ပန်းကန်လုံးထဲမှာ ပန်းရောင်ဆားတွေထည့်ပြီး သံလွင်ဆီ သို့မဟုတ် အုန်းဆီအနည်းငယ်ထည့်ပါ။ တစ်ပတ်တစ်ကြိမ်လောက် scrub လုပ်ပေးလို့ရပါတယ်။
(၃) အရေပြား pH ကိုထိန်းညှိပေးတယ်
အရေပြားသန့်စင်ပေးတဲ့ထုတ်ကုန်တွေအများစုက အယ်ကာလိုင်းသဘာဝပါရှိပါတယ်။ ဒီအချက်ကြောင့်ပဲ အရေပြား pH ကို ထိန်းညှိနိုင်ဖို့ အဆင်မပြေဖြစ်ရပါတယ်။ ပန်းရောင်ဆားကတော့အရေပြား pH ကိုထိန်းညှိပေးနိုင်ပါတယ်။
(၄) ချွေးနံ့ပျောက်စေတယ်
ချွေးနံ့ဆိုးတွေကိုပြယ်စေပြီး ခန္ဓါကိုယ်အဆိပ်အတောက်တွေပြေစေနိုင်တယ်။ ဖျန်းဆေးဘူးတစ်ခုထဲမှာ ပန်းရောင်ဆားနှစ်ဇွန်း၊ ပေါင်းခံရေ သုံးအောင်စ၊ မုန့်ဖုတ်ဆိုဒါ ဇွန်းတစ်ဝက်ထည့်ပါ။ ကိုယ်နှစ်သက်တဲ့essential oil တစ်ခုခုကို ၁၀ စက်လောက်ထည့်ပါ။ အဖုံးကိုပိတ်ပြီး လှုပ်ခါပါ။ သုံးလို့ရပြီနော်။
(၅) တိုနာ
ဆားကခြောက်သွေ့စေတယ်ဆိုပေမယ့် နည်းလမ်းတကျသုံးတတ်ရင် တိုနာအဖြစ်တောင်သုံးလို့ရပါတယ်။ အသားအရေကိုတင်းရင်းစေတယ်၊ချွေးပေါက်ကျဉ်းစေတယ်၊ အရေးအကြောင်းတွေလျော့စေတယ်။ ပန်းရောင်ဆားဇွန်းတစ်ဝက်ရယ်၊ သံလွင်ဆီတစ်ဇွန်း၊lemon oil နှစ်စက်၊ရေသန့်ခွက်တစ်ဝက်ရယ်ရောပြီး ဖျန်းဆေးဘူးလေးထဲထည့်ပါ။ အသားမခြောက်စေဖို့ သံလွင်ဆီဖြစ်ဖြစ် အုန်းဆီသန့်ဖြစ်ဖြစ်တော့ ပါမှဖြစ်ပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။