backup og meta

လူတယောက်ကို ချစ်မိသွားစေတဲ့ အဆင့်ငါးဆင့်ကို သိပ္ပံနည်းကျ ချဉ်းကပ်ခြင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူတယောက်ကို ချစ်မိသွားစေတဲ့ အဆင့်ငါးဆင့်ကို သိပ္ပံနည်းကျ ချဉ်းကပ်ခြင်း

    “အချစ်” အငိုလွယ်ပေမယ့် အရှိုက်ခက်တယ်ဆိုတဲ့ စာလုံးလေးပါ။”အချစ်ဟာ အင်မတန်ထူးဆန်းတယ်” “အချစ်ဟာ သန့်စင်တယ်” “အချစ်မှာ မျက်စိမရှိဘူး” “တကယ်ဆိုရင် အချစ်ပဲ လိုတယ်” စသဖြင့် လူတွေ ပြောလေ့ရှိကြပေမယ့် အချစ်ဟာ တကယ်တမ်းတော့ ရူးသွပ်မှု၊မတွေးတောနိုင်မှု ဖြစ်ပြီး အင်မတန်မှကို ရှုပ်ထွေးလှပါတယ်။ အချစ်ဆိုတာဟာ လူတယောက်ရဲ့ မျက်စိထဲမှာ ဆွဲဆောင်မှုရှိတာဖြစ်ပြီး လူတိုင်းဟာ ပျော်ရွှင်ချစ်ခင်စွာ နေထိုင်သွားကြသတည်းဆိုတာမျိုးကိုပဲ လိုချင်လေ့ရှိကြပါတယ်။ ခက်တာက

    ချစ်သူနှစ်ယောက်ဟာ တကယ်ပဲ သက်ထက်ဆုံးတိုင် ပျော်ရွှင်ချစ်ခင်စွာ နေထိုင်သွားကြပါတယ်ဆိုတာက ရုပ်ရှင်ထဲမှာပဲ ရှိပါမယ်။

    သိပ္ပံပညာအလိုအရတော့ အချစ်ဆိုတာဟာ အဆင့်ငါးဆင့်ပါဝင်တဲ့ ဖြစ်စဉ်တခုပဲ ဖြစ်ပြီး အခုဆောင်းပါးမှာ အချစ်အကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ကျိုးကြောင်းဆက်စပ်ညီညွတ်စွာ လေ့လာချဉ်းကပ်သွားမှာပဲ ဖြစ်ပါတယ်။

    ကုလားဘုရားပွဲလှည့်သလိုခံစားချက်

    သူ့ဆီက အကြည့်လေးတချက်၊အပြုံးလေးတပွင့် ဒါမှမဟုတ် နှုတ်ဆက်လိုက်သံလေးတခုက သင့်ရင်ထဲ ကုလားဘုရားပွဲ လှည့်သလို ဒိန်းတပ်တပ် ဖြစ်စေမှာပါ။ ဒါမျိုးကိုအချစ်နာကျတယ်လို့ ခေါ်ပြီး သင့်အနေနဲ့ တခြားဘာကိုမှ အာရုံမစိုက်နိုင်ဘဲ အတွေးထဲ သူ့အကြောင်းတွေသာ တဝဲလည်လည် ဖြစ်နေမှာပါ။ သူအထင်ကြီးသဘောကျလာဖို့အတွက် ဘာမဆိုသင် ခက်ခက်ခဲခဲ ကြိုးစားမှာဖြစ်ပြီး တခုလောက်လေး ပေါက်ကရလုပ်လိုက်မိရင်လည်း သူများ စိတ်ဆိုးသွားမလားလို့ သင့်အနေနဲ့ စိုးရိမ်ပူပန်လို့ ပြီးမှာ မဟုတ်ပါဘူး။ သူ့မျက်စိထဲမှာ သင်ဟာပြီးပြည့်စုံနေတဲ့သူအဖြစ် ယူဆမြင်ယောင်လာအောင် သင်ကြိုးစားပြသပါလိမ့်မယ်။ သင့်အနေနဲ့ သူ့အချစ်ကို ရရှိဖို့ ကြိုးစားမှာဖြစ်ပါတယ်။

    ချစ်သူဘဝရောက်အောင် လုပ်မယ်။

    သူငယ်ချင်းဆိုတဲ့ အဆင့်ကလွန်ပြီး ချစ်သူတွေဘဝရောက်အောင် သွားပါမယ်။ သင့်နှလုံးခုန်သံတွေ အရမ်းမြန်၊မျက်နှာတွေ နီရဲနေပြီး တစ်ကိုယ်လုံးအပျော်တွေနဲ့ ပြည့်နေတဲ့ အချိန်တွေ ရှိလာပါမယ်။dopamin နဲ့ adrenaline တို့ဟာ သင့်ရဲ့ နှလုံးခုန်နှုန်းကို မြန်စေပြီး နောက်ပိုင်းမှာ ထွက်ရှိလာတဲ့ serotonin ဓါတ်(ပျော်ရွှင်တဲ့ခံစားချက်ကို ဖြစ်စေတဲ့ ဓါတ်ပစ္စည်း)ဟာလည်း “သူ့ကိုချစ်နေရတာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ” လို့ သင့်ကို ထင်မြင်လာစေပါလိမ့်မယ်။

    စဉ်းစားသုံးသပ်မယ်။

    ချစ်တာအချိန်တစ်ခုကြာလာချိန်မှာ သင်ဟာ သူ/သူမနဲ့ဆိုင်တဲ့ သတင်းအချက်အလက်၊ နောက်ခံသမိုင်း၊ အခြေအနေ၊ စိတ်နေသဘောထားတွေကို ပိုမိုသိရှိလာမှာဖြစ်တယ်။

    သင့်အနေနဲ့ စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက် အပိုင်းအစလေးတွေကို စုပြီး ရုပ်လုံးပေါ်လာအောင် ပုံဖော်ပါမယ်။ သင်တို့ နှစ်ယောက်ကြား မတူကွဲပြားတာတွေဟာ သင်တို့အတွက်စိန်ခေါ်မှုတွေ အဖြစ်ရှိနေမှာ ဖြစ်ပေမယ့် သင်တို့ဟာ ရင်ဘတ်ချင်း နီးနေမှာဖြစ်ပြီး ဒီချစ်သူဘဝကို ဆက်လက်ထိန်းသိမ်းသွားဖို့လည်း စိတ်အားထက်သန်နေပါလိမ့်မယ်။ ဒီအခြေအနေမှာဆိုရင် သင့်အနေနဲ့ အချစ်မှိုင်းမိတာ ပြယ်စပြုပြီး ကျိုးကြောင်းဆီလျော်စွာ စတင်တွေးခေါ်တတ်လာပါပြီ။

    ရိုးသားမှု

    ရိုးသားပွင့်လင်းမှုဟာ အရေးပါလာမှာ ဖြစ်ပါတယ်။ သင့်ချစ်သူကို သင့်မှာရှိတဲ့ အကောင်းဆုံးအချက်တွေ၊အရည်အချင်းတွေကိုပဲ ထုတ်ပြလိုတဲ့ ဆန္ဒဟာ တဖြည်းဖြည်းနဲ့ နည်းပါးလာပါပြီ။ အသေးစိတ်အချက်အလက်လေးတွေကိုလည်း နှစ်ယောက်လုံးက သိပ်စိတ်မဝင်စား၊အာရုံမလာတော့ပါဘူး။ ဒီအချိန်ကာလဟာ သင့်ရဲ့ မကောင်းတဲ့ဖက်၊သင့်ရဲ့ ပကတိအမှန်တရားကို ပြရတော့မယ့်အချိန် တနည်းပြောရရင် မိတ်ကပ်တွေ၊မျက်နှာဖုံးတွေ ခွာချ၊ကွာကျရတော့မယ့် အချိန်ပါပဲ။ ဒီအချိန်ဟာ အချိုးအကွေ့ဖြစ်ပြီး ခါးသီးတဲ့ အမှန်တရားတွေကို မြင်တွေ့ရချိန်ဖြစ်တဲ့အတွက် စုံတွဲအများအပြားဟာ ဒီအဆင့်ကို

    ဖြတ်သန်းနိုင်လေ့မရှိပါဘူး။ ဒါပေမယ့် သင်တို့နှစ်ယောက်ဟာ လက်တွေခိုင်ခိုင်တွဲပြီး အဆင့်ငါးဆီ တက်လှမ်းနိုင်ပြီဆိုရင်တော့ သင့်ကိုအရှိအတိုင်း ချစ်နိုင်မယ့် ချစ်သူနဲ့ တကယ်ပဲ ဆုံဆည်းနေရတာလို့ ပြောနိုင်ပါပြီ။

    နှစ်ကိုယ့်တစ်စိတ်ဖြစ်သွားတဲ့အချိန်

    တည်ငြိမ်အသားကျချိန်အချိန်အတိုင်းအတာတခု ကြာပြီးနောက်မှာတော့ သင်တို့နှစ်ယောက်ဟာ ရုပ်ပိုင်းအားဖြင့်သာမက စိတ်ဝိညာဉ်ချင်းပါ ဆက်သွယ်မိလာပါမယ်။ စိတ်ခံစားချက်တွေလည်း ဟန်ချက်ညီလာပါမယ်။ ဒီအဆင့်ကို ရောက်နေပြီဖြစ်တဲ့ ချစ်သူစုံတွဲတွေဟာ ရှက်စနိုးဖြစ်နေတာ၊အိုးတိုးအန်းတန်းဖြစ်နေတာမျိုး မရှိတော့သလောက်ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ဟာ အတူတူရှိနေချိန်မှာ အင်မတန်မှကို သက်တောင့်သက်သာ ရှိနေကြလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင်သိထားဖို့က သင့်ချစ်သူနဲ့ သင်ဟာ ဆယ်နှစ်ကျော်တွဲလာတာပဲ ဖြစ်ပါစေဦး၊ အရူးအမူးဖြစ်မှု၊ဟန်မဆောင်မှု၊ရိုမန်တစ်ဆန်ဆန် ကြည်နူးမှုတွေ ကို အချိုးညီညီပေါင်းစပ်ပြီး အချစ်ဆိုတဲ့ ကော့တေးကို ပိုမိုချိုမြိန်ပြင်းရှအရသာရှိအောင် ဖျော်လို့ရနိုင်ပါသေးတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement