backup og meta

ဘာကြောင့်ဆေးလိပ်မဖြတ်နိုင်ဖြစ်နေရတာလဲ။


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာကြောင့်ဆေးလိပ်မဖြတ်နိုင်ဖြစ်နေရတာလဲ။

    ဆေးလိပ်ဖြတ်တာက ခက်ခဲတဲ့ကိစ္စဆိုပေမယ့် သင်လုပ်ဆောင်နိုင်မှာပါ။ ဆေးလိပ်ကိုဖြတ်ပြီး ဆေးလိပ်မသောက်တဲ့သူတစ်ဦးအနေနဲ့နေထိုင်နိုင်မယ့် အကောင်းဆုံးသောအခွင့်အရေးရှိနေပါတယ်။ သင့်အနေနဲ့ ဘယ်အပေါ်မှာ မှီခိုစွဲလမ်းနေသလဲဆိုတာကို သိရှိဖို့လိုအပ်သလို သင်ဆန္ဒရှိတဲ့အရာက ဘာလဲဆိုတာကိုသိရှိဖို့လည်း လိုအပ်တဲ့အပြင် အကူအညီရရှိနိုင်ဖို့အတွက် ဘယ်နေရာမှာ အကူအညီရယူရမလဲဆိုတာကိုလည်း သိရှိဖို့လိုအပ်ပါတယ်။ ဘာကြာင့်ဆေးလိပ်ဖြတ်ချင်ရတလဲဆိုတာကို ကိုယ့်ကိုကိုယ် မေးကြည့်သင့်သလို ဆေးလိပ်ဖြတ်တာက အခြားသူတွေအတွက်လည်း တော်တော်လေးခက်ခဲတဲ့အရာဆိုတာကိုသိထားဖို့လိုအပ်ပါတယ်။

    Blame nicotine

    နီကိုတင်းဓါတ်ဟာ ဆေးရွက်ကြီးမှာသဘာဝအတိုင်းတွေ့ရလေ့ရှိတဲ့ ဘိန်းဖြူနဲ့ကိုကင်းတို့လိုမျိုးစွဲလမ်းစေနိုင်တဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ အချိန်တော်တော်များများမှာ လူတွေဟာရုပ်ပိုင်းဆိုင်ရာအရ နီကိုတင်းအပေါ်မှာ မှီခိုနေသလို စိတ်ပိုင်းဆိုင်ရာအရ နီကိုတင်းကိုစွဲလမ်းနေတာမျိုးလည်းရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရနီကိုတင်းစွဲလမ်းမှုက ဆေးလိပ်ဖြတ်ဖို့ကြိုးပမ်းတဲ့အခါ စိတ်မသက်မသာဖြစ်စေတဲ့ ဆေးလိပ်ဖြတ်တဲ့လက္ခဏာတွေကိုခံစားရစေနိုင်ပါ တယ်။ စိတ်ပိုင်းဆိုင်ရာအရ နီကိုတင်းကိုစွဲလမ်းမှုကတော့ ဆေးလိပ်ဖြတ်ပြီးတဲ့အခါမှာလည်း နီကိုတင်းနဲ့ခပ်ကင်းကင်းနေဖို့ခက်ခဲလှပါတယ်။ လေ့လာမှုတွေမှာ ဆေးလိပ်ဖြတ်တဲ့နည်းနဲ့ ဆေးလိပ်ဖြတ်ပြီး ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဖော်ပြထားပါတယ်။ ဆေးလိပ်သောက်သုံးသူတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအရစွဲလမ်းမှုတွေကို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့လည်းဖာ်ပြထားပါတယ်။

    ဆေးလိပ်ငွေ့ကိုရှုရှိုက်လိုက်တဲ့အခါ နီကိုတင်းဓါတ်က အဆုတ်ထဲကိုနက်နက်ရှိုင်းရှိုင်းရောက်ရှိသွားပါတယ်။ ဒီနီကိုတင်းဓါတ်ဟာသွေးကြောထဲကို လျင်လျင်မြန်မြန်ပြန့်နှံ့ရောက်ရှိသွားပြီး သွေးကြောအတွင်းမှာစီဆင်းနေတဲ့ သွေးတွေက နီကိုတင်းဓါတ်ကို ကာဗွန်မိုနောက်ဆိုဒ်၊ အခြားအဆိပ်ဖြစ်စေတဲ့ဓါတ်ပစ္စည်းတွေနဲ့အတူ ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းဆီကိုသယ်ဆောင်သွားပါတယ်။ တကယ်တမ်းပြောပြရရင်တော့ စီးကရက်အငွေ့မှာပါတဲ့ နီကိုတင်းကိုရှုရှိုက်လိုက်တဲ့အခါ ဦးနှောက်ကိုနီကိုတင်းရောက်ရှိမှုက သွေးကြောကနေတဆင့် ခန္ဓါကိုယ်ထဲကို နီကိုတင်းဓါတ်ရောက်ရှိမှုထက်မြန်ဆန်ပါတယ်။

    နီကိုတင်းဟာ နှလုံး၊ သွေးကြောတွေ၊ ဟော်မုန်းတွေ၊ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ ဦးနှောက်အပါအဝင် ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတော်တော်များများကိုထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးတဲ့အမျိုးသမီးတွေမှာ နို့ရည်နဲ့သားအိမ်ခေါင်းကနေထွက်တဲ့ အကျိချွဲတွေထဲမှာတောင် နီကိုတင်းဓါတ်ကိုတွေ့ရှိရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာလည်း နီကိုတင်းဓါတ်က အချင်းကနေတဆင့် သန္ဓေသားဆီကိုရောက်ရှိစေနိုင်သလို သားအိမ်ထဲက အမိုင်နိုအက်ဆစ်အရည်နဲ့ သန္ဓေသားဆီကို သွေးထောက်ပံ့တဲ့ချက်ကြိုးကနေဖြတ်ပြီး လည်းကလေးငယ်ဆီကိုရောက်ရှိနိုင်ပါတယ်။ အကြောင်းအရာမတူ ကွဲပြားမှုအပေါ်မူတည်ပြီး ကိုယ်ထဲကနေ နီကိုတင်းပမာဏကိုဖယ်ရှားနိုင်ဖို့နဲ့ အကျိုးဆက်ကိုဖြေရှင်းဖယ်ရှားဖို့ ကြာမြင့်တဲ့အချိန်အပိုင်းအခြားလည်း ကွဲပြားပါတယ်။ ဖြစ်ရပ်အများစုမှာတော့ ဆေးလိပ်အမြဲသောက်သုံးသူတွေအနေနဲ့ ဆေးလိပ်ဖြတ်ပြီး ၃ ရက် ၄ ရက်ကြာတဲ့အထိ ခန္ဓါကိုယ်တွင်းထဲမှာနီကိုတင်းဓါတ်တွေဆက်လက်ရှိနေဆဲဖြစ်သလို အကျိုးဆက်တွေကိုလည်း ဆက်လက်ခံစားနေရနိုင်ပါတယ်။

    Blame your gene

    သိပ္ပံပညာရှင်တော်တော်များများက လူပုဂ္ဂိုလ်တစ်ဦးချင်းဆီကိုဖွဲ့စည်းထားတဲ့ မျိုးဗီဇဖွဲ့စည်းတည်ဆောက်ပုံကိုသိရှိ လာလေလေ လူတစ်ဦးချင်းဆီကိုဆေးလိပ်သောက်သုံးမှုကနေ ကာကွယ်ဟန့်တားနည်းတွေနဲ့ကုသမှုပုံစံတွေကို သိရှိလာလေလေပဲဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်မှုဟာ ကင်ဆာလိုမျိုးရောဂါတွေကိုကုသတဲ့နည်းလမ်းတွေလိုမျိုး သင့်တော်ကောင်းမွန်တဲ့နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ မျိုးဗီဇတွေ အကြောင်းကိုပိုမိုသိရှိထားဖို့ လိုအပ်သလို သိရှိလာရတဲ့အကြောင်းအရာတွေကိုလည်း အမျိုးမျိုးသောရောဂါတွေကို ကုသရာမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

    အဓိကကျတဲ့မျိုးဗီဇတစ်မျိုးဖြစ်တဲ့ CYP 2A6 ကခန္ဓါကိုယ်ကနီကိုတင်းဓါတ်နဲ့ပတ်သက်ပြီး ဘယ်လောက်မြန်မြန် ကိုင်တွယ်ဖြေရှင်းနိုင်လဲဆိုတာကို ဆုံးဖြတ်ရာမှာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့တွေရဲ့ ၂၅ ရာခိုင်နှုန်းလောက်ကနေ ၄၀ ရာခိုင်နှုန်းလောက်အထိကသာ သူတို့ရဲ့ ခန္ဓါကိုယ်ရဲ့ လုပ်ဆောင်မှုစနစ်ထဲကနေ နီကိုတင်းဓါတ်ကိုဖယ်ထုတ်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့်ဆေးလိပ်သောက်သုံးသူအများစုဟာ ဆေးလိပ်ငွေ့ကို နည်းနည်းပဲမှုတ်ထုတ်ပြီး များများရှိုက်သွင်းကြတာဖြစ်ပါတယ်။

    နီကိုတင်းဓါတ်ကိုလျင်လျင်မြန်မြန်တုံ့ပြန်နိုင်တဲ့သူတွေက ဆေးလိပ်ဖြတ်နိုင်ဖို့ခဲယဉ်းပါတယ်။ ဒီလိုမျိုးဆေးလိပ် မဖြတ်နိုင်တဲ့သူက ၆၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိရှိပါတယ်။

    Blame your brain

    စီးကရက်ထဲမှာပါဝင်နေတဲ့ နီကိုတင်းဓါတ်က စွဲလမ်းစေနိုင်စွမ်းမြင့်မားတဲ့ ဓါတုပစ္စည်းတွေပါဝင်နေပါတယ်။ ဆေးလိပ်သောက်လိုက်တဲ့အခါ နီကိုတင်းဓါတ်က ဦးနှောက်ထဲကိုရောက်ရှိသွားပြီး နီကိုတင်းထိန်းသိမ်းရာ အရာတစ်ခုအနေနဲ့လုပ်ဆောင်နေပါတယ်။ သည်နီကိုတင်းသိုလှောင်ရာအရာတွေက ဒိုဖာမင်းလို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုးကို ထုတ်လျွှတ်ပေးပါတယ်။ သည်ဓါတ်က ပျော်ရွှင်စရာအနေအထားတွေနဲ့တွေ့ကြုံ ခံစားရတဲအခါမျိုးမှာလည်း ခန္ဓါကိုယ်က ထုတ်လွှတ်ပေးလေ့ရှိပါတယ်။ ဒိုဖာမင်းဓါတ်က စိတ်ကျနပ်မှု ရရှိစေနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးတဲ့အခါ ဆေးလိပ်မှာပါဝင်တဲံ နီကိုတင်းဓါတ်ကနေ ထုတ်လွှတ်ပေးတဲ့ ဒိုဖာမင်းဓါတ်ကြောင့် စိတ်ခံစားမှုကောင်းမွန်စေပါတယ်။

    ဦးနှောက်ကနီကိုတင်းဓါတ်တွေနဲ့ အသားကျလာတဲ့အခါ ဆေးလိပ်ဖြတ်တဲ့ကိစ္စက ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်လိုဖြစ် လာစေပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ နီကိုတင်းဓါတ်တွေက ခန္ဓါကိုယ်ရဲ့ လည်ပတ်လုပ်ဆောင်မှုစနစ် ထဲကနေထွက်သွားတဲ့အခါ စိတ်ဆိုးလွယ်တာ၊ စိတ်ဖိစီးမှုများတာ၊ အာရုံစိုက်ဖို့ခက်ခဲတာနဲ့ ကိုယ်အလေးချိန် တိုးလာတာတွေကိုဖြစ်ပေါ်စေပါတယ်။ သည်အနေအထားတွေက သင့်ကိုဆေးလိပ်ပြန်သောက်အောင်လှုံ့ဆော်ပေးတာမျိုးဖြစ်လာနိုင်ပါတယ်။

    ဆေးလိပ်သောက်သုံးပြီးတဲ့အခါ ခန္ဓါကိုယ်ထဲက နီကိုတင်းပမာဏက စတင်ကျဆင်းလာပြီး အချိန်ကြာလာတဲ့နဲ့ အမျှပိုပိုပြီးကျဆင်းလာပါတယ်။ စိတ်ကျေနပ်မှုရတဲ့ ခံစားချက်က ကုန်ဆုံးသွားတဲ့အခါ ဆေးလိပ်ထပ်သောက်ချင်တဲ့ အာသီသထပ်ဖြစ်လာပါတော့တယ်။ ဆေးလိပ်သောက်တာကိုရပ်လိုက်တဲ့အခါ ဆေးလိပ်သောက်တဲ့သူတစ်ဦး အနေနဲ့စိတ်မကျေမနပ်ဖြစ်တာနဲ့အလိုမကျဖြစ်မှုကိုစတင်ခံစားရပါတော့တယ်။ ဆေးလိပ်ဖြတ်တဲ့အခါ ခံစားရ တတ်တဲ့ ပြင်းထန်ပြီးခံရခက်တဲ့လက္ခဏာရပ်တွေကြောင့် ဆေးလိပ်ဖြတ်တဲ့သူတော်တော်များများဟာ ဆေးလိပ်ဖြတ်နိုင်တဲ့အဆင့်ကိုမရောက်ရှိကြပါဘူး။ ဆေးလိပ်သမားတွေအနေနဲ့ အချိန်တော်တော်ကြာတဲ့အထိ အဆင်မပြေတဲ့အနေအထားတွေကိုကြုံတွေ့ခံစားရနိုင်ပါတယ်။ စီးကရက်တစ်လိပ်လောက်ပြန်သောက်လိုက်တဲ့ အခါ မပျော်မရွှင်ဖြစ်နေခဲ့တဲ့ စိတ်ခံစားမှုတွေကပျောက်သွားပြီး ဆေးလိပ်သောက်တဲ့သံသရာကတစ်ပတ်ပြန်လည် ပါတော့တယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement