backup og meta

လူကြီးတွေ အစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်မလဲ


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီးမိဘတွေကို အစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ဆောင်ပေးမလဲ

    အသက်ကြီးလာတာနဲ့ အမျှ ငယ်ရွယ်စဉ်အခါကလောက် စားချင်သောက်ချင်စိတ်တွေ ကုန်ခမ်းလာတတ်ပါတယ်။ သောက်သုံးမှီဝဲနေရတဲ့ဆေးဝါးတွေကြောင့်လည်း အစာစားချင်စိတ်မရှိဘဲ ဖြစ်နေနိုင်ပါတယ်။ စိတ်ဓါတ်ကျတာ၊စိတ်ဖိစီးတာတွေကြောင့်လည်း အစာစားချင်စိတ်မရှိသလို ခံစားနေရတတ်ပါတယ်။ အရသာမကောင်းဘူးလို့ခံစားမိတာမျိုးတွေကြောင့်လည်း အစာစားချင်စိတ်လျှော့နည်းနေတတ်ပါတယ်။

    နေ့စဉ်လုံလောက်တဲ့ အာဟာရဓါတ်တွေပြည့်ဝအောင်စားသုံးမှုက ကျန်းမာရေးအတွက် သိသာတဲ့ပြောင်းလဲမှုတွေကိုရရှိခံစားနိုင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမိဘတွေကို အစာစားချင်စိတ်တိုးလာအောင်လုပ်ဆောင်ရာမှာ အထောက်အကူဖြစ်စေနိုင်မယ့် နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။

    (၁) အာဟာရပြည့်ဝတဲ့အစားအစာတွေ စားသုံးဖြစ်အောင်ဂရုပြုပါ။

    နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ အာဟာရပြည့်ဝစွာပါဝင်မှုမရှိတဲ့အစားအသောက်တွေကို စားသုံးနေတယ်ဆိုတာကို ဂရုစိုက်မိဖို့လိုပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓါကိုယ်က ကယ်လိုရီလိုအပ်မှုနည်းပါးလာပြီး အာဟာရဓါတ်လိုအပ်မှုတွေများလာပါတယ်။ ခန္ဓါကိုယ်က လိုအပ်တဲ့အာဟာရဓါတ်တွေပြည့်ဝဖို့ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေ၊ကောက်နှံတွေ၊အဆီပါဝင်မှုနည်းတဲ့ပရိုတင်းတွေကို ပိုမိုစားသုံးပေးပြီး အဆီနဲ့သကြားပါဝင်မှုများတဲ့အစားအစာတွေကိုတော့လျှေ့စားရမှာဖြစ်ပါတယ်။

    သက်ကြီးရွယ်အိုတွေက အစားအသောက်တွေကိုပြင်ဆင်စားသောက်ရမှာကို မနှစ်သက်တာကြောင့် အသင့်စားနဲ့အမြန်စား အစားအသောက်တွေကိုသာ ပိုမိုစားသုံးလေ့ရှိကြပါတယ်။ လူကြီးမိဘတွေကို အာဟာရပြည့်ဝစွာစားသုံးဖြစ်အောင် ကလေးတွေက အစားအစာတွေပြင်ဆင်ရာမှာ ဝိုင်းဝန်းကူညီပေးနိုင်ပါတယ်။ လူကြီးမိဘတွေအတွက် ဟင်းရည်လိုမျိုး စားသောက်ရတာလွယ်ကူစေမယ့် ဟင်းလျာတွေဖွယ်ဖွယ်ရာရာ ပါတဲ့ညစာမျိုးပြင်ဆင်ပေးပါ။

    (၂) အစားအသောက်တွေကို နည်းနည်းနဲ့အကြိမ်ရေများများစားသုံးအောင်လုပ်ဆောင်ပေးပါ။

    အစားစားတဲ့အခါ တစ်ခါတည်းနဲ့အများကြီးစားတာထက် နည်းနည်းနဲ့အကြိမ်ရေများများစားသုံးတာက ပိုပြီးအရသာတွေ့စေပါတယ်။ အစားကိုနည်းနည်းချင်းစားတာကပြင်ဆင်ရတာလည်းပိုပြီးလွယ်ကူစေပါတယ်။

    “အကြံပေးချင်တာတစ်ခုကတော့ တကယ်ကြိုက်တဲ့အစားအစာတွေကိုပဲရွေးချယ်စားသုံးပါ။ အာဟာရပြည့်ဝစွာပါဝင်တဲ့ အစားအစာကိုနည်းနည်းချင်းစီပြင်ဆင်စားသုံးပေးပါ။” ဥပမာပြောရရင်ပေါင်မုန့်မီးကင်ကို ဂျယ်လီညှပ်ပြီးစားတဲ့အထဲမှာမြေပဲထောပတ်နည်းနည်းဖြစ်ဖြစ် ထည့်စားပါ။ တူနာငါးစားတဲ့အခါမှာလည်း တူနာငါးဟင်းပွဲထဲကို ခရမ်းချဉ်သီးတစ်ကွင်းလောက်၊ ချိစ်နည်းနည်းလောက်ထည့်ပြီးစားပေးပါ။ ဗီတာမင်တွေနဲ့ကယ်လ်ဆီယမ်ဓါတ်တွေပိုမိုရရှိစေပါတယ်။

    နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ကယ်လိုရီတွေကိုရရှိစေမယ့်-

    • ထောပတ်သီး
    • အရွယ်တော်ပိုင်းထားတဲ့အသား၊ချိစ်၊ဥအမျိုးမျိုး
    • သံလွင်ဆီ
    • မြေပဲထောပတ်နဲ့အခြား အခွံမာသီးထောပတ်တွေ ထည့်သွင်းစားသုံးပေးပါ။

    (၃) စားချင်စဖွယ်ဖြစ်အောင်ပြင်ဆင်ပါ။

    အစားစားချင်စိတ်မရှိတာကြောင့်ဗိုက်မဆာတဲ့အခါမျိုးမှာ အစာစားချင်စိတ်ဖြစ်လာအောင် စားချင်စဖွယ်ပြင်ဆင်ထားတာတွေကို မျက်စိနဲ့ကြည့်တာမျိုးလုပ်ပါ။ ပန်းကန်ထဲမှာအရောင်အသွေးစုံလင်အောင်ပြင်ဆင်ထားတာက အစားစားချင်စိတ်ကိုဖြစ်ပေါ်စေပါတယ်။ စားသုံးမယ့် အစားအသောက်တွေထဲမှာbroccoli၊ ငရုတ်ပွအနီ၊တရုတ်နံနံတို့စုံလင်အောင်ထည့်ပြီးအရောင်အသွေးစုံလင်အောင်စားသုံးပေးတာက လိုအပ်တဲ့အာဟာရဓါတ်တွေကို အပြည့်အဝရရှိစေပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အသစ်တွေ၊ဟင်းအမည်အသစ်တွေချက်ပြုတ်စားသုံးမှုကလည်း အစာစားချင်ဖြစ်အောင် လှုံ့ဆော်ပေးရာမှာအထောက်အကူပြုပါတယ်။

    (၄)အစားအစာတွေထဲမှာအရည်ပါဝင်မှု အရမ်းမများအောင်ဂရုပြုပါ။

    အစားမစားခင်မှာ အလွယ်တကူကော်ဖီ၊ဖျော်ရည်နဲ့လက်ဖက်ရည်တွေသောက်သုံးတာမျိုးမလုပ်မိအောင်ဂရုပြုပါ။သောက်ချင်စိတ်ရှိတယ်ဆိုရင်တောင်မှာ အစားအရင်စားပြီးမှာသောက်ပါ။ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့အာဟာရဓါတ်တွေပြည့်ဝအောင်စားသုံးပြီးတာသေချာတဲ့အခါမှသာရေအပါအဝင်အခြားသောက်စရာတွေကိုသောက်သုံးပါစေ။

    (၅)လေ့ကျင့်ခန်းလုပ်ဆောင်ပါ။

    လေ့ကျင့်ခန်းနည်းနည်းလောက်လုပ်တာက အစာစားချင်စိတ်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ အပြင်ထွက်လေကောင်းလေသန့်ရှုရင်းလေ့ကျင့်ခန်းလုပ်ဆောင်ပေးတာကလည်း အစာစားချင်စိတ်တိုးလာအောင်အထောက်အကူပြုနိုင်ပါတယ်။ လမ်း တစ်ဘလော့ခ်လောက်လျှောက်တာကတောင်မှ အစားစားချင်စိတ်ကိုတိုးတက်အောင်လုပ်ဆောင်ပေးနိုင်တယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်။လေ့ကျင့်ခန်းလုပ်တာက အစာကျေချက်မှုကိုပိုမိုကောင်းမွန်စေအောင်အထောက်အကူပြုပါတယ်။

    (၆) အတူတူအစားအသောက်စားမယ့်သူရှိပါစေ။

    အခြားသူတွေနဲ့အတူစားသောက်တဲ့အခါ အစာစားချင်စိတ်တိုးလာတာကိုတွေ့ရပါတယ်။ လူကြီးမိဘတွေ တစ်ယောက်တည်းပဲအမြဲစားနေရရင် အတူစားဖို့အဖော်ရှာပေးပါ။ မိသားစုဝင်တွေ၊သူငယ်ချင်းတွေနဲ့အတူ အစားအသောက်တွေအတူစားသုံးနိုင်အောင်လုပ်ပေးပါ။

    သားသမီးတွေကအဖော်ပြုပြီးစားပေးတာမျိုးလုပ်ဆောင်ပေးပါ။ အဖော်ပြုပြီးစားပေးတာက လူကြီးမိဘတွေကို အစားအသောက်တွေကိုပိုမိုစားသုံးနိုင်စေပါတယ်။

    (၇) အလွယ်တကူစားလို့ရတဲ့ အဆာပြေအစားအစာတွေအများအပြားထားရှိပေးပါ။

    လူကြီးတွေဟာ တစ်နေ့တာလုံးမှာပြည့်ပြည့်ဝဝအစားအသောက်တွေထက် အဆာပြေစားလို့ရတဲ့အစားအသောက်တွေကိုပဲ ပိုမိုစားသုံးလေ့ရှိပါတယ်။ ဒါကြောင့် လူကြီးမိဘတွေကို သူတို့စားချင်တဲ့အခါတိုင်းမှာ အလွယ်တကူစားနိုင်စေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီးအာဟာရပြည့်ဝတဲ့အဆာပြေစားနိုင်တဲ့မုန့်တွေဝယ်ပေးထားပါ။ မိမိရဲ့မိဘတွေမှာရောဂါကြီးကြီးမားမားမရှိရင်တော့ အဆီများမှာ၊ ကိုလက်စထေရောများမှာကို သိပ်ပူစရာမလိုဘဲလိုအပ်တဲ့ကယ်လိုရီတွေအပြည့်အဝရရှိစေမှာဖြစ်ပါတယ်။

    • ချိစ်ချောင်းလေးတွေ
    • အဆီပြည့် ဒိန်ချဉ်
    • သစ်သီးခြောက်တွေ
    • မြေပဲထောပတ်နဲ့ ခရက်ခ်ကာ
    • ချိစ်နဲ့ခရက်ခ်ကာ
    • အဆီပြည့်ချိစ်
    • နို့်ပါတဲ့ချောကလက်တွေ စားသုံးပေးလို့ရပါတယ်။

    (၈) ဆာလောင်နေမှုကို အကျိုးရှိရှိအသုံးချပါ။

    လူကြီးမိဘတွေကဆာလောင်နေတဲ့အချိန်မျိုးမှာ အစားများများစားတတ်တာကြောင့် များများစားဖြစ်အောင်ဂရုစိုက်ပေးပါ။ ဘယ်အချိန်ရယ်၊ ဘာအစားအစာရယ်လို့အရေးမစိုက်နေပါနဲ့ ဆာနေတဲ့အချိန်မှာ စားဝင်သမျှကျွေါ်မွေးတာက ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ကယ်လိုရီနဲ့အာဟာရဓါတ်တွေကို ပုံမှန်ထက်နည်းနည်းလောက်ဖြစ်ဖြစ်ပိုမိုရရှိသွားစေပါတယ်။

    ဒီလောက်ဆိုရင် စာဖတ်သူမိတ်ဆွေတို့ရဲ့ လူကြီးမိဘတွေကို အစာအာဟာရတွေဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းတွေကို နားလည်သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။ အစာအာဟာရဆိုတာ ကျန်းမာရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် စာဖတ်သူမိတ်ဆွေ လူငယ်တွေသာမက လူကြီးမိဘတွေလည်းကောင်းမွန်ပြည့်ဝတဲ့ အစာအာဟာရတွေ စားသောက်ပြီး ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement