backup og meta

ကိုရိုနာအတွက် ဘယ်လိုပြင်ဆင်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုရိုနာအတွက် ဘယ်လိုပြင်ဆင်ကြမလဲ

    တစ်ကမ္ဘာလုံး နိုင်ငံပေါင်း ၁၉၀ ကျော် ကူးစက်ခံထားရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တဲ့အနေဖို့ မိမိဖာသာ လုပ်သင့်တာတွေ၊ ရှောင်သင့်တာတွေ ပြောပြပေးချင်ပါတယ်။

    လက်ဆေးပါ

    လုပ်သင့်တာ – အစာမစားခင် ဒါမှမဟုတ် ဟင်းမချက်ပြုတ်ခင်၊ သန့်စင်ခန်းဝင်ပြီးရင်၊ နှာစေး၊ချောင်းဆိုးပြီး ရင်လက်ကို သေချာဆေးကြောပါ။ ဆေးတဲ့အခါမှာလည်း ဆပ်ပြာနဲ့ရေသုံးပြီးဆေးနိုင်သလို အယ်လ်ကိုဟော ၆၀% ပါတဲ့ လက်ဆေးရည်နဲ့ဆေးလည်းရပါတယ်။ အနည်းဆုံး စက္ကန့် ၂၀ လောက်ဆေးပေးပါ။

    ရှောင်သင့်တာနှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကို လက်နဲ့မပွတ်ပါနဲ့။ တကယ်လို့ လက်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေရင် မျက်နှာကိုပွတ်လိုက်ရာကတဆင့် ကိုယ်တွင်းကိုပိုးဝင်သွားနိုင်ပါတယ်။

    ကျန်းမာရေးအသိရှိပါ

    လုပ်သင့်တာ – ကိုရိုနာဗိုင်းရပ်စ်ဝင်ရင်ဖြစ်ပေါ်လာမဲ့ လက္ခဏာတွေကိုသိထားသင့်ပါတယ်။ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမြန်ခြင်း စတာတွေအဖြစ်များပြီး တုပ်ကွေးလက္ခဏာတွေနဲ့ဆင်တူပါတယ်။ ကူးစက် ခံရသူအများစုမှာတော့ နှာရည်ယိုခြင်း မဖြစ်တာကိုတွေ့ရပါတယ်။

    ရှောင်သင့်တာ – အကြောက်မလွန်ဖို့ ပြောချင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးခံရတာနဲ့ ရုပ်ရှင်တွေထဲကလို ဖုတ်ကောင်အဖြစ်ပြောင်းမှာမဟုတ်သလို ချက်ခြင်းလဲကျပြီးသေဆုံးမှာလည်းမဟုတ်ပါဘူး။ လူမှုကွန်ယက်ပေါ် မှာ တက်လာသမျှလည်း အမှန်မဟုတ်ပါဘူး။

    ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

    လုပ်သင့်တာ – အသက် ၆၀ ကျော်လူကြီးတွေ၊ နာတာရှည်ဝေဒနာတစ်ခုခုရှိနေသူတွေဆို ရောဂါကူးစက်ခံရနိုင်ချေ ပိုများတဲ့အတွက် ပိုဂရုစိုက်သင့်ပါတယ်။ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်း လိုရောဂါရှိသူတွေ အထူးဂရုပြုပါ။

    ရှောင်သင့်တာက – ဖျားနေရင်၊ နေထိုင်မကောင်းရင် လူစုလူဝေးရှိတဲ့နေရာတွေကို တတ်နိုင်သလောက်ရှောင်ပါ။ တတ်နိုင်ရင် ဒီအချိန်ခရီးမသွားပါနဲ့။ ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေအားလုံးကို ခရီးသွားလာမှုမလုပ်ရင် အကောင်းဆုံးပါ။

    ကြိုတင်ပြင်ဆင်ပါ

    ရေနဲ့အစားအသောက်တွေ၊ ဖျားနာလာရင် သောက်သုံးဖို့ဆေးဝါးတွေ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ၊ ကြိုတင်ကာကွယ်ရာမှာသုံးမဲ့ပစ္စည်း တွေ(hand sanitizer, disinfectants, etc.) ကိုအိမ်မှာ အရန်သင့်သုံးဖို့ ဆောင်ထားစေချင်ပါတယ်၊ တစ်နှစ်စာလောက် ကြိုဝယ်ထားဖို့ ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အပြင်ခဏခဏ မထွက်ရလောက်တဲ့ ပမာဏလောက်တော့ မှန်းဆပြီး ဝယ်ထားရပါမယ်။

    ဒီနေ့အချိန်ထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူခုနစ်သိန်းလောက် ကူးစက်ခံခဲ့ရပြီး ဒီအထဲက တစ်သိန်းခွဲကျော်လောက် ရောဂါပျောက်ကင်းသွားကြပါပြီ၊ နိုင်ငံတွေအားလုံးမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကို ဟန့်တားဖို့ အစွမ်းကုန်လုပ်ဆောင်နေကြတာကြောင့် သိပ်မကြာခင်အချိန်အတွင်းမှာ ဒီဘေးအန္တရာယ်ကိုကျော်လွှားနိုင် မယ်လို့ တွက်ဆထားကြပါတယ်။

    နေထိုင်မကောင်းရင်ဘာတွေလုပ်ရမလဲ

    – ဖျားနာမယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူရခက်မယ် စတဲ့သံသယဖြစ်စရာလက္ခဏာတွေ ပြလာခဲ့ရင် ဆရာဝန်ဆီ ဖုန်းဆက်ပြီး ကိုယ့်ရဲ့အခြေအနေကိုပြောပြတိုင်ပင်ပါ။ ဖုန်းဆက်ဖို့အဆင်မပြေရင်တောင် အခုဆို facebook လိုလူမှုကွန်ယက်တွေကနေ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးလို့ရတဲ့ ဝန်ဆောင်မှုတွေကိုအသုံးပြုပြီး မေးမြန်းနိုင်နေပါပြီ

    – ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံပြီလို့ မိမိဖာသာသံသယရှိတာနဲ့ ဆေးရုံ၊ဆေးခန်း တန်းသွားတာမျိုးမလုပ်သင့်ပါဘူး၊ ဒီလိုလုပ်ခဲ့ရင် တခြားသူတွေကိုပါ ကူးစက်သွားနိုင်ခြေအရမ်းများလို့ဖြစ်ပါတယ်

    – အများပြည်သူကြားထဲသွားလာတဲ့အခါ နှာချေ၊ချောင်းဆိုးမိရင် လက်မောင်းနဲ့အုပ်ထားပါ၊ ဒါမှမဟုတ် တစ်ရှူး သုံးစွဲပါ။ သုံးစွဲပြီးတဲ့တစ်ရှူးကိုအမှိုက်ပုံးထဲ ချက်ခြင်းစွန့်ပစ်ပြီး လက်ကိုလည်း ဆပ်ပြာသေချာဆေးကြောပါ

    – ကိုယ့်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီလု့ိ သံသယရှိရင် မိသားစုဝင်တွေနဲ့ သပ်သပ်ခွဲနေပါ

    နှာခေါင်းစည်းကိုစနစ်တကျအသုံးပြုပါ၊ နှာခေါင်းစည်း ဝတ်ဆင်သင့်တဲ့အခြေအနေ၊ စနစ်တကျဝတ်ဆင်ပုံ၊ အသုံးပြုပုံ၊ စွန့်ပစ်ပုံ စတာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်လေ့လာကြည့်ရှုလို့ ရပါတယ်။

    – နောက်ဆုံးမှာချင်တာက ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးတွေလျှောက်မသောက်ပါနဲ့။ ကိုရိုနာပိုးက ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေနဲ့ မထိရောက်ပါဘူး။ ရောဂါမဖြစ်အောင် ကာကွယ်နေထိုင်ခြင်း၊ ကျန်းမာရေးအသိရှိခြင်းတို့နဲ့သာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

    ရေးသားသူ – Dr.Htoo Tint

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement