backup og meta

ပြေးလွှားခြင်းနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်များနဲ့ သမိုင်းကြောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြေးလွှားခြင်းနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်များနဲ့ သမိုင်းကြောင်းများ

    ပြေးလွှားခြင်းဟာ ကိုယ်ကျန်းမာရေးကောင်းမွန်စေခြင်း၊ ခန္ဓါကိုယ်လှစေခြင်း၊ ကယ်လိုရီလောင်ကျွမ်းစေနိုင်ခြင်း ကဲ့သို့ အကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာ သတိထားမိကြပြီး ဖြစ်ပါတယ်။ သို့ပေမယ့် ပြေးလွှားခြင်းမှာ ဒီလို အကျိုးကျေးဇူးလေးတွေ ထက်ပိုတာတွေရှိပါတယ်။

    သင်အရင်က သင်သိကောင်းသိနိုင်မယ့် အချက်လေးတွေ ကို အောက်မှာ ဆက်လက်ဖော်ပြပေးပါမယ်။

    အချက်အလက်များ။

    ပြေးလွှားခြင်းဟာ စွန့်စားမှုဖြစ်နိုင်သလို ရှုပ်ထွေးတာတွေလည်းရှိနိုင်ပါတယ်။

    ပုံမှန်မာရသွန်ပြေးနည်းတွေ အပြင် အခြားစိတ်ဝင်စားစရာကောင်းတဲ့ ရွှံ့ထဲမှာပြေးခြင်း နည်းလမ်းနဲ့ ပြေးလမ်းမှာ အနှောက်အယှက်တွေရှိ တဲ့ပြေးနည်း တွေလည်းရှိပါတယ်။ ၂၀၁၄ တစ်နှစ်ထဲမှာတင် ပုံမှန် ပြေးနည်းမဟုတ်တဲ့ပြေးနည်းတွေမှာ ပြီးမြောက်အောင်မြင်ခဲ့သူ ၄ သန်းလောက်ရှိခဲ့ပါတယ်။

    လူတွေက ဒီတိုင်းရိုးရိုးပြေးနည်းထက် အထက်ပါ ပြေးနည်းတွေက ပိုပြီး စိန်ခေါ်မှုတွေရှိတယ်လို့ ထင်ကြ ပါတယ်။

    သင်ကမ္ဘာတစ်ပတ်လုံးပြည့်အောင် ပြေးနိုင်ပါတယ်။

    အဲဒီအချက်က မှန်ပါတယ်။ သင်ဟာ ၅နှစ်လောက်( အတိအကျကတော့ ၅.၇ နှစ်)ဆက်တိုက် ပြေးမယ်ဆိုရင် ၂၄၉၀၀ မိုင်လောက် ပြေးနိုင်ပါတယ်။ ကမ္ဘာရဲ့ ပတ်လည် အဝန်းက ၂၄၉၀၁ မိုင်ရှိပါတယ်။ အဲဒါကြောင့် တော်တော်နီးစပ်ပါတယ်။

    တကယ်လို့ သင်ဟာ ကယ်လိုရီတွေ ပိုလောင်ကျွမ်းစေချင်တယ်ဆိုရင် ပိုမြန်မြန်ပြေးဖို့ သို့မဟုတ် ကြာကြာပြေးဖို့ လိုအပ်ပါတယ်။

    ဥပမာ- ၈ မိနစ် မိုင် ပြေးလွှားခြင်းဆိုပိုစို့။ ဒီပြေးလွှားခြင်းကို ပေါင် ၂၂၀ ရှိတဲ့ သူကပြေးရင် ၁၅၀ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်။ ၁၂၀ ပေါင်ရှိသူက ပြေးရင် ၈၂ ကယ်လိုရီလောက်သာ လောင်ကျွမ်းနိုင်မှာပါ။

    ဆိုလိုတာက သင်ဟာပိုပြီး ကျစ်လစ်မှုရှိလေလေ အကွာအဝေးတူတဲ့ ပြေးခြင်းတစ်ခုမှာ သင့်ခန္ဓါကိုယ်က လောင်ကျွမ်းတဲ့ ကယ်လိုရီ ပမာဏ နည်းလေ ဖြစ်ပါတယ်။

    သမိုင်းကြောင်းကတော့ သမိုင်းကြောင်းပဲ။

    ရေဓါတ်ဖြည့်တင်းဖို့အတွက် အားဖြည့်ဖျော်ရည်များ။

    အဲဒါတွေက ပြေးတဲ့ အချိန်မှာ အကူအညီ ဖြစ်စေနိုင်မယ့် ကယ်လိုရီတွေ၊သတ္တုဓါတ် တွေပါဝင်ပေမယ့် အဲဒါတွေက ၁ နာရီထက်ပို ပြေးတာတွေ အတွက် အသုံးအဝင်ဆုံးဖြစ်ပါတယ်။ တစ်နာရီ အောက်နည်းတဲ့ ပြေးတာတွေ အတွက်ကတော့ ရေက အကောင်းဆုံးပါပဲ။

    မေပးလွှားခင်မှာ အကြောလျှော့ပါ။

    ပြေးလွှားခြင်းဆိုတာကလည်း အားကစားနည်းတစ်ခုပါပဲ။ ဒါ့ကြောင့် မပြေးခင်မှာ သင့်တော်တဲ့ သွေးပူလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ဖို့ အကြံပြုချင်ပါတယ်။ ဒါပေမယ့် static stretching လို့ခေါ်တဲ့ အကြောဆန့်တဲ့ အနေအထားကို အကြာကြီး တောင့်ထားခြင်းက သင့်တော်တဲ့ သွေးပူလေ့ကျင့်ခန်းမဟုတ်ပါဘူး။

    မပြေးခင်မှာ လုပ်ဖို့ အသင့်တော်ဆုံးကတော့ လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ ခြေထောက် လွှဲလေ့ကျင့်ခန်း၊ပေါင် ကြွက်သားလေ့ကျင့်ခန်း၊ တင်ပါးကြွက်သားလေ့ကျင့်ခြင်းတွေဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ မပြေးခင်လုပ်တဲ့ သွေးပူလေ့ကျင့်ခန်းတွေ ဆိုတာဟာ ခြေထောက်ပါဝင်လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းမျိုးကို ခေါ်ပါတယ်။

    နေ့စဉ်ပြေးခြင်း။

    တကယ်တော့ နေ့စဉ်ပြေးနေတာကြောင့် အလွန်အကျွံ လေ့ကျင့်ခြင်း၊ စိတ်ပင်ပန်းခြင်း(သို့) အထူးသဖြင့် အခုမှ စတင်လေ့ကျင့်သူတွေ အတွက် ထိခိုက်ဒဏ်ရာ တွေတောင် ဖြစ်လာနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ကြွက်သားတွေ ပြန်ကောင်းလာဖို့ နားချိန်လိုအပ်ပါတယ်။

    သင်အပြေးလေ့ကျင့်တာကို အကျိုးရှိစေချင်ရင် တခြားလေ့ကျင့်မှုတွေလည်းရောပြီး လုပ်ဆောင် သင့်ပါ တယ်။ ပြေးလွှားခြင်းဟာ ခြေထောက်တစ်ခုပဲ ရွေ့ရှား ပါဝင် တာမဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ အကွာအဝေး မိုင်တစ်ခုကို ပြေးနိုင်ဖို့အတွက် သင့်ကြွက်သားတွေနဲ့ အမောခံနိုင်ရည်ရှိမှုတွေကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။

    ဒါ့ကြောင့် Gym ဆော့၊ရေကူး၊ စက်ဘီးစီး၊ နှလုံးကျန်းမာရေး လေ့ကျင့်ခန်း စတာတွေလုပ်ဆောင်သင့်ပါတယ်။ ကောင်းသော ပြေးလွှားလေ့ကျင့်ခြင်းတစ်ခု ဖြစ်ဖို့ ပြေးလွှားခြင်းတစ်ခုပဲ မဟုတ်ပဲ အခြားလေ့ကျင့်ခန်းတွေပါ ပူးပေါင်းပါဝင်ရပါမယ်။

    သင်တကယ်သိနားလည်လာတဲ့အခါ ပြေးလွှားခြင်းဟာ ပျော်စရာကောင်းပါတယ်။ သင့်အပြေးလေ့ကျင့်ခန်း၊ပြေးလွှားခြင်းအတွက် အထောက်အကူ ဖြစ်စေမယ့် ဖျော်ဖြေမှုတွေ လိုအပ်ပါက အင်တာနက်မှာ နည်းလမ်းတွေ အများကြီးရှိပါတယ်။

    အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေကို ကြည့်ခြင်းအားဖြင့် သင်ဘယ်လိုပြေးရမယ်ဆိုတာကို ပိုပြီးသိနားလည် လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement