backup og meta

ဟော်မုန်းများသည် သင့်ဝက်ခြံပေါက်ခြင်းကို မည်သို့ပြောင်းလဲစေပါသလဲ


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံပေါက်ခြင်းသည် တစ်ခါတရံတွင် ဟော်မုန်းကြောင့် ဖြစ်သော ရောဂါဟု သတ်မှတ်ကြသည်။ ဟော်မုန်းများသည် အရေပြားရှိ အဆီဂလင်းများကို ဖြစ်ပေါ်စေသည်။ ဟော်မုန်းပမာဏ ပြောင်းလဲမှုသည် သင့်ဝက်ခြံများ၏ အခြေအနေကို အပြောင်းအလဲ ဖြစ်စေပါသည်။

    ရာသီလာချိန်တွင် ဖြစ်သော ဟော်မုန်းပြောင်းလဲခြင်း

    ဝက်ခြံအမျိုးအစား များစွာရှိသည်။ အဖြစ်အများဆုံးသည် ဟော်မုန်း အပြောင်းအလဲကြောင့် ပေါက်သော ဝက်ခြံဖြစ်သည်။ ဟော်မုန်း အပြောင်းအလဲသည် အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် ဆေးကုသမှုများနှင့် ရောဂါများကြောင့် ဖြစ်သည်။

    ဟော်မုန်းကြောင့် ဖြစ်သော ဝက်ခြံပေါက်ခြင်းသည် သွေးထဲတွင် ကျားဟော်မုန်း (အန်ဒရိုဂျင်) များသောကြောင့် ဖြစ်သည်။ အန်ဒရိုဂျင်သည် ကျားဟော်မုန်း ဖြစ်သော်လည်း မိန်းမနှင့် ယောက်ျား နှစ်ဦးလုံးတွင် တွေ့နိုင်သည်။ သို့သော် မိန်းမများတွင် ထို ဟော်မုန်းပမာဏ နည်းသည်။

    အန်ဒရိုဂျင်သည် အပျိုဖော်ဝင်ချိန်နှင့် ကိုယ်ဝန်ဆောင်ချိန်တွင် မိန်းမနှင့် ယောက်ျား နှစ်ဦးလုံးတွင် ထွက်သည့် ပမာဏ များသည့်အတွက် အဆီဂလင်းများတွင် အဆီဖြစ်ပေါ်မှု များစေသည်။ ထိုအဆီသည် သင့်အရေပြားကို နူးညံ့ပြီး စိုစွတ်စေသည်။ သို့သော် အဆီထွက်မှု များလွန်းလျှင် ဆဲလ်အသေများနှင့် ရောပြီး အရေပြားရှိ ချွေးပေါက်များကို ပိတ်စေသောကြောင့် ဝက်ခြံဖြစ်နိုင်သည်။

    ထိုအဆီသည် P. acnes ဟု ခေါ်သော ဝက်ခြံကို ဖြစ်စေသော ဘက်တီးရီးယား တစ်မျိုးအတွက် အာဟာရလည်း ဖြစ်စေသည်။

    ဝက်ခြံ ပေါက်ခြင်းအတွက် ဟော်မုန်းကုသမှုများ

    အရေပြားအထူးကု ဆရာဝန်များသည် ဝက်ခြံကို ကုသရန် ဟော်မုန်းကုသမှုကို ညွှန်ကြားနိုင်ပါသည်။

    သန္ဓေတားဆေး သောက်ဆေးသည် သွေးထဲတွင် အန်ဒရိုဂျင် ဟော်မုန်းကို နည်းစေပြီး အီစထရိုဂျင် ဟော်မုန်းကို တက်စေသည်။ ထို့ကြောင့် ဝက်ခြံထွက်ခြင်းကို သက်သာစေသည်။ သန္ဓေတားဆေးကို တစ်မျိုးတည်း ဖြစ်စေ၊ ဆီးဆေးနှင့် ဖြစ်စေ တွဲ၍ အသုံးပြုနိုင်သည်။

    ဤနည်းလမ်းများသည် လူနာအများစုအတွက် ဘေးကင်း စိတ်ချရသော်လည်း တချို့သော လူနာများသည် သန္ဓေတားဆေးကို အသုံးပြုသောအခါ သတိထားသင့်ပါသည်။

  • နှလုံးရောဂါနှင့် လေဖြတ်ထားသော လူနာများ
  • ရင်သားကင်ဆာ ရှိသော အမျိုးသမီးများ
  • သွေးတိုးရောဂါရှိပြီး ထိန်းချုပ်မရသော လူနာများ
  • ရာသီပုံမှန် မလာသော အမျိုးသမီးများတွင် အသုံးပြုမည်ဆိုလျှင် သတိထားရပါမည်။
  • သင့် ဝက်ခြံပေါက်ခြင်းနှင့် ကျန်းမာရေး အခြေအနေကို ဟော်မုန်းကုသမှု မယူခင် သင့်ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးရပါမည်။ ထိုနည်းလမ်းများကို အသုံးပြုသည့် အခါတွင် ဆရာဝန်၏ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်သင့်ပါသည်။

    ဝက်ခြံ ပေါက်ခြင်းသည် အကြောင်းရင်း များစွာကြောင့် ဖြစ်နိုင်ပါသည်။ အဖြစ်အများဆုံးသည် ခန္ဓါကိုယ်တွင် ဟော်မုန်း ပြောင်းလဲခြင်းကြောင့် ဖြစ်သည်။ ဟော်မုန်း ပမာဏသည် အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန် ဆောင်ချိန်များတွင် ပြောင်းလဲနိုင်သည်။

    ထို့ကြောင့် ဝက်ခြံပေါက်ခြင်းသည် အပျိုဖော်ဝင်စ လူငယ်များတွင် အဖြစ်များပါသည်။ ဟော်မုန်းဖြင့် ကုသခြင်းသည် တစ်ခါတစ်ရံ ဝက်ခြံကို ကုသရာတွင် အသုံးပြုနိုင်ပါသည်။ သို့သော် ကုသမှုကို ဆရာဝန်က ကောင်းစွာ ကြီးကြပ်သင့်ပါသည်။

    Hello Health Group သည် ကျန်းမာရေး အကြံပြုချက်များ၊ ရောဂါအမည် တပ်ခြင်းများနှင့် ကုသခြင်းများကို မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement