backup og meta

အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား

အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား

ဟဲ့ …… ဈေးက ပြန်လာပြီလား။ ကိုဗစ် ပါလာဦးမယ်။ ကိုဗစ် ကြောက်တယ်။ ဝယ်လာတဲ့ ပစ္စည်းတွေကို ပိုးသတ်ဆိုလို့ အရက်ပြန်ဗူးကြီး ယူပြီး အားရပါးရ စပရေးဖြန်း ပိုးသတ်နေပြီလား……………….

မလုပ်ပါဘူး။ ဒါဆို ထပ်မေးချင်တာက ဆပ်ပြာရည်တွေ အားပါတရဖျော်ပြီး ဝယ်လာတဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို စိမ်ပစ်နေတာလား……… ဒါတွေက ပိုးသေစေတယ်ဆိုပေမယ့် အလွန်အကျွံဆိုရင် အဆင်မပြေတာ အမှန်ပါ။

ဒီတော့ အစားအသောက်တွေကို ဘယ်လို စနစ်တကျ ပိုးသတ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။

အစားအသောက်တွေကို ပိုးသတ်ပေးနိုင်မယ့် သဘာဝစစ်စစ်တွေ

အစားအသောက်တွေမှာ ကပ်ညှိလာတဲ့ ပိုးတွေကို

ဆားရည်

ဆားရည်က ဟင်းသီးဟင်းရွက်တွေမှာ ကပ်ညှိနေတဲ့ ပိုးသတ်ဆေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အသီးအရွက်တွေရဲ့ အာဟာရတန်ဖိုး နဲ့ အရသာကိုလည်း မထိခိုက်စေပါဘူး။

ပိုးမွှားတွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အရင်ဆုံး ရေနွေးနွေး ၄ ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်း ၂ ဇွန်း ထည့်ပြီး မွှေပါ။ ရလာတဲ့အရောထဲကို သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ ထည့်ပြီး မိနစ် ၃၀ လောက်ထားလိုက်ပါ။ ပြီးရင်ဆယ်ပြီး ရေသန့်သန့်နဲ့ ဆေးကြောလိုက်ရုံပါ။

ထိခိုက်လွယ်တဲ့ ဘယ်ရီသီးလိုမျိုး အသီးတွေကိုတော့ ရေအေးနဲ့ဆားရည် ဖျော်ပြီး ဆေးကြောပေးပါ။

နနွင်းရည်

နနွင်းရည်က ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ အကြောင်းကတော့ နနွင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေလို့ပါ။ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

ရေခပ်နွေးနွေးထဲကို နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်မွှေပါ။ နနွင်းပျော်သွားပြီဆိုရင် ဆေးကြောမယ့် အသီးအရွက်တွေကို ထည့်ပြီး ၁၀ မိနစ်လောက် စိမ်ထားပေးပါ။ ပြီးရင် ဆယ်ယူပြီး ရေသန့်သန့်နဲ့ ဆေးချလိုက်ရုံပါ။

ရှာလကာရည်

သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို ရောဂါပိုး ကင်းစေဖို့ ရှာလကာရည်ကို အသုံးပြုပြီး ဆေးကြောပေးလို့ ရပါတယ်။ ရှာလကာရည် တစ်ဆကို ရေ ၄ ဆနဲ့ ရောပြီး ဖျော်လိုက်ပါ။

ဆေးကြောမယ့် အရာတွေကို အဆိုပါ အရောထဲမှာ ၁၅ မိနစ်လောက် စိမ်ထားပါ။ ပြီးရင်ဆယ်ယူပြီး ရေသန့်သန့်နဲ့ ဆေးချပေးလိုက်ရုံပါ။

သံပုရာရည်

အသီးအရွက်တွေကို အ​ကြာကြီး မစိမ်ချင်ဘူး။ အချိန်လည်း မရဘူးဆိုရင် ဒီနည်းလမ်းလေးကို အသုံးပြုပေးလို့ ရပါတယ်။ ဒါကတော့ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို baking soda လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ၊ ရေတစ်ခွက်စာတို့ကို အချိုးကျရောလို့ သေချာနှံ့အောင် မွှေပါ။ ပြီးရင် စပရေးဗူးထဲထည့်ပြီး အသီးအရွက်တွေကို ဖြန်းပေးပါ။

ဖြန်းပြီးရင် ပိုးသေစေဖို့ ၅ မိနစ် ကနေ ၁၀ မိနစ်လောက်ထိ ထားပေးပါ။ ပြီးရင် ရေသန့်သန့်နဲ့ ဆေးချလိုက်ပါ။

ကဲ…… သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို သဘာဝပစ္စည်းတွေ သုံးလို့ ဘေးကင်းကင်းနဲ့ ပိုးသတ် သန့်စင်လိုက်ကြရအောင်လား…………….

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pesticides on fruits and vegetables https://medlineplus.gov/ency/article/001987.htm Accessed Date 29 September 2020

Foodborne Illness https://medlineplus.gov/foodborneillness.html Accessed Date 29 September 2020

ယခုပုံစံ

14/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဟင်းသီးဟင်းရွက်တွေကို အာဟာရဓာတ် မဆုံးရှုံးရအောင် ဘယ်လိုဆေးကြောမလဲ

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement