backup og meta

ပန်းရောဂါ နှင့် ဗီတာမင်

ပန်းရောဂါ နှင့် ဗီတာမင်

အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်လေ့ရှိတဲ့ အဓိက အကြောင်းအရင်းတွေကတော့ ဆီးချိုရောဂါ ၊ နှစ်ခြိုက်စွာအိပ်မပျော်တာ၊  သွေးအတွင်းအဆီဓာတ်များတာ ၊ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါ တို့ကြောင့် ဖြစ်လေ့ရှိပါတယ်။ အထက်ပါ ရောဂါများကြောင့်မဟုတ်သည့်တိုင် အချို့သောယောကျာ်းများဟာ ပန်းသေ ပန်းညှိုးမဟုတ်ပေမယ့် လိင်ပိုင်းဆိုင်ရာ အားနည်းတာ၊ မိမိအနေအထားကို အားရကျေနပ်မှုမရှိတာမျိုးတွေကို ခံစားရလေ့ရှိပါတယ်။ အချို့တွေက တစ်ပွဲတိုးနည်းနဲ့ ဆေးသောက်ပြီး ဖြေရှင်းကြပေမယ့် ဒါဟာရှေရှည် အတွက်တော့ မကောင်းပါဘူး။ ဆောင်ရန်ရှောင်ရန်တွေ များတဲ့ အတွက် ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပြီးမှသောက်သင့်ပါတယ်။ဒါ့အပြင် သောက်တာကြာလာတဲ့အခါ ဆေးမပါရင် အလုပ်မဖြစ်တော့တာမျိုးတွေ ရှိလာတတ်ပါတယ်။

အစားလည်းဆေး ဆေးလည်းအစာဆိုသလို ဗီတာမင် ဘီ၊ စီ၊ ဒီ ပေါ ကြွယ်၀ တဲ့ အစားအစာတွေကို ပုံမှန်စားသောက် ပေးခြင်းအပြင် ဖြည့်စွက် အားဆေးများကို ပုံမှန်သောက်သုံးပေးခြင်းကလည်း ပန်းသေပန်းညှိုး ပြဿနာကို တစ်နည်းတစ်ဖုံ ကူညီဖြေရှင်းပေးနိုင်ပါတယ်။ ဆေးပညာအရ သုသေတနစာတမ်းတွေကနေ ခိုင်ခိုင်မာမာ မညွှန်းဆိုထားပေမယ့် အချို့ စာတမ်းတွေအရတော့ ထိရောက်မှုရှိကြောင်း ဆိုကြပြန်တယ်။ မည်သို့ပင် ဆိုစေကာမူ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်စုံတဲ့ အစားအစာတွေစားတာ ဖြည့်စွက်အားဆေးတွေသောက်တာဟာ သင့်ကျန်းမာရေးအတွက် ထိခိုက်မှုမရှိနိုင်တဲ့ အတွက် အရှုံးတော့ မရှိပါဘူး။

ဗီတာမင် ဒီ

ပန်းသေပန်းညှိုးရောဂါ ခံစားရလေ့ရှိတဲ့ အမျိုးသားတော်တော်များများကို စစ်ဆေးကြည့်တဲ့အခါ ဗီတာမင် ဒီ ဓာတ်ချို့တဲ့နေတာကို တွေ့ရတတ်ပါတယ်။ အကယ်၍သင့်မှာသာ ဗီတာမင် ဒီ   ဓာတ်သိသိသာသာ ချို့တဲ့နေရင် အရိုးအဆစ်တွေ ၊ ကြွက်သားတွေနာတာ၊ အားနည်းတာ ခံစားရလေ့ရှိပါတယ်။ နို့ နဲ့နို့ထွက် ပစ္စည်းတွေကို ပုံမှန်သောက်သုံးပေးခြင်းကလည်း လိုအပ်တဲ့ ဗီတာမင် ဒီ ဓါတ်ကို ရရှိနိုင်ပါတယ်။

ဗီတာမင် စီ

ခန္ဓာကိုယ်ထဲ မှာ သွေးကောင်းမွန်စွာ မစီးဆင်းနိုင်ခြင်းကလည်း ပန်းသေပန်းညှိုး ရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းများထဲက တစ်ခု ဖြစ်ပါတယ်။ ဗီတာမင် စီ က သင့်သွေး ခန္ဓာကိုယ်အတွင်း ကောင်းမွန်စွာလှည့်ပတ် စီးဆင်း နိုင်ဖို့ကူညီပေးနိုင်ပါတယ်။ ဗီတာမင် စီ ကို သင့်ခန္ဓာကိုယ်ထဲမှာ ကြာရှည်စွာ မထိန်းသိမ်း နိုင်တဲ့အတွက် ဗီတာမင် စီ ပေါကြွယ်ဝတဲ့ အစာတွေ နေ့စဉ်စားသုံးပေးဖို့လိုပါတယ်။ သစ်သီးဝလံများထဲမှ ချဉ်တဲ့အသီးတွေ၊ အရည်ရွှမ်းတဲ့ အသီးတွေပုံမှန်စားခြင်းအားဖြင့် ဗီတာမင် စီ ရနိုင်ပါတယ်။

ဗီတာမင် ဘီ နှင့် ဖောလစ် အက်ဆစ်

ခန္ဓာကိုယ်ထဲ မှာ ဗီတာမင် ဘီ-၁၂ ဓာတ် ချို့တဲ့ခြင်းဟာ ပန်းသေပန်းညှိုးရောဂါ နဲ့ အများကြီး ဆက်စပ်မှုရှိပါတယ်။ ဗီတာမင် ဘီ-၃၊ ဘီ-၁၂ နဲ့ ဖောလစ် အက်ဆစ်ကို ငါး၊ အသား၊ ပဲ၊ မှို၊ ဂျုံ၊ အာလူး နဲ့ဥ အမျိုးမျိုးတို့ကနေ ရနိုင် ပါတယ်။

သတ္တုဓာတ်

ဗီတာမင် မဟုတ်ဘဲ နောက်ထပ်လိုအပ်တဲ့ ဓာတ်တစ်မျိုးကတော့ သတ္တုဓာတ်ပဲ ဖြစ်ပါတယ်။ သတ္တုဓာတ်ဟာ လိင်အင်္ဂါထောင်မတ်ရာမှာ လိုအပ်တဲ့ Testosterone အမည်ရှိ အမျိုးသားဟော်မုန်းကို ထိန်းညှိပေးရာမှာ အရေးကြီးပါတယ်။ သတ္တုဓာတ်ကို အမဲသား၊ ကြက်သား၊ ဆယ်လ်မွန်ငါး၊ တို့ဟူး၊ ဒိန်ချဉ်၊ အစေ့အဆန်၊ ပဲအမျိုးမျိုး စားခြင်းဖြင့်ရနိုင်ပါတယ်။

အစားအသောက်ကိုအမျိုးအစားအစုံ ပုံမှန် စားသောက်ဖို့အခက်အခဲရှိသူတွေကတော့ အမျိုုးသားများအတွက်သီးသန့်ထုတ်လုပ်ထားသောအားဆေးများကို သောက်သုံးပေးခြင်းဖြင့် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ရရှိနိုင်ပါတယ်။ အမျိုးသားများအားလုံး စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြပါစေ………

ရေးသားသူ – Dr.Z

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

28/01/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ

လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement