backup og meta

ဆေးလိပ်မဖြတ်ခင်သိသင့်သောအရာများ


Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်မဖြတ်ခင်သိသင့်သောအရာများ

    ကျွန်တော်တို့၏ခန္ဓါကိုယ်တွင်ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားလာနိုင်သည့် ဆိုးကျိုးများအား ကျွန်တော်တို့သိကြပြီးဖြစ်သည်။ သို့သော်လည်း လူအများအပြားသည် ဆေးလိပ်သောက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဘဝအမောများပြေ၍ စိတ်ဖိစီးမှုများအား ဆေးလိပ်သောက်ခြင်းဖြင့် ဖြေဖျောက်နိုင်သည်ဟု လူအများကယုံကြည်နေ၍ဖြစ်သည်။

    သို့သော် ဆေးလိပ်သောက်ခြင်းသည် ခန္ဓါကိုယ်တွင် ဖိစီးမှုများသာ ပို၍ဖြစ်စေသည်။ လေ့လာမှုများအရ နီကိုတင်းသည် သင်၏နှလုံးအား အလုပ်ပိုလုပ်စေသည်။ သင့်ကိုယ်တွင်းရှိအောက်ဆီဂျင်ထောက်ပံ့မှုကိုလည်း လျော့ကျစေသည်။ သင်သည်ထိုအချက်ကိုသတိထားမိ၍

    ဆေးလိပ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီးသည်လည်းဖြစ်နိုင်သည်။ နီကိုတင်း၏လှံူ့ဆော်မှုမရှိပါက သင်၏ဖိစီးသည့် ဘဝသည်သင့်ထံ ပြန်ရောက်ရှိလာမည်ဟု သင့်အနေဖြင့် တွေးကြောက်နေသည်မှာ မြင်သာလှသည်။ သင်ဆေးလိပ်မဖြတ်ခင်တွင် ဖိစီးမှုအားကိုင်တွင်ဖြေရှင်းရန် သင်သိသင့်သော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

    ရှေးဦးစွာ နီကိုတင်းကိုဖြတ်ပြီးပါက မည်သည့်အရာများနှင့် ရင်ဆိုင်ရတတ်သည်ကို စိတ်ထဲသိအောင်လုပ်ပါ။ ဆေးလိပ်ဖြတ်သောအခါ

    သင်သည် စိတ်ဓါတ်ကျစရာကောင်းသော စိတ်ဖိစီးမှု၊စိတ်တိုလွယ်ခြင်း စသည်တို့ကို ရင်ဆိုင်ရမည်ဟုသိထားပါ။ အကောင်းမြင်ရန်ကြိုးစားကြည့်ပါ။ မိမိကိုယ်ကိုယုံကြည်သူများသည် အောင်မြင်ရန်အခွင့်အလမ်းပိုများသူများ

    ဖြစ်သည်။ ပထမဦးဆုံးအကြိမ်ဆေးလိပ်ဖြတ်ရာတွင် ကောင်းစွာမဖြတ်တောက်နိုင်ခြင်းလည်း ဖြစ်ပွားနိုင်ပါသည်။ သို့သော်လည်း သင့်ကိုယ်သင် စိတ်မပျက်ပါစေနှင့်။ ဆေးလိပ်သောက်သူအများစုသည် ပထမကြိုးစားမှုတွင် မအောင်မြင်ကြပေ။

    စိတ်ဖိစီးမှုအား ဖြေရှင်းရန်အကောင်းဆုံးနည်းမှာ သင့်ကိုယ်သင် ပျော်ရွှင်ကြည်နူးစရာအချိန်တခုပေးခြင်းဖြစ်သည်။ ဆေးလိပ်မှလွဲ၍ သင်ကြိုက်သောအခြားအရာများကို တွေးကာ လုပ်ကိုင်ကြည့်ပါ။

    သင်ကြိုက်တတ်သောသီချင်းအား နားထောင်ခြင်း (သို့) သင်၏အိမ်မှခွေးနှင့် အိမ်နားပတ်ဝန်းကျင်တွင် လမ်းလျှောက်ထွက်ခြင်းတို့သည်လည်း အထောက်အကူပြုနိုင်သည်။ သင့်စိတ်အားပေါ့ပေါ့ပါးပါးထားပြီး ပထမဦးဆုံးအကြိမ်သင်ဘာကြောင့်ဆေးလိပ်သောက်ချင်ခဲ့သည်ကိုသင့်ဘာသာသင် ပြန်တွေးကြည့်ပါ။ ထိုအရာမှ သင်စခဲ့သောအရာအား ပြန်အဆုံးသတ်နိုင်ပေးနိုင်သည့် လုံလောက်သည့် စိတ်ဓါတ်ခွန်အားတို့ကိုပေးပါလိမ့်မည်။

    ဆေးလိပ်ဖြတ်နေခြင်းအား သင့်တွင်လုံးဝအရှံူးပေးချင်သွားသောအချိန်များလည်း ရှိလိမ့်မည်ဖြစ်ပြီး ထိုအချိန်တွင် သင့်အတွက်ရင်ဖွင့်ရန် လူတစ်ဦးလိုပေလိမ့်မည်။ ဆေးလိပ်မဖြတ်ခင်တွင် သင်ချစ်ခင်လေးစားယုံကြည်ရသောသူများနှင့် သင့်အား နားလည်ပြီးထောက်ပံ့ပေးနိုင်သူများအား စဉ်းစားကြည့်ပါ။ သင်စိတ်ဖိစီးလာပါကထိုသူများထံသွားပါ။ ထိုသူ

    များနှင့် ပေါင်းသင်းဆက်ဆံခြင်း၊စကားစမြည်ပြောခြင်းသည် သင့်၏ဖိစီးမှုများကို လျှော့ချပေးနိုင်ပါသည်။ သင်လိုအပ်ချိန်တိုင်းလည်း အကြံညံနှင့် အခြားသောအကူအညီတောင်းခံရန် သင့်တော်လှသည်။ တစ်ဦးတည်းသာ ရုန်းကန်၍ ဆေးလိပ်မဖြတ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် စိတ်ဖိစီးမှုသာပိုများလာနိုင်၍ဖြစ်သည်။

    စိတ်ဖိစီးမှုဆိုသည်မှာ ဘဝ၏ပုံမှန်ဖြစ်နေကျ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုအရာအားသင်မထိန်းချုပ်နိုင်သော်လည်း သင့် လဲကျမသွားစေရန်

    မည်ကဲ့သို့ထိုစိတ်ဖိစီးမှုများကို ကိုင်တွယ်ရမည်ကို လေ့လာထားနိုင်သည်။ သင်သည် အထက်ပါအကြံပေးချက်များ၊ပြင်ဆင်မှုများနှင့် ဆေးလိပ်ဖြတ်သောအခါ

    တွေ့ကြုံရမည့် ခက်ခဲသောအချိန်ကာလအချို့ကို ကောင်းမွန်စွာဖြတ်သန်းနိုင်ပါစေဟု မျှော်လင့်ချက် နှင့် ဆုတောင်းပေးလိုက်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement