backup og meta

ပူဆွေးသောကဖြစ်ခြင်းကိုသက်သာစေမည့်နည်းလမ်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပူဆွေးသောကဖြစ်ခြင်းကိုသက်သာစေမည့်နည်းလမ်းများ

    တစ်စုံတစ်ဦးနှင့်ကွဲကွာရခြင်းသည်နာကျင်မှုကိုဖြစ်စေသည်။ မိမိချစ်ခင်နှစ်သက်ရသောတစ်ဦးဦးနှင့် ခွဲခွာခြင်းကြောင့်ရရှိလာသောဝေဒနာသည် လူတစ်ဦးကိုအကြီးအကျယ် ခံစားရစေနိုင်ပါသည်။ ထိုသူသည်ကြေကွဲဝမ်းနည်းမှုဖြစ်စဉ်၏ အဆင့် ( ၇) ဆင့်ကိုဖြတ်ကျော်ရမည်။ ထိုအဆင့်တို့မှာအဖြေကိုရှာဖွေခြင်း ၊ ငြင်းပယ်ခြင်း၊ ဆွေးနွေးခြင်း ၊ ပို၍ပို၍ခံစားရခြင်း၊ ဒေါသဖြစ်ခြင်း ၊ အစပိုင်းတွင်လက်ခံခြင်းနှင့် မျှော်လင့်ချက်ကိုတခြားလမ်းကြောင်းသို့ပြောင်းလဲပစ်ခြင်းတို့ ဖြစ်ကြပါသည်။ သို့သော်လည်းထိုအဆင့်များတွင်ခံစားရသော နာကျင်မှုဝေဒနာသည် လူတစ်ဦးအတွက်အလွန်အမင်းခံစားမှုကိုဖြစ်စေသည်။ ထိုခံစားမှုများမှလွတ်မြောက်ရန်အချိန်အတော်ကြာယူရ ပါသည်။ ထို့ကြောင့် ထိုကဲ့သို့သောကိစ္စမျိုးဝမ်းနည်းခြင်းဖြစ်စဉ်ကို သက်သာစေရန် ကျွန်ုပ်တို့မည်ကဲ့သို့ပြုလုပ်နိုင်ပါသလဲ။

    သင်၏ခံစားချက်များကိုရေးချပါ ၊ပြောဆိုပါ ၊ ရင်ဆိုင်ပါ

    မည်သူမဆိုမဆိုကွဲကွာခြင်း၏အစပိုင်းအခြေအနေများတွင် စိတ်ပိုင်းဆိုင်ရာခံစားချက်မကောင်းနိုင်ပါ။ ရုတ်တရက်ဆိုသလို ဝမ်းနည်းမှု ၊ အထီးကျန်မှု ၊ ဘာမှမရှိတော့ဟုခံစားရခြင်းများနှင့် အဆိုးမြင်သောခံစားချက်များသည် တပြိုင်နက်တည်းဖြစ်ပေါ်လာတတ်သည်။ ထိုခံစားမှုများကို ဖြစ်ခွင့်မပေးပါနှင့် ရင်ဆိုင်ပါ။ သင့်အနေဖြင့် ထိုကဲ့သို့တစ်စုံတစ်ဦးနှင့်လမ်းခွဲရသည့်အခါ အထက်ဖော်ပြပါခံစားချက်များကို ကြံ့ကြံ့ခံနိုင်ဖို့အရေးကြီးပါသည်။ စာရွက်တစ်ရွက်ကိုယူ၍သင်ခံစားနေရသမျှကိုချရေးလိုက်ပါ။ ချရေးပြီးသောအခါ သင့်အနေဖြင့် ဖြစ်ရပ်တစ်ခုချင်းစီအတွက် သင်လုပ်နိုင်တာဘာတွေရှိလဲဆိုတာကိုသိလာပေလိမ့်မည်။ ဘာကြောင့်ထိုကဲ့သို့လမ်းခွဲခြင်းဖြစ်ရသည်ကိုဆွေးနွေးအဖြေရှာပါ။ သင်ချစ်ခင်နှစ်သက်သူ၏ဆန္ဒကိုလိုက်လျော၍ကိုယ်တိုင်ကခွင့်ပြုလိုက်ခြင်းလားသင့်ကိုယ်သင်မေးပါ။ သင်ချစ်ခင်နှစ်သက်သူနှင့်ပတ်သတ်သည့် အကြောင်းအရာပေါင်းများစွာကိုသင်စာရင်းပြုစုပါ။ ထိုအချက်အလက်များကို ပြန်လည်ဖတ်ရှုသောအခါ သင့်အနဖြင့် ဝမ်းနည်းခြင်းကိုခံစားရလိမ့်မည်။ သို့မဟုတ် လွယ်ကူစွာပင် ကျော်ဖြတ်သွားနိုင်လိမ့်မည်။ တစ်နေ့ထက်တစ်နေ့သင်ချစ်ခင်သူနှင့် ပတ်သက်သောခံစားချက်များကိုလည်းသင်ချရေးထားပါ။ တစ်စုံတစ်ဦးနှင့် မည်မျှကြာကြာလက်တွဲစေခဲ့ကာမူသင့်အနေဖြင့် ထိုခံစားချက်များကုန်ဆုံးသောနေ့ဆိုတာရှိလာမည်ဖြစ်ပါသည်။ ထိုကဲ့သို့ခံစားချက်များကိုချရေးသည့်အကျင့် သင့်တွင့်စွဲမြဲလာသောအခါ သင့်အနေဖြင့်မည်သည့်ကိစ္စမဆိုလွယ်ကူစွာကျော်ဖြတ်သွားဖို့ ကောင်းကောင်းကိုင်တွယ်လာနိုင်သည်ကိုသဘောပေါက် လာပေလိမ့်မည်။

    သင်နှစ်သက်သာ (သို့မဟုတ်) သင်အရင်ကမလုပ်ကြည့်ခဲ့သောအရာများကိုအရဲစွန့်၍ လုပ်ကြည့်ပါ

    ကြေကွဲခြင်းဖြစ်စဉ်တွင် သင်၏စိတ်ကိုသက်သာစေရန်လုပ်ရမည့်အချက်မှာလွန်စွာ ရိုးရှင်းပါသည်။ ထိုဖြစ်စဉ်ကိုသက်သာစေရန် “ရပ်” ခလုတ်နှိပ်လိုက်ရခြင်းကဲ့သို့လည်းပြုလုပ်၍မရပါ။ သင်ခံစားနေရသောဝမ်းနည်းခြင်းဖြစ်စဉ်သည် သင့်၏မသိစိတ်တွင်ရှိနေဦးမည်သာဖြစ်ပါသည်။ တစ်ခါတစ်ရံ သင်ကိုယ်တိုင်သိသိသာသာမခံစားရဘဲလည်းနေတတ်ပါ သည်။ သင့်အနေဖြင့်တခြားအရာတစ်ခုခုကို ပြုလုပ်နေစဉ်တွင် သင်ကိုယ်တိုင်ကထိုဝမ်းနည်းမှုကို သိသိသာသာခံစားရခြင်းမှ ခဏတာကင်းလွတ်သွားသည်ကိုခံစားရနိုင်ပါသည်။ သို့သော်လည်းသင်သတိပြုရမည့်အရာရှိပါသည်။ လူအတော်များများသည် ဝမ်းနည်းခြင်းဖြစ်စဉ်ကိုမေ့ပျောက်ရန်အရက်သောက်သုံးခြင်းကိုရွေးချယ်တတ်ကြသည်။ ပျော်စေလို၍အရက်သောက်သော်လည်း ဝမ်းနည်းကြေကွဲခြင်းဖြစ်စဉ်တွင် ပိုမို၍ပျက်စီးစေနိုင်ပါသည်။ သင့်အနေဖြင့်အပြင်တွင်အရက်သေစာသောက်စားပြီး ည၂ နာရီမှအိမ်ပြန်လာသည်ဆိုပါစို့။ သင်သည်အရက်မူးနေပြီးသင့်အနေဖြင့် ထိုအခါ ဝမ်းနည်းခြင်း ၊ ဘာမှမရှိတော့ဟုခံစားရခြင်းနှင့် သင်ဆုံးရှုံးခဲ့ရသမျှကို ပြန်လည်တွေးတောပြီးပိုမို၍ဆိုးရွားသောခံစားခြင်းမျိုးလည်း ခံစားရနိုင်ပါသည်။ ထို့ကြောင့် သင့်အနေဖြင့်ဝမ်းနည်းခြင်းဖြစ်စဉ်ကိုကျော်လွှားနိုင်ရန် ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်များကို ပြုလုပ်ပေးနိုင်ပါသည်။ ဥပမာအားဖြင့်အားကစားခန်းမသို့သွား၍အားကစားပြုလုပ်ခြင်း၊ ရေကူးခြင်း ၊ တောင်တက်ခြင်း ၊ ပြေးခြင်း ၊ ပန်းချီဆွဲခြင်း ၊ ကခုန်ခြင်း ၊ ခရီးထွက်ခြင်းနှင့် ဂိမ်းဆော့ခြင်းတို့ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သင်နှင့် သင်ချစ်ခင်နှစ်သက်ရသူလက်တွဲခဲ့စဉ်ကသင်မပြုလုပ်ခဲ့ရသော (သို့မဟုတ်) သင်ပြုလုပ်ရန်အခွင့်အရေးမရခဲ့သောအရာတိုင်းကိုသင် လုပ်ကြည့်ရန် ကြိုးစားကြည့်ပါ။ ထိုသို့ပြုလုပ်ခြင်း၏အကျိုးကျေးဇူးမှာသင်ကိုယ်သင်ပိုမို၍ နားလည်အောင်သင်ယူခြင်းပင်ဖြစ်ပါသည်။

    အပြင်သို့ထွက်ပါ ၊ သူငယ်ချင်းမိတ်ဆွေများနှင့်တွေ့ဆုံပါ

    သင့်အနေဖြင့်သင်၏လက်တွဲဖော်အစားအခြားသူတစ်ဦးဦးနှင့် ပြန်လည်၍ခက်ခဲသောဆက်ဆံမှုတစ်ခုပြန်လည် တည်ဆောက်ခြင်းသည် ကောင်းသောအတွေးအခေါ်တော့မဟုတ်ပါ။ သင်၏စိတ်က ဝမ်းနည်းနေချိန်တွင် ခံစားလွယ်ပြီးအခြားသူများကမလိုစိတ်ဖြင့်သင့်ကိုပို၍ဒုက္ခ ရောက်စေနိုင်ပါသည်။ ထိုအချိန်တွင် သင်၏စိတ်ကအဆိုးဘက်ကိုပိုမိုဦးတည်နေပြီးမည်မျှပင် စိတ်ဓါတ်ကြံ့ခိုင်သူဖြစ်ပါစေသင်၏စိတ်ကအဆိုးဘက်ကိုသာ ဦးတည်နေနိုင်ပါသည်။ ထို့ကြောင့်သင့်ကိုယ်သင် စောင့်ရှောက်သည့်အနေဖြင့် အပြင်သို့ထွက်ပါ။ အပန်းဖြေရန် အခြားသောမိတ်ဆွေ ၊ သူငယ်ချင်းများနှင့် တွေ့ဆုံပါ။ သင့်အနေဖြင့် သင်၏လက်တွဲဖော်အသစ်များကိုရှာခြင်းထက် မိတ်ဆွေ သူငယ်ချင်းကောင်းများကိုသာရှာဖွေဖို့ကြိုးစားပါ။

    ဝမ်းနည်းကြေကွဲမှုဖြစ်စဉ် မည်မျှထိကြာမြင့်ပြီးပြန်လည်ပျော်ရွှင်မှုကိုခံစားရစေနိုင်သည်ကို သီအိုရီတစ်ခုကရှင်းပြထားပါသည်။ ထိုသီအိုရီတွင် တစ်ဦးနှင့်တစ်ဦးပတ်သက်ဆက်ဆံမှု၏ ကာလအချိန်ပေါ်မူတည်၍ တွက်ချက်ထားပြီး ကြာချိန်တစ်လအတွက် ၁၀ ရက်ဟုသတ်မှတ်ပါသည်။ ဆိုလိုသည်မှာသင်တို့အတူတူလေးလခန့်အတူတကွရှိခဲ့သည်ဆိုလျှင် ကွဲကွာပါကဝမ်းနည်းခြင်းဖြစ်စဉ်သည် ရက် ၄၀ ခန့်ထိကြာနိုင်ပါသည်။ သို့သော်လည်းသိသာသည့်အချက်မှာလူတစ်ဦးနှင့်တစ်ဦး မည်မျှပင်ကြာကြာလက်တွဲခဲ့ပါစေကွဲကွာသောအခါ ဝမ်းနည်းပူဆွေးခြင်းဒဏ်ကိုကျော်လွှားနိုင်ခြင်းသည် တစ်ဦးနှင့်တစ်ဦးတူညီမှုမရှိပါ။ ထိုသီအိုရီကသင့်အနေဖြင့် တွေးတောယူဆစရာတစ်စုံတစ်ခုကိုသာပေးစွမ်းနိုင်လိမ့်မည် ဖြစ်ပါသည်။ သို့သော်လည်းသင်သတိရသင့်သည် အရေးကြီးသောနောက်အချက်တစ်ချက်ရှိပါသေးသည်။ သင်သည်ဝမ်းနည်းပူဆွေးခြင်းများခံစားရသည့်အခါ ထိုအချိန်ကာလများထဲသို့သင်၏စိတ်က ပြန်လည်စဉ်းစားလာမိပြီးသင်ကိုယ်တိုင်လည်းကျော်ဖြတ်သွားနိုင်မည်ဖြစ်ပါသည်။ သင်ကထိုကိစ္စများကို ပြန်လည်တွေးတောချိန်တွင် ထိုအချင်းအရာများသည် ဖြစ်ပြီးသားဖြစ်နေပါသည်။ ထို့ကြောင့် သင်၏ခံစားမှုများသည်လည်းနောက်ဆုံးတွင်ပိုမို၍ ကောင်းမွန်လာမည်ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement