လာမှုအသစ်တစ်ခုက အမျိုးသမီး အတော်များများဟာ အနည်းဆုံး တစ်ပတ်ကို တစ်ခါ လိင်စိတ်ဖြေဖျောက်ကြတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသမီး လိင်စိတ်ဖြေဖျောက်ခြင်း အကြောင်းကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

    လိင်စိတ်ဖြေဖျောက်ခြင်းဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

    အမျိုးသမီးတစ်ယောက် လိင်စိတ်ဖြေဖျောက်တဲ့အခါမှာ ကိုယ်ခန္ဓါအနှံ့ သွေးလည်ပတ်မှုဟာ တိုးတက်လာပြီးတော့ နေလို့ကောင်းစေတဲ့ ဦးနှောက်ရဲ့ ဓါတုပစ္စည်းတစ်ခုဖြစ်တဲ့ Endorphins ထွက်လာပါတယ်။ ဒီ ဓါတုပစ္စည်းဟာ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှု လျှော့ချပေးခြင်းက စလို့ ရာသီလာချိန်မှာ ဗိုက်နာခြင်းကို သက်သာစေခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရှိနိုင်ပါတယ်။ အမျိုးသမီးတွေကတော့ လိင်စိတ်ဖြေဖျောက်ခြင်းကို သဘာဝအတိုင်း နာကျင်မှုလျော့ကျစေတဲ့နည်းလို့ ယူဆကြပါတယ်။ ရာသီလာရင် ခံစားရတဲ့ လက္ခဏာတွေဖြစ်တဲ့ ဗိုက်နာခြင်း၊ စိတ်တိုခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ဟာ လိင်စိတ်ဖြေခြင်းအားဖြင့် သငက်သာနိုင်ပါတယ်။ ဒါ့အပြင် မကြာသေးမီက လေ့လာမှုတစ်ခုက လိင်စိတ်ဖြေခြင်းဟာ အိပ်နေစဉ်မှာ ခြေထောက်လှုပ်နေတဲ့ အာရုံကြော ပြဿနာတစ်ခုဖြစ်တဲ့ ခြေထောက်ဂနာမငြိမ်ရောဂါ ကုသမှုကို ထောက်ပံ့ပေးပါတယ်လို့ ဆိုပါတယ်။

    လိင်စိတ်ဖြေခြင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ လိင်မှုဘဝကို မြှင့်တင်ပေးပါတယ်။

    လိင်စိတ်ဖြေခြင်းဟာ အမျိုးသမီးတွေကို လိင်မှုဆိုင်ရာ သာယာမှုနဲ့ ယုံကြည်မှုကို ပေးစွမ်းပါတယ်။ ဒါဟာ အိမ်ထောင်ရှိတဲ့ အမျိုးသမီးရော အိမ်ထောင်မရှိတဲ့ အမျိုးသမီးရော အတွက် ဆိုလိုတာ ဖြစ်ပါတယ်။ တစ်ကိုယ်ရည် လိင်စိတ်ဖြေဖျောက်တဲ့ အမျိုးသမီးတွေဟာ သူတို့ ကိုယ်ခန္ဓါအကြောင်းကို သိချင်စိတ် ပိုရှိကြပါတယ်။ ဘယ်အရာက နေလို့ကောင်းတယ်၊ ဘယ်လိုလုပ်ခြင်းက နေလို့ကောင်းတယ်ဆိုတာ သိရှိဖို့ ရာနှုန်းများခြင်းကြောင့် တကယ် လိင်ဆက်ဆံမှုပြုတဲ့အခါမှာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရှိပြီး ဖြစ်နိုင်ပါတယ်။ လိင်စိတ်အထွတ်အထိပ် မရောက်နိုင်တဲ့ သူတွေအတွက်လည်း လိင်စိတ်ဖြေခြင်းဟာ စိတ်ဖိစီးစရာ၊ ရှက်စရာ မလိုပဲ ဖိအားအမျိုးမျိုး၊ ထိတွေ့ပုံအမျိုးမျိုးနဲ့ စမ်းသပ်ကြည့်နိုင်တဲ့ ကိုယ်ပိုင်အချိန်တစ်ခုပဲဖြစ်ပါတယ်။ ဒါဟာ သူတို့ကို လိင်စိတ်အထွတ်အထိပ်ရောက်ဖို့ ဘယ်လိုပုံ ဘယ်လိုနည်းလုပ်ရမယ်ဆိုတာကို သိမြင်ဖို့ ကူညီပေးနိုင်ပါတယ်။

    လိင်စိတ်ဖြေခြင်းဟာ သွေးဆုံးပြီး လိင်ဆက်ဆံမှု ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။

    သွေးဆုံးနေစဉ်မှာ အမျိုသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓါဟာ ပြောင်းလဲမှုအများကြီးဖြစ်ပေါ်ပါတယ်။ Estrogen ပမာဏ နည်းခြင်းဟာ မိန်းမကိုယ်ကို သွေးရောက်ရှိမှု နည်းပါးစေပြီး မိန်းမကိုယ်ချောဆီထွက်ခြင်းကို လျော့နည်းစေကာ ခြောက်သွေ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါဟာ သွေးဆုံးပြီး လိင်ဆက်ဆံမှုကို ခက်ခဲစေပြီး နာကျင်စေတာမို့ အမျိုးသမီးရဲ့ လိင်စိတ်ကို လျော့ကျစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရေကို အခြေခံထားတဲ့ချောဆီကို အသုံးပြုပြီး လိင်စိတ်ဖြေခြင်းဟာ သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပြီး လိင်စိတ် မြင့်တက်စေပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရည် လိင်စိတ်ဖြေခြင်းဟာ မိန်းမကိုယ်ကို ကျဉ်းမြောင်းစေပြီး လိင်ဆက်ဆံမှုကြောင့် နာကျင်စေမှုကို သက်သာစေပါတယ်။

    တံတွေးဟာ ကောင်းမွန်တဲ့ ချောဆီ မဟုတ်ပါဘူး။

    University of Michigan က မကြာသေးမီက လေ့လာမှုတစ်ခုအရ တံတွေးကို ချောဆီအဖြစ် လိင်စိတ်ဖြေခြင်းမှာ အသုံးပြုခြင်းဟာ yeast infection ရရှိမှုကို မြင့်တက်စေပါတယ်။ တံတွေးဆိုတာ သဘာဝကပေးထားတဲ့ ဒုတိယအကောင်းဆုံး အလှဆီဆိုတာ မှန်ကန်ပါတယ်။ ဒါပေမယ့် ဒါဟာ မိန်းမကိုယ် ဘက်တီးရီးယားတွေရဲ့ မညီမျှမှုကို ဖြစ်စေပြီးတော့ ရောဂါပိုးဝင်စေပါတယ်။ လုံခြုံစေဖို့ရော အာရုံခံစားနိုင်ဖို့ရောအတွက် အမျိုးသမီးတွေဟာ ရေကို အခြေခံထားတဲ့ ချောဆီတွေကို အသုံးပြုသင့်ပါတယ်။

    အရုပ်တွေဟာ အမျိုးသမီးတွေကို သာယာမှုပိုမို ရရှိစေပါတယ်။

    Robert Morris University ရဲ့ စစ်တမ်းတစ်ခုအရ အသက် ၁၈နှစ်ကနေ ၆၀ အထိ အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်ဟာ လိင်စိတ်ဖြေဖျောက်ဖို့ လိင်အရုပ်တွေကို အသုံးပြုလေ့ရှိပါတယ်လို့ ဖြေကြားပါတယ်။ အသုံးအများဆုံး လိင်ရုပ်တွေကတော့ dildo နဲ့ vibrator တို့ ဖြစ်ကြပါတယ်။ ဒီအရုပ်တွေဟာ အမျိုးသမီးတွေကို လိင်စိတ်အထွတ်အထိပ်ရောက်အောင် ကူညီပေးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement