backup og meta

ကိုယ်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေကို ဘယ်လိုကာကွယ်မလဲ


Aye Thi Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေကို ဘယ်လိုကာကွယ်မလဲ

    ပိုင်ဆိုင်မှုတွေကို ပျက်စီးဆုံးရှုံးမှာစိုးလို့ဘယ်လိုကာကွယ်ရမလဲလို့ တွေးပြီး စိတ်ပူနေမိပြီလား။ ဒါဆိုရင် ပိုင်ဆိုင်မှုတွေအတွက် စိတ်အေးရစေဖို့ လုပ်လို့ရတဲ့နည်းလမ်းလေးကိုပြောပြပေးပါမယ်။

    ဆုံးရှုံးမှုတွေအတွက် ကြိုတင်ပြင်ဆင်မှုတစ်ရပ်

    ပိုင်ဆိုင်မှုများလာသမျှနောက်မှာ ကပ်ပါလာက ပျက်စီးဆုံးရှုံးမှုတစ်စုံတရာဖြစ်ခဲ့ရင်ဆိုတဲ့ ပူပန်မှုပါ။ ဘယ်သူ့အိမ်ကတော့ဖြင့် မီးထဲပါသွားတယ်၊ အိမ်ကိုသူခိုးဝင်သွားလို့လေ၊ ကားချင်းချိတ်မိလို့ ပြန်ပြင်ရဦးမယ်၊မုန်တိုင်းကြောင့်၊ ရေကြီးမှုကြောင့် အိမ်ရော၊ ပစ္စည်းတွေပါ ပျက်စီးကုန်ပြီ။ ဆုံးရှုံးမှုတွေများလိုက်တာ ငွေကုန်ကြေးကျတော်တော်လေးများတယ်ဆိုပြီး ငြီးငြူသံတွေကြားတဲ့အခါ ငါ့အလှည့်များဖြစ်လာခဲ့ရင်ဆိုပြီး စိတ်ပူမိတယ်ဟုတ်။ ရန်သူမျိုး ငါးပါးရန်ကကြိုသိဖို့ခက်သလို ကြိုတင်ကာကွယ်ဖို့ဆိုတာကလည်း မလွယ်တော့မလွယ်လှဘူးပေါ့။

    ခက်ခက်ခဲခဲပင်ပင်ပန်းပန်းရှာဖွေထားတဲ့ ပိုင်ဆိုင်မှုတွေပျက်စီးမှာကို စိုးရိမ်နေတယ်ဆိုရင် လစဉ်ပုံမှန် ငွေပေးသွင်းထားရုံနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် သင့်ကိုယ်စားတာဝန်ယူပေးမယ့်နည်းလမ်းရှိပါတယ်။ ဒါကတော့ ပိုင်ဆိုင်မှုတွေကို အာမခံထားတာပါ။ နေအိမ်၊ ကား နဲ့ အခြားပိုင်ဆိုင်မှုပစ္စည်းတော်တော်များများကို လစဉ်ပုံမှန်အာမခံကြေးပေးသွင်းပြီး အာမခံထားလို့ရနေပါပြီ။

    မြန်မာနိုင်ငံနဲ့ စိမ်းနေသေးတဲ့စကားရပ်တစ်ခု အာမခံ

    အာမခံထားတယ်ဆိုတာကို ကြားဖူးနေပေမယ့် ကိုယ်တိုင်ထားဖူးတဲ့သူနည်းသလို အာမခံထားတာနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်သိတဲ့သူအရေအတွက်ကလည်း သိပ်မရှိလှပါဘူး။ ဒီတော့ အာမခံထားဖို့ကိုစဉ်းစားမိသူက ခပ်နည်းနည်းရယ်ပါ။ တကယ်တော့ ပိုင်ဆိုင်မှုအာမခံထားတယ်ဆိုတာက ပျက်စီးမှုတစ်ခုခုများရှိလာရင် ပြင်ဆင်ဖို့အတွက် ငွေကြိုစုထားသလိုပေါ့။ လစဉ်တိုင်းမှာ ငွေကြေးအနည်းငယ်ပုံမှန်ပေးသွင်းထားရုံနဲ့ ထိခိုက်ပျက်စီးမှုရှိလာတဲ့အခါ အာမခံကုမ္ပဏီက သင့်ကိုယ်စားပျက်စီးဆုံးရှုံးမှုတွေကို ဝင်ရောက်တာဝန်ယူဖြေရှင်းပေးမှာဖြစ်ပါတယ်။

    ပျက်စီးဆုံးရှုံးမှုတစ်စုံတစ်ခုနဲ့ ကြုံရတဲ့အခါ ကိုယ်တစ်ယောက်ထဲခေါင်းပူနေစရာမလိုဘဲ အာမခံကုမ္ပဏီရဲ့ ဝင်ရောက်ဖြေရှင်းပေးမှုကိုပါရရှိမှာဖြစ်ပါတယ်။ ကားခိုးခံရမှုဖြစ်တာ၊ ယာဉ်မတော်တဆမှုဖြစ်တာ၊ မီးဘေးသင့်တာ၊ သဘာဝဘေးအန္တရာယ်တစ်ရပ်ရပ်ကြောင့် ပိုင်ဆိုင်မှုတွေပျက်စီးဆုံးရှုံးတာတွေအတွက် ခေါင်းပူစာမလိုဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက အာမခံထားလိုက်တာပါ။ ငွေကြိုစုသလိုပုံစံနဲ့ လစဉ်ကြေးပေးသွင်းထားမှုပါ။ ကားတွေမှာဆိုရင် ထိခိုက်ပျက်စီးမှုမရှိတဲ့အခါ နောက်တစ်နှစ်အတွက် အာမခံထပ်ထားတဲ့အချိန်မှာ Bonus ရရှိတာမျိုးတွေတောင်ရှိပါတယ်။ ပိုင်ဆိုင်မှုတွေအတွက် စိတ်အေးရစေဖို့ဆိုရင်တော့ ပိုင်ဆိုင်မှုအာမခံ (Property Insurance) ကိုထားလိုက်တာက အဆင်ပြေပါတယ်။ ငွေကြိုစုထားရင်တောင် သုံးမိနိုင်ပါသေးတယ်။ အာမခံထားလိုက်ရင်တော့ ပျက်စီးမှုဖြစ်လာတဲ့အခါမှ ထုတ်သုံးမိမှာသေချာတယ်ဆိုတော့ ဒီလောက်အဆင်ပြေတာရှိဦးမလား။

    ပိုင်ဆိုင်မှုအာမခံ (Property Insurance) ဆိုတာ

    ပိုင်ဆိုင်မှုအာမခံ (property Insurance) ဆိုတာက ပိုင်ဆိုင်မှုဥစ္စာပစ္စည်းတွေနဲ့ပတ်သက်ပြီး အာမခံထားတာပါ။ ဒီပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ရင်ဖြစ်ဖြစ် ၊တစ်စုံတစ်ယောက်ယောက်ရဲ့ ပယောဂကြောင့် ပျက်စီးသွားရင်ဖြစ်ဖြစ် ပဋိညာဉ်မှာပါတဲ့အတိုင်း အာမခံမူဝါဒနဲ့အညီ အာမခံကုမ္ပဏီဘက်က ဆုံးရှုံးမှုအတိုင်းအတာအလိုက် ထိုက်သင့်သလိုပေးလျော်ရမှာဖြစ်ပါတယ်။ မီးဘေး၊လေဘေး၊ခိုးမှုနဲ့ တစ်စုံတစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် ထိခိုက်ပျက်စီးမှုအားလုံးက ပိုင်ဆိုင်မှုအာမခံထဲမှာ အကျုံးဝင်ပါတယ်။

    ပိုင်ဆိုင်မှုအာမခံ အမျိုးအစားတွေကဘာတွေလဲ…….

    ပိုင်ဆိုင်မှုအာမခံ (Property Insurance) ထဲမှာ

  • မီးအာမခံ
  • ခိုးယူခံရမှုအာမခံ
  • ရာသီဥတုကြောင့် ပျက်စီးမှုအာမခံ
  • ကားအာမခံ
  • အိမ်အာမခံ
  • မြေယာအာမခံတွေပါဝင်နေပါတယ်။
  • ပိုင်ဆိုင်မှုတွေပျက်စီးမှာကို နေ့တိုင်းတွေးပူနေမိတယ်ဆိုရင်တော့ လက်ရှိကာလအတွက်ရော နောင်ရေးကိုစိတ်အေးရစေဖို့အတွက်ပါ ပိုင်ဆိုင်မှုအာမခံ (Property Insurance) ထားလိုက်ပါလို့ အကြံပြုပါရစေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement