backup og meta

လိုက်ဒ် စီးကရက် ၏ ကင်ဆာ အန္တရာယ်


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိုက်ဒ် စီးကရက် ၏ ကင်ဆာ အန္တရာယ်

    လူတွေဟာတဖြည်းဖြည်းနဲ့ ဆေးလိပ်သောက်ခြင်းကဖြစ်စေနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ဂရုပြုလာကြပြီး သူတို့ကို ဆေးရွက်ကြီးအသုံးမပြုချင်လာတဲ့ထိဖြစ်လာစေပါတယ်။ ဒီအချိန်မှာ ဆေးရွက်ကြီးကုမ္ပဏီတွေက သူတို့အကျိုးစီးပွားကိုကာကွယ်နိုင်ဖို့ စီးကရက်အသစ်တစ်မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။ လိုက်ဒ်စီးကရက်တွေမှာ ဆေးရွက်ကြီးမှာပါဝင်တဲ့ ကတ္တရာ (tar) နဲ့ နီကိုတင်းတွေ အနည်းငယ်သာပါဝင်ပြီး ပိုပြီးအန္တရာယ်ကင်းတယ်လို့ ကြေငြာပါတယ်။ သူတို့ဟာ ကင်ဆာကိုကြောက်ပြီး ဆေးလိပ်မဖြတ်နိုင်တဲ့ ဆေးလိပ်သမားတွေအတွက် ပိုပြီးကောင်းတဲ့အဖြေပဲလို့ကြော်ငြာကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းလေ့လာမှုတေအရတော့ ဒီလိုပြောင်းလဲလိုက်တဲ့စီးကရက်တွေမှာလည်း ကင်ဆာဖြစ်နိုင်ချေက အရင်စီးကရက်တွေအတိုင်း မပြောင်းမလဲရှိနေဆဲပါလို့ ဆိုထားပါတယ်။

    ဆေးလိပ်သမားအများစုဟာ လိုက်ဒ် စီးကရက်တွေက ကျန်းမာရေးအတွက် ပိုပြီးစိတ်ချရတယ်လို့ ယုံကြည်တာကြောင့် လိုက်ဒ် စီးကရက်တေ ွဘက် ဦးလှည့်လိုက်ကြပါတယ်။ အနည်းဆုံးတော့ ဆေးရွက်ကြီးကုမ္ပဏီတွေရဲ့ သီအိုရီအရ နီကိုတင်းပမာဏနည်းခြင်းဟာ ကင်ဆာဖြစ်နိုင်ချေကိုလျော့နည်းသွားစေတယ်လို့အဓိပ္ပါယ်ရပါတယ်။ ဒီ လိုက်ဒ် စီးကရက်ကိုသောက်သုံးသူတွေဟာ ပိုပြီးချောမွေ့ပေါ့ပါးတဲ့မီးခိုးတွေဟာ လည်ချောင်းထဲဖြတ်သန်းသွားတာကို သတိပြုလိုက်မိကြတာက ကြော်ငြာတွေကို ပိုပြီးယုံကြည်စေလိုက်သလိုပါပဲ။ တကယ်တမ်း ဓါတ်ခွဲစမ်းသပ်ချက်တွေအရ လိုက်ဒ် စီးကရက်တွေ မှာပါဝင်တဲ့ ကတ္တရာ နဲ့ထိတွေ့မှုကတော့ ပုံမှန်အတိုင်းမြင့်မားနေပြီး အန္တရာယ်ရှိနေဆဲပါပဲ။ ဆေးရွက်ကြီးထုတ်ကုန်တွေအားလုံးဟာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တကယ့်လက်တွေ့မှာတော့ ပိုပြီးအန္တရာယ်ကင်းအောင်လုပ်နိုင်တဲ့နည်းလမ်း လုံးဝမရှိသလောက်ပါပဲ။

    နောက်တစ်မျိုးပြောရရင် ဘယ်လိုစီးကရက်အမျိုးအစားမဆို အဆုတ်ကင်ဆာဖြစ်နိုင်ချေရှိတာချင်း အတူတူပါပဲ။ ဒါ့အပြင် အဆုတ်တစ်ခုတည်း ဒီအန္တရာယ်ကိုရင်ဆိုင်ရတာမဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းကခန္ဓါကိုယ်မှာ ရှိသမျှအင်္ဂါတွေအားလုံးကို ဒုက္ခပေးနိုင်ပြီး ကျန်းမာရေးကို လုံးဝထိခိုက်စေနိုင်ပါတယ်။ ဆေးရွက်ကြီးကုမ္ပဏီတွေက ကြော်ငြာထဲမှာ ဘယ်လိုပဲပြောနေပါစေ။ ပုံမှန်စီးကရက်ကနေ လိုက်ဒ် ပုံစံကိုပြောင်းလဲလိုက်တာက သင့်ခန္ဓါကိုယ်ကိုဘယ်လိုကောင်းကျိုးမှပေးနိုင်မှာမဟုတ်ပါဘူး။ လိုက်ဒ်စီးကရက်မှာပါဝင်တဲ့ ကတ္တရာ လယ်ဗယ်ကို စက်တွေနဲ့တိုင်းတာပါတယ်။ ကုမ္ပဏီတွေကလာတဲ့ စံနှုန်းတွေအရ လိုက်ဒ် စီးကရက်တွေဟာ ပုံမှန်စီးကရက်တွေထက် ကတ္တရာပါဝင်နှုန်းပိုနည်းတယ်လို့ဆိုတာကြောင့် သင့်ကိုပိုပြီးနားဝင်ချိုစေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်လက်တွေ့လောကမှာ တစ်ယောက်နဲ့တစ်ယောက်ဆေးလိပ်သောက်ပုံချင်းမတူတာကြောင့် တကယ့်ဆေးလိပ်သမားက ကတ္တရာ ပမာဏ ဘယ်လောက်များများ ရှူသွင်းလိုက်သလဲဆိုတာကို ပြောနိုင်တဲ့နည်းလမ်းမရှိပါဘူး။ စက်နဲ့ကွာခြားတာလည်း အသိသာကြီးပါ။

    လိုက်ဒ်စီးကရက်တွေမှာ ကတ္တရာကိုလျှော့နိုင်အောင်လုပ်ထားတဲ့ အထူးဒီဇိုင်းကနီကိုတင်းပါဝင်မှုနှုန်းလျော့သွားအောင်လည်းလုပ်နိုင်ပါတယ်။ ရလဒ်ကတော့ နီကိုတင်းကိုစွဲလမ်းနေတဲ့ ဆေးလိပ်သမားဟာ သတိမထားမိဘဲ ပိုပြီးမြန်မြန်နဲ့ နက်နက်ရှိုင်းရှိုင်း ရှိုက်သွင်းမိပါတယ်။ ဒါမှမဟုတ် နီကိုတင်းလိုအပ်မှုပြည့်သွားအောင်လို့ ဆေးလိပ်ပိုပြီးသောက်မိပါလိမ့်မယ်။ ဒါကြောင့်လည်း သူတို့တွေဟာ ကတ္တရာတွေ၊ နီကိုတင်းတွေနဲ့ အခြားအဆိပ်ရှိဓါတုပစ္စည်းတွေ ပိုပြီးရရှိသွားတာနဲ့ အဆုံးသတ်သွားပါတော့တယ်။

    ခပ်တိုတိုပြောရမယ်ဆိုရင်တော့ လိုက်ဒ် စီးကရက်တွေဟာ ဆေးလိပ်သောက်ခြင်းနဲ့ဆက်စပ်တဲ့ ကင်ဆာဖြစ်နိုင်ချေတွေကို လျှော့ချမပေးနိုင်ဘူးဆိုတာသေချာပါတယ်။ ဆေးလိပ်ဖြတ်လိုက်ခြင်းကမှ သင်ကိုယ်တိုင်နဲ့ သင့်ပတ်ဝန်းကျင်ကလူတွေကို ကင်ဆာဖြစ်ခြင်းမှကာကွယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement