backup og meta

Kidney Dialysis ( ကျောက်ကပ်ဆေးခြင်း)


Dr. Su Sandy မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ကပ်ဆေးခြင်းဆိုသည်မှာ အဘယ်နည်း။

    ကျောက်ကပ်သည် တစ်စုံရှိသော အင်္ဂါဖြစ်သည်။ တစ်ခုသည် လက်သ်ီးဆုပ်တစ်ခုအရွယ်ရှိပြီး၊ ခါးရိုး၏ ဘေးတစ်ဘက်စီတွင်ရှိသည်။၎င်းတို့သည် ခန္ဓါကိုယ်ထဲမှ အညစ်အကြေးနှင့် ရေအပိုများကို စွန့်ထုတ်ပေးခြင်းဖြင့် သွေးကို သန့်စင်အောင် ဆောင်ရွက်ပေးသော အဓိက အင်္ဂါဖြစ်သည်။

    ကျောက်ကပ်မှ အလုပ်မလုပ်လျှင်ကျောက်ကပ်ဆေးခြင်းကို ပြုလုပ်ပေခြင်းဖြင့် ကျောက်ကပ်၏ လုပ်ဆောင်ချက်များကို ပြုလုပ်စေသည်။ ၎င်းကို ကျောက်ကပ်ဆေးခြင်းဟုခေါ်သည်။ ကျောက်ကပ်ဆေးခြင်း အမျိုးမျိုးရှိသည်။

    သွေးမှတဆင့် ဆေးခြင်း။ ဆေးသည့်စက်နှင့်တပ်၍ သွေးမှအညစ်အကြေးများကို စစ်ထုတ်ပေးသည်။

    ဝမ်းဗိုက်မှတဆင့် ဆေးကြောခြင်း။ ဝမ်းဗိုက်ထဲသို့ ဆေးရည်တစ်မျိုးထည့်ပြီး သွေးထဲရှိအညစ်အကြေးများကို စစ်ယူသည်။

    ယခုခေတ်တွင် လူပေါင်းများစွာသည် ကျောက်ကပ်ဆေးရန်လိုအပ်သော ကျောက်ကပ်ရောဂါများ ဖြစ်ပွားလျက်ရှိသည်။

    ကျောက်ကပ်ဆေးခြင်းကို ဘာကြောင့်လုပ်ဆောင် ရပါသလဲ။

    ကျောက်ကပ်သည်ကောင်းစွာ အလုပ်မလုပ်လျှင် သွေးထဲရှိ စွန့်ထုတ်ရန်လိုအပ်သည့် အညစ်အကြေးများကို မထုတ်နိုင်ပေ။ ထို့အပြင် ခန္ဓါကိုယ်သည်လည်း အရည်များမထုတ်နိုင်သည့်အတွက် အန္တရာယ်ရှိလာသည်။

    မကုသပဲထားလျင် သေလောက်သည်အထိ ပြင်းထန်သောရောဂါလက္ခဏာများဖြစ်လာနိုင်ပါသည်။ ကျောက်ကပ်ဆေးခြင်းအားဖြင့် ခန္ဓါကိုယ်မှ မလိုအပ်သော အရည်နှင့် စွန့်ပစ်ပစ္စည်းများကို စွန့်ထုတ်နိုင်မည်ဖြစ်သည်။

    အထွေထွေကျန်းမာရေး၊ ကျောက်ကပ်လုပ်ဆောင်နိုင်ရည်၊ ရောဂါလက္ခဏာများ၊ ဘဝအခြေအနေ၊ လူနာ၏ရွေးချယ်မှု စသည်ဖြင့် အချက်အလက်များစွာပေါ်မူတည်ပြီး သင်၏ ဆရာဝန်သည် သင့်ကို ကျောက်ကပ်ဆေးခြင်းစတင်နိုင်ရန် ဆုံးဖြတ်လုပ်ဆောင်ပေးပါလိမ့်မည်။

    သင့်တွင် ကျောက်ကပ်ပျက်စီးသည့် လက္ခဏာများဖြစ်သော ပျို့အန်ခြင်း၊ ရောင်ရမ်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း စသည်တို့ကို တွေ့ရနိုင်သည်။ သင့်ဆရာဝန်သည် ကျောက်ကပ်၏ လုပ်ဆောင်မှုကို စစ်ဆေးရန် ကျောက်ကပ်မှစစ်ထုတ်နိုင်စွမ်း (estimated Glomerularfiltration rate (eGFR)) ကို တိုင်းတာနိုင်ပါသည်။

    ကျောက်ကပ်မှ စစ်ထုတ်နိုင်စွမ်းကို သင့်သွေးစစ်ချက်မှ creatine test နှင့် အခြားသောလိင်၊ အသက်နှင့် အခြားသောအချက်အလက်များကိုအသုံးပြုပြီး တွက်ချက်ပါသည်။

    ကျောက်ကပ်ဆေးခြင်းကြောင့် ဖြစ်နိုင်သောအန္တရာယ်များသည် အဘယ်နည်း။

    ဝမ်းဗိုက်မှဆေးခြင်းနှင့် သွေးမှတဆင့်ဆေးခြင်းနှစ်မျိုးလုံးသည်သင့်ကို အသက်ကယ်နိုင်မည်ဖြစ်သော်လည်း ၎င်းတွင်လည်း အန္တရာယ်အချို့ရှိနိုင်သည်။

    ဝမ်းဗိုက်မှတဆင့် အညစ်အကြေးများကို ဆေးကြောခြင်းသည် ဝမ်းဗိုက်ကို ထည့်သော ပိုက်မှတဆင့် ရောဂါပိုးကူးနိုငိပြီး ဝမ်းခေါင်းမြှေးရောင်ရမ်းနိုင်ပါသည်။

    အခြား နောက်ဆက်တွဲပြသနာများမှာ-

    ဝမ်းဗိုက်ကြွက်သားလျော့ရဲခြင်း။

    သွေးထဲရှိသကြားဓါတ်ကို တက်စေနိုင်သည်။

    ကိုယ်အလေးချိန်တက်စေနိုင်သည်။

    သွေးမှတဆင့် အညစ်အကြေးများကိုလဲလှယ်လျင် သွေးပေါင်ကျခြင်း၊ သွေးအားနည်းခြင်း၊ ကြွက်တက်ခြင်း၊ အိပ်မပျေြာ်ခင်း၊ ယားယံခြင်း၊ သွေးထဲတွင် ပိုတက်ဆီယမ်ဓါတ်မျာခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း၊ နှလုံးအမြှေးပါးရောင်ရမ်းခြင်း တို့ကို ဖြစ်စေနိုင်သည်။

    သင့်တွင်ကျောက်ကပ်ဆေးနေစဉ် ထိုလက္ခဏာများတွေ့ရပါက ကျန်းမာရေးစောင့်ရှောက်သူကို အကြောင်းကြားပြီး ကုသမှုခံယူပါ။ ကျောက်ကပ်ဆေးခြင်းကို ကြာရှည်စွာဆက်လက်လုပ်ဆောင်ရသူများတွင်လည်းအခြားသော ကျန်းမာရေးနောက်ဆက်တွဲပြသနာများရှိနိုင်သည်။

    Amyloidosis သည် ကျောက်ကပ်ဆေးသူများတွင်တွေ့ရတတ်သည်။ ရိုးတွင်းခြင်ဆီမှ ထုတ်လုပ်သော amyloid ပရိုတင်းများသည် ကျောက်ကပ်၊ အသည်း၊ နှလုံးနှင့် အခြားသော အင်္ဂါများတွင် စုပုံနေခြင်းဖြစ်သည်။

    ကျောက်ကပ်ဆေးခြင်းကြောင့် ဖြစ်တတ်သော အန္တရာယ်များနှင့် နောက်ဆက်တွဲပြသနာများကို မပြုလုပ်မီ သိနားလည်ထားရန်အရေးကြီးသည်။ သင့်တွင်မေးလိုသည်များရှိလျင်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

    ကျောက်ကပ်ဆေးခြင်းအတွက် မည်သို့ ပြင်ဆင်ရပါသလဲ။

    ကျောက်ကပ်ဆေးရန်အတွက်ပြင်ဆင်ခြင်းကို ပထမဆုံးလုပ်ဆောင်ခြင်းမတိုင်မီ အပတ်ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာ ကြိုတင်ပြင်ဆင်ရသည်။

    ကျောက်ကပ်ဆေးစဉ် မည်သို့ဖြစ်ပွားနိုင်ပါသနည်း။

    ကျောက်ကပ်ဆေးခြင်းသည် သွေးထဲမှ မလိုအပ်သော အညစ်အကြေးများနှင့် ပိုလျှံသာ အရည်များကို စွန့်ထုတ်နိုင်ရန် စက်တပ်၍ ကုသရသောအသက်ကယ်သည့် ကုသမှုတစ်ခုဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သွေးကိုပုံမှန်ကျန်းမာသော အခြေအနေတစ်ခုသို့ရောက်စေရန် ပြုလုပ်ပေးသည်။

    ကျောက်ကပ်ဆေးခြင်းသည် ကျောက်ကပ်၏ အရေးကြီးသော လုပ်ဆောင်ချက်များကို အစားထိုးလုပ်ဆောင်ပေးခြင်းဖြစ်သည်။

    သွေးမှတဆင့် ကျောက်ကပ်ဆေးခြင်းသည် အသုံးများသော နည်းလမ်းဖြစ်သည်။ ၎င်းနည်းလမ်းတွင် ကျောက်ကပ်အတုကို သုံးပြီး သွေးထဲမှ အညစ်အကြေးနှင့် ဓါတုပစ္စည်းများကို ဖယ်ရှားသည်။

    ခွဲစိတ်ဆရာဝန်မှ ကျောက်ကပ်ဆေးနေစဉ်အတွင်း သွေးစီးဆင်းမှုပိုများနိုင်ရန်အတွက် သွေးကြောနေရာတစ်ခု ဆက်သွယ်ပေးသည်။ ထိုနေရာမှ တဆင့် ကျောက်ကပ်ဆေးစက်ကို သွေးပို၍ဖြတ်သန်းရောက်ရှိနိုင်ကာ သွေးကို သန့်စင်ပေးသည်။

    ကျောက်ကပ်ဆေးသည့်ကုသမှသည် သုံးနာရီမှ ငါးနာရီအတွင်း ကြာမြင့်နိုင်ပြီး တစ်ပတ်တွင် သုံးကြိမ် ပြုလုပ်ပေးရန်လိုအပ်သည်။ သို့သော် ကျောက်ကပ်ဆေးခြင်းကို ပို၍အချိန်တိုတိုဖြင့် အကြိမ်ရေများများလည်း ပြုလုပ်နိုင်သည်။

    သွေးမှ ကျောက်ကပ်ဆေးခြင်းကို ဆေးရုံတွင် သို့မဟုတ် ကျောက်ကပ်ဆေးသည့် ဌာနတွင်ပြုလုပ်ရသည်။ ကုသမှုကြာချိန်သည် သင့်ခန္ဓါကိုယ် အတိုင်းအတာနှင့် စွန့်ထုတ်ရမည့် အညစ်အကြေးပမာဏပေါ်တွင် မူတည်သည်။

    ဝမ်းဗိုက်မှတဆင့် ကျောက်ကပ်ဆေးခြင်း

    ဤကုသမှုတွင် ဝမ်းဗိုက်အမြှေးပါးထဲသို့ ပိုက်တစ်ချောင်းထည့်ရန်အတွက် ခွဲစိတ်ရသည်။ ကုသနေစဉ်တွင် အထူးဆေးရည်တစ်မျိုးကို ထိုပိုက်မှတဆင့် ဝမ်းခေါင်းထဲသို့ ထည့်သွင်းသည်။ ထိုဆေးရည်သည် သွေးကြောထဲမှ စွန့်ပစ်ရမည့် အညစ်အကြေးများကို စုပ်ယူသည်။

    ဝမ်းဗိုက်မှတဆင့် ကျောက်ကပ်ဆေးခြင်းတွင် အမျိုးမျိုးကွဲပြားနိုင်သည်။ သို့သော် အဓိကအားဖြင့် continuous ambulatory peritoneal dialysis (တစ်နေ့ထဲတွင်အကြိမ်များစွာ ဆေးရည် အသွင်းအထုတ်လုပ်ခြင်း) နှင့် continuous cycler assisted peritoneal dialysis (ဆေးရည်ထည့်ရန် ထုတ်ရန် စက်ကို အသုံးပြု၍ သင်အိပ်နေစဉ် လုပ်ဆောင်ခြင်း) နှစ်မျိုးကို ပြုလုပ်ကြသည်။

    ဝမ်းဗိုက်မှ ကျောက်ကပ်ဆေးခြင်းကို အိမ်တွင်လည်း ပြုလုပ်နိုငသ်ည်။ ထိုသို့လုပ်နိုင်ရန်အတွက် ကုသမှု၏ အဆင့်ဆင့်ကို အမည်သို့လုပ်ဆောင်ရမည်ကို သင့်ကို သင်တန်းပေးထားလိမ့်မည်။

    သင့်တွင် မေးမြန်းလိုသည်များရှိပါက ပို၍သိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    ကျောက်ကပ်ဆေးပြီးနောက် မည်သို့ဆက်လက်ဖြစ်ပွားနိုင်ပါသလဲ။

    သင်ကျောက်ကပ်ဆေးပြီးနောက်ပိုင်းတွင်လည်း သင့်ကျောက်ကပ်သည် အလုပ်မလုပ်နိုင်ပေ။ ကျောက်ကပ်အလုပ်မလုပ်ပဲ သင်အသက်မရှင်နိုင်ပါ။ ထို့ကြောင့် ကျောက်ကပ်ကို မလဲလှယ်လျင် ကျောက်ကပ်ဆေးခြင်းကို သင့်ဘဝတစ်လျောက်လုံးပြုလုပ်ရန် လိုအပ်သည်။

    အာဟာရပညာရှင်နှင့် တိုင်ပင်ပြီး သင်အားအင်ဖြစ်စေရန် အာဟာရကို မည်သို့ ညှိနှိုင်းစားသောက်ရမည်ကို သိအောင်လုပ်နိုင်သည်။

    လေ့ကျင့်ခန်းပုံမှန်လုပ်ပေခြင်းသည်လည်း သင့်ကို အထောက်အကူဖြစ်စေနိုင်သည်။ ကျောက်ကပ်ဆေးသောကြောင့် နွမ်းနယ်လျင် လေ့ကျင့်ခန်းလုပ်ရန် ခက်ခဲနိုင်သည်။ သို့သော် အချိန်ကြာလာလျင် သင်လေ့ကျင့်ခန်းလုပ်ရန် လွယ်ကူလာသည်ကို သင်တွေ့ရပါလိမ့်မည်။

    အပြင်းအထန် လေ့ကျင့်ခန်းများမဟုတ်သော စက်ဘီးစီးခြင်း၊ ပြေးခြင်း၊ လမ်းလျောက်ခြင်း၊ ရေကူးခြင်းများသည် ပြုလုပ်ရန် သင့်တော်ပါသည်။ သင့်ဆရာဝန်သည် သင်နှင့် သင့်တော်မည့် လေ့ကျင့်ခန်းအမျိုးအစားကို လမ်းညွှန်နိုင်ပါလိမ့်မည်။

    ကိုယ်အလေးချိန်တက်လာခြင်းသည် ဝမ်းဗိုက်မှကျောက်ကပ်ဆေးခြင်း၏ နောက်ဆက်တွဲ ပြသနာတစ်ခုဖြစ်သည်။ သင်ကိုယ်အလေးချိန်မတက်လိုလျင် ကျောက်ကပ်ဆေးပေးသည့် တာဝန်ခံများနှင့် တိုင်ပင်ပြီး အာဟာရနှုင့်လေ့ကျင့်ခန်း အစီအစဉ်များ ပြုလုပ်နိုင်သည်။

    အဆီများသော အစားအစာများကို ရှောင်ခြင်းဖြင့် သင့် ကိုယ်အလေးချိန်ကိုချရန် လွယ်ကူပါလိမ့်မည်။ သို့သော် အလွန်အကျွံအစားရှောင်ခြင်းသည်လည်း သင့်ကို နေမကောင်းဖြစ်စေလိမ့်မည်။

    နောက်ဆက်တွဲ ပြသနာများ ဖြစ်နိုင်ပါသလား။

    ကျောက်ကပ်ဆေးသည့် နည်းလမ်းနှစ်မျိုးလုံးသည် ဘေးထွက်ဆိုးကျိုးများဖြစ်စေနိုင်သည်။ အများအားဖြင့် မောပန်းနွမ်းနယ်ပြီး၎င်းသည် အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်။

    -ကျောက်ကပ်၏ ံပုံမှန်လုပ်ဆောင်ချက်မရှိခြင်း။

    -ကျောက်ကပ်ဆေးခြင်း၏ အကျိုးဆက်များခန္ဓါကိုယ်တွင် ဖြစ်ခြင်း။

    -အာဟာရ ကန့်သတ်ပြီးစားရခြင်း။

    -စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုများခြင်း။

    သွေးမှတဆင့် ကျောက်ကပ်ဆေးခြင်း၏ ဘေးထွက်ဆိုးကျိုးများတွင် အောက်ပါတို့ပါဝင်သည်။

    -သွေးပေါင်ကျခြင်း

    -သွေးဆိပ်တက်ခြင်း

    -အဖျား ၃၈ ဒီဂရီထက်ကျော်ခြင်း

    -ကြွက်တက်ခြင်း

    -အရေပြားယားယံခြင်း

    -အိပ်မပျော်ခြင်း

    -အရိုးအဆစ်များနာခြင်း

    -လိင်မှုကိစ္စ စိတ်ဝင်စားမှုနည်းခြင်း။

    -ပါးစပ်ခြောက်ခြင်း

    -စိုးရိမ်ပူပန်မှုများခြင်း

    ဝမ်းဗိုက်မှတဆင့် ကျောက်ကပ်ဆေးခြင်း၏ ဘေးထွက်ဆိုးကျိုးများတွင် အောက်ပါတို့ပါဝင်သည်။

    ဝမ်းတွင်းအမြှေးပါးရောင်ခြင်း

    အူကျခြင်း

    ကိုယ်အလေးချိန်တက်ခြင်း

    သင့်တွင် မေးမြန်းလိုသည်များ ရှိပါက သင့်အတွက် အကောင်းဆုံး အကြံပြုချက်ကို ရရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement