backup og meta

ကားမူးပျောက်ဆေးတစ်ခုမှာ မပါမဖြစ်တဲ့ ပစ္စည်းလေးက ဘာများလဲ ။ ။

ကားမူးပျောက်ဆေးတစ်ခုမှာ မပါမဖြစ်တဲ့ ပစ္စည်းလေးက ဘာများလဲ ။ ။

ကားမူးပျောက်ဆေးတွေသာ ဝယ်သောက်နေတာ။ ကားမူးပျောက်ဆေးထဲမှာ ဘာတွေပါလဲ။ ဘယ်လိုသောက်ရမလဲ မသိတဲ့သူတွေ ရှိလို့နေပါတယ်။ ဒါကြောင့် ကားမူးပျောက်ဆေးတွေရဲ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ dimenhydrinate အကြောင်းပြောပြချင်ပါတယ်။

ကားမူပျောက်ဆေးတွေမှာ ပါဝင်တဲ့ dimenhydrinate ဆိုတာ ဘာလဲ။ ။

Dimenhydrinate ဆိုတာ antihistamine အုပ်စုဝင် တစ်မျိုးဖြစ်ပြီး ခရီးသွားရင် ဖြစ်တတ်တဲ့ မူးဝေအော့အန်ြခင်းကို သက်သာစေတဲ့ ဆေးတစ်မျိုးပါ။

Dimenhydrinate မူးဝေတာကို ဘယ်လိုနည်းနဲ့ သက်သာစေတာလဲ။ ။

မျက်စိကမြင်တဲ့အတိုင်း ဦးနှောက်ဆီပို့လွှတ်တဲ့ အာရုံကြောစနစ်ရဲ့ပေးပို့ချက်နဲ့ ကိုယ်ခန္ဓါရဲ့ဘယ်ညာအရှေ့အနောက် လှုပ်ရှား၊ရွေ့လျားမှုဖြစ်စဉ်ကို နားတွင်းအင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ပေးပို့ချက်တို့ သဟဇာတဖြစ်စေပြီး မူးဝေတာကို သက်သာစေပါတယ်။

Dimenhydrinate ကို ဘယ်မှာ အသုံးပြုသလဲ။ ။

Dimenhydrinateကို ကားမူးတာကြောင့်ဖြစ်တတ်တဲ့ ပျို့အန်ချင်တာကို သက်သာစေဖို့အတွက် အဓိက သုံးပါတယ်။

Dimenhydrinate ကို ဘယ်လိုသောက်ရမှာလဲ။ ။

· Dimenhydrinate ကို အစာနဲ့ ဖြစ်ဖြစ်၊ အစာမပါဘဲ ဖြစ်ဖြစ် ရေများများနဲ့သောက်လို့ရပါတယ်။

· ကား၊ သင်္ဘော၊ လေယာဉ်မစီးခင် နာရီဝက်လောက်အလိုမှာ ဆေးသောက်ထားလိုက်ရင် ခရီးစဉ်တလျောက်လုံး မူးဝေအော့အန်ခြင်းတွေမဖြစ်အောင် ၈ နာရီကြာ ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်သွားမယ့် ခရီးကာ ၈ နာရီထက်ကြာမယ်ဆိုရင်တော့ Dimenhydrinate ကို နောက်တစ်ကြိမ်ထပ်သောက်သင့်ပါတယ်။

Dimenhydrinate မှာ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါသလား။

Dimenhydrinate သောက်ပြီးရင် အများဆုံး ဖြစ်တတ်တာကတော့ အိပ်ချင်လာတာပါ။ အိပ်ချင်စေတဲ့ အတွက် Dimenhydrinate ကို ကားမောင်းရမယ့်သူတွေ၊ စက်ပစ္စည်းတွေကို သတိနဲ့ကိုင်ရမယ့်သူတွေ မသောက်သင့်ပါဘူး။ တစ်ခြားကျန်းမာရေးကို ထိခိုက်စေမယ့် ဆိုးဆိုးဝါးဝါး ဘေးထွက်ဆိုးကျိုးတွေတော့ ဘာမှမရှိပါဘူး။

တစ်ခုသတိထားရမှာက Dimenhydrinate ကို အရက် ရဲ့ တွဲသောက်လို့မရပါဘူး။ လူကို ပိုပြီး နုန်းခွေစေလို့ပါ။

Dimenhydrinate ကို ဘယ်သူတွေ မသောက်သင့်ဘူးလဲ။ ။

အသက် ၂ နှစ်အောက် ကလေးတွေကို Dimenhydrinate မတိုက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင် ေတွ သောက်သင့်မသောက်ကတော့ ဆရာဝန်တွေနဲ့ သေချာဆွေးနွေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ဘာဆေးပဲသောက်သောက် တကယ်လိုအပ်မှပဲ သောက်သင့်ပါတယ်။

Dimenhydrinate ကို ဘယ်မှာဝယ်လို့ရလဲ။ ။

Dimenhydrinate ကို အဓိကထား ထုတ်လုပ်ထားတဲ့ ကားမူးပျောက်ဆေးတွေ အများကြီးခုဆို ဈေးကွက်ထဲမှာ ရှိနေတဲ့အတွက်ကြောင့် ကားမူးပျောက်ဆေးဝယ်တော့မယ်ဆိုတာနဲ့ Dimenhydrinate ပါတဲ့ ဆေးတွေ ဝယ်ဖို့ မမေ့နဲ့နော် ။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://medlineplus.gov/druginfo/meds/a607046.html

Accessed Date 18.4.2019

https://www.webmd.com/drugs/2/drug-8645/dimenhydrinate-oral/details

Accessed Date 18.4.2019

ယခုပုံစံ

26/08/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ချာချာလည်မူးဝေခြင်းကို ကျော်လွှားနိုင်ရန် အကြံပြုချက်များ

ကားမူးတတ်သူတွေအတွက် နည်းလမ်းကောင်းများ



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement