backup og meta

ခရီးကပြန်လာရင် အသားအရေဘယ်လိုပြန်ထိန်းသိမ်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရီးကပြန်လာရင် အသားအရေဘယ်လိုပြန်ထိန်းသိမ်းမလဲ

    ပိတ်ရက်ရှည်တွေလည်းဆက်လာပြီ၊အေးချမ်းတဲ့ခရီးသွားရာသီလည်းရောက်လာပြီဆိုတော့ ခရီးသွားရတာနှစ်သက်တဲ့သူတွေအတွက် အကြိုက်ပေါ့နော်။ အခုဆိုရင်မြန်မာပြည်အနှံ့ ဘုရားဖူးခရီးစဉ်တွေ၊ ကမ်းခြေအပန်းဖြေခရီးစဉ်တွေတင်မကဘဲ ဘန်ကောက်၊မော်လဒိုက်တို့လို ပြည်ပခရီးစဉ်တွေကိုပါ စီစဉ်ပေးတာတွေရှိနေတော့ ခရီးသွားရတာနှစ်သက်တဲ့သူတွေအတွက် အရမ်းကိုအဆင်ပြေပါတယ်။ နေ့တိုင်းလိုလို အလုပ်တာဝန်တွေ၊ မိသားစုကိစ္စတွေနဲ့ မွန်းကြပ်နေရတဲ့ မြို့ပြလူနေမှုဘဝကနေ ခဏတာဝေးကွာရတဲ့ စိတ်လက်အပန်းပြေမှုကို ဘယ်သူက မနှစ်သက်ဘဲနေမလဲနော်။ အဲဒါကြောင့်ပဲမြို့ပြလူနေမှုဘဝမှာနေထိုင်နေကြရတဲ့သူတွေက ခရီးထွက်ဖို့ကို အရင်ကထက် စိတ်အားထက်သန်လာကြပါတယ်။ အရင်တစ်ခေါက်ပိတ်ရက်ရှည်တွေတုန်းကဆိုရင် အဝေးပြေးလမ်းတွေပြည့်ကျပ်ကုန်တာမျိုးတောင် ဖြစ်သွားခဲ့သေးတယ်လေ။

    ရှုခင်းလှလှလေးတွေမှာ သာသာယာယာ ဓါတ်ပုံရိုက်မယ်၊ဒေသအစားအစာတွေလျှောက်စားမယ်၊ စိတ်ဖိစီးစရာတွေအားလုံးမေ့ထားပြီး အပန်းဖြေခရီးထွက်ရတာ အရမ်းပျော်စရာကောင်းပါတယ်။ ဒါပေမယ့် မကောင်းတာလေးတစ်ခုတော့ရှိနေတယ်။ ကိုယ့်အသားရေအတွက်ပါ။ ခရီးလမ်းတလျှောက်လေဒဏ်၊နေဒဏ် ခံခဲ့ရသလိုနေရာဒေသအပြောင်းအလဲ၊ ရာသီဥတုအပြောင်းအလဲကြောင့်လည်း အသားအရေမှာ အနည်းနဲ့အများထိခိုက်ပါတယ်။ အိမ်မှာနေသလိုတော့ ဘယ်တူပါ့မလဲ။

    တကယ်တော့ ခရီးကိုမသွားခင်ကသာပြင်ဆင်တတ်ကြတာ ၊ သွားနေတုန်းလည်း လှအောင်ပြင်ကြပေမယ့်ပြန်လာတဲ့အခါ အသားအရေပြန်ထိန်းသိမ်းဖို့ကို မမေ့သင့်ပါဘူး။ အထူးသဖြင့်နေပူထဲမှာ နာရီပေါင်းများစွာရှိနေခဲ့သူ၊လေယာဉ်အကြာကြီးစီးခဲ့ရသူတွေအတွက်ဆို ပိုလိုအပ်ပါတယ်။ ဒါ့ကြောင့် ခရီးကပြန်လာပြီဆိုရင် ဒီအတောအတွင်း ပျက်စီးခဲ့ရတဲ့အသားအရေကို ဘယ်လိုပြန်လည်ထိန်းသိမ်းကြမလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

    သေချာရေချိုးသန့်စင်ပါ

    ခရီးတလျှောက်မှာ sunscreenတွေ အထပ်ထပ်လိမ်းဖြစ်ခဲ့မှာဖြစ်သလို မိတ်ကပ်တွေလည်း လိမ်းခဲ့မှာပေါ့။ ဘယ်လိုပဲပြန်ဖျက်၊သန့်စင်ခဲ့ပါစေ ဖုန်မှုန့်တွေ၊ချွေးတွေနဲ့ပေါင်းပြီးအရေပြားမှာ အကြွင်းအကျန်တွေရှိနေတတ်ပါတယ်။ အချိန်နဲ့ ခရီးထွက်နေရတာဆိုတော့ အသေအချာအချိန်ပေးသန့်စင်ဖို့လည်း မလုပ်နိုင်ခဲ့ဘူး။ ခုပြန်ရောက်ပြီဆိုတော့ အရေပြားမှာ စုနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် သင့်ခန္ဓါကိုယ်ကို အသေအချာ ရေချိုးသန့်စင်ဖို့အချိန်ရောက်ပြီလေ။

    ညင်သာစွာ exfoliate လုပ်ပါ

    ခရီးမှာနေရောင်ခြည်နဲ့ထိတွေ့မှုပိုများပြီး သွားရင်းလာရင်းချွေးလည်းပိုထွက်ခဲ့လို့ ဆဲလ်သေတွေရှိနေနိုင်ပါတယ်။ ဆဲလ်သေတွေ ရှိနေရင် အသားအရေမှာရေဓါတ်ခန်းခြောက်နေသလိုခံစားရပြီး ခြောက်သွေ့နေပါလိမ့်မယ်။ ဒါ့ကြောင့် ဆဲလ်သေဖယ်ရှား(exfoliate) လိုက်ရင် မျက်နှာနဲ့ခန္ဓါကိုယ်အသားအရေမှာ ကြည်လင်သန့်စင်ပြီးဖြူဝင်းလှပမှုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

    ရေဓါတ်ပြန်ဖြည့်ပေးတဲ့ အဆီနဲ့creamတွေလိမ်းပါ

    ဆဲလ်သေဖယ်ရှားပြီးရင် အသားအရေအတွက် အားဖြည့်ပေးမယ့်၊ရေဓါတ်ဖြည့်ပေးမယ့် အဆီနဲ့creamတွေကိုရွေးသုံးပေးပါ။ အသားအရေထိန်းသိမ်းပေးတဲ့အဆီတွေကနေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့အသားအရေကိုပြန်လည်ဖြူစင်ဝင်းပလာစေမှာဖြစ်ပါတယ်။

    Masksတွေအစွမ်းနဲ့ အလှပြန်မွေးဖွားပါ

    Facial Masksတွေက အစွမ်းအာနိသင်မျိုးစုံနဲ့ ထုတ်လုပ်လာကြလို့ multi-masking လို့ခေါ်တဲ့ မျက်နှာအစိတ်အပိုင်းအလိုက် တစ်ပိုင်းချင်းစီကို mask တစ်မျိုးစီအသုံးပြုတဲ့နည်းက အသုံးဝင်ပါတယ်။ အသားအရေအမျိုးအစားအလိုက်လည်း ရွေးချယ်ရရှိနိုင်ပါတယ်။ ခဏလောက် ပေါင်းတင်လိုက်ရုံနဲ့ အသားအရေအတွက် masks တွေရဲ့အကျိုးအာနိသင်က များလွန်းပါတယ်။ Mask တွေက အသားရေပြန်လည်ပြုပြင်မှုကို အရမ်းအထောက်အပံ့ပေးနိုင်တာမို့လို့ ခရီးသွားထားတာကြောင့် အသားရေပျက်စီးမှုတွေဖြစ်ထားတဲ့သူတွေအတွက်တော့ အကောင်းဆုံးအဖြေပါပဲ။

    မျက်လုံးအောက်မှာရေခဲကပ်ပါ

    ပြန်ရောက်လာပြီဆိုရင် အလုပ်ခွင်ပြန်ဝင်ရပြီ၊ အလုပ်တွေများ၊ စိတ်ဖိစီးစရာတွေပြန်ရင်ဆိုင်နေရနိုင်ပါတယ်။ ဒါဆို ခရီးတုန်းက အိပ်ရေးမဝခဲ့တာတွေလည်းရှိနိုင်တော့ ခရီးပန်းထားတဲ့ဒဏ်နဲ့ မျက်ကွင်းညိုတာလည်းဖြစ်လာနိုင်ပါတယ်။ မျက်လုံးအောက်မှာရေခဲဝတ်လေးကပ်ပေးပါ။နောက်တစ်နေ့မနက်မှာ လန်းလန်းဆန်းဆန်း နိုးထနိုင်အောင်လို့ အိမ်ပြန်ရောက်ရောက်ချင်းညမှာ အိပ်ရာမဝင်ခင်ရေခဲကပ်ပေးနိုင်ပါတယ်။

    သံပရာရည် သို့မဟုတ် လိမ္မော်ရည်သောက်ပါ

    သံပရာရည်သောက်သုံးပေးခြင်းဟာ ခရီးကပြန်လာပြီးနောက်ပိုင်း အသားအရေကိုပြန်လည်အားဖြည့်ပေးနိုင်တဲ့ အချက်ထဲ ပါဝင်ပါတယ်။ ဗီတာမင်စီပါတဲ့ အသီးဖျော်ရည် သောက်ပေးတာကရေဓါတ်ဖြည့်တင်းခြင်းနဲ့ လန်းဆန်းမှုကိုပေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

    ဆက်ကာကွယ်ဖို့ မမေ့ပါနဲ့

    အသားအရေကိုပြန်ထိန်းသိမ်းတာကောင်းပေမယ့်နောက်ထပ်မပျက်စီးအောင်လည်း ကာကွယ်ဖို့ လိုတာကြောင့်နေ့ဘက်မှာဆို နေလောင်ဒဏ်မသင့်စေဖို့ sunscreen ဆက်သုံးပေးပါ။

    Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement