backup og meta

အသက်အရွယ်ကြီးလာတဲ့အခါ အသားအရေတွေ ဘယ်လိုပြောင်းလဲသွားသလဲ

အချိန်ကြာလာတာနဲ့အမျှ အသားအရေများဟာ အိုမင်းရင့်ရော်တဲ့ အသွင်အပြင်တွေကို တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။ အသားအရေအကြောင်းကို နားလည်ထားရင် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေဖို့ နည်းလမ်းရှာနိုင်ပါလိမ့်မယ်။

အသက်အရွယ်ကြီးလာတဲ့အခါ အသားအရေတွေ ဘယ်လိုပြောင်းလဲသွားသလဲ

အသားအရေ၏ အဆင့်များ

ကလေးအသားအရေ

လူကြီးတွေရော ကလေးတွေမှာပါ အရေပြားအလွှာ အရေအတွက် တူညီကြပါတယ်။ ဒါပေမယ့် ကလေးများမှာ အရေပြားတလွှာချင်းစီဟာ ပါးလွှာပါတယ်။ အရေပြားဆဲလ်တွေမှာ ကြမ်းတမ်းမှုနည်းပြီး လူကြီးများရဲ့ အရေပြားနဲ့ယှဉ်ရင် ပျက်စီးလွယ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေကို ပိုမိုခံစားရပါတယ်။ အရေပြားယားယံခြင်း၊ အပိန့်ဖြစ်ခြင်း စတာတွေ ကြုံရပါတယ်။

အသက်၄နှစ်မှာ ဆံပင်၊ လက်သည်းခြေသည်း၊ အရေပြားနဲ့ ကိုယ်ခန္ဓါရဲ့ဂလင်းတချို့ဟာ ဖွံ့ဖြိုးလာပါတယ်။ ဒါပေမယ့် သူတို့ဖာသာ ကာကွယ်မှုပြုနိုင်အောင် မတတ်နိုင်သေးပါဘူး။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို မခံနိုင်သေးပါဘူး။

အသက် ၁၂နှစ်မှာတော့ လူကြီးအသားအရေနဲ့ တူလာပါတယ်။

အရွယ်ရောက်ချိန်အသားအရေ

လူငယ်အများအပြား အပြောင်းအလဲ ကြီးကြီးမားမား ကြုံရတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲခြင်းကြောင့် အသားအရေအပေါ် ခိခိုက်မှုများစွာ ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် လူတိုင်းတော့ ဆိုးရွားတဲ့ အတွေ့အကြုံနဲ့ မကြုံရပါဘူး။

ယေဘုယျအားဖြင့် ဟော်မုန်းပြောင်းလဲခြင်းဟာ အဆီဂလင်းတွေကို မရည်ရွယ်ဘဲ ပိုပြီးပြင်းထန်စွာ အလုပ်လုပ်စေပါတယ်။ အရေပြားမှာ အဆီတွေ ထွက်လာပါတယ်။ အရေပြားကို သေချာဂရုမစိုက်မိရင် ချေးညှော်တွေထူလာတဲ့အခါ ကြမ်းတမ်းပြီး ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်များဟာ ဝက်ခြံပေါက်ခြင်းကို ဆိုးဆိုးရွားရွား ကြုံရခြင်းဖြစ်ပါတယ်။

အသက် ၂၅နှစ်အရွယ် အသားအရေ

အသက်ကြီးခြင်းရဲ့ လက္ခဏာအချို့ကို တွေ့လာရပါပြီ။ အပေါ်ယံမှာ မျိုးရိုးပုံစံလက္ခဏာတွေ ပေါ်လာပြီး အရေပြားဒုတိယအလွှာကတော့ တဖြည်းဖြည်း ပါးလာပါတယ်။ အရေပြားဟာ မတင်းမာတော၊့ပါဘူး။ မျက်လုံးထောင့်မှာ ကျီးခြေထောက်များပေါ်လာပြီး မျက်လုံး ပါးစပ်နဲ့ နဖူးမှာ အရစ်များပေါ်လာပါတယ်။ တခါတလေ မျက်ခုံးနှစ်ခုကြား ပေါ်လာတတ်ပါတယ်။

အသက် ၃၀အရွယ် အသားအရေ

အသက် ၃၀ခန့်မှာတော့ အရေပြားဟာ ပျက်စီးခြင်း စတင်လာပါတယ်။ အသားအရေရဲ့ သဘာဝစိုစွတ်မှုဟာ ကျဆင်းလာပါတယ်။ အသားအရေ ခြောက်သွေ့ခြင်း၊ တင်းမာမှုလျော့နည်းခြင်း၊ အတွန့်အခေါက်များ ဖြစ်ပေါ်လာပါတယ်။ အရေပြားရဲ့အကာအကွယ်ပြုနိုင်တဲ့ အလွှာဟာ အားနည်းလာပါတယ်။ အရေပြားဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မုဟာ နှေးကွေးလာပါတယ်။

အသက် ၄၀ကျော် ၅၀အရွယ် အသားအရေ

  • အရေပြားအပေါ်အလွှာ

အပေါ်ဆုံးအလွှာ ဆုံးရှုံးလာပါတယ်။ ဆဲလ်အနည်းငယ်သာ ကျန်ခဲ့ပြီး ရှိတဲ့ဆဲလ်တွေဟာလည်း ရှုံ့လာပါတယ်။ အရေပြားပါးလာပါတယ်။

အဲ့ဒါကြောင့် အောက်ပါအချက်တွေ ဖြစ်ပေါ်လာပါတယ်။

– အသားအရေကြမ်းသထက် ကြမ်းလာခြင်း

– အသားအရေများမှာ လိပ်ကျောခွံလို အကွက်များ ထလာခြင်း

– အနာဖြစ်သောအခါ ပြန်ကျက်ရန်ခက်ခဲပြီး ရောဂါပိုးဝင်နိုင်ခြေများခြင်း

  • အရေပြားဒုတိယအလွှာ

အရေပြားဒုတိယအလွှာမှာ အမျှင်ဓါတ်တည်ဆောက်ပုံ လျော့နည်းလာပါတယ်။ ရေဓါတ်ကို ထိန်းထားနိုင်စွမ်း နည်းလာပြီး အရေပြားကျုံ့နိုင်ဆန့်နိုင်မှု ပျက်စီးလာပါတယ်။ အရေပြားကျန်းမာရေး ယိုယွင်းလာပါတယ်။ အတွန့်အခေါက်များ ဖြစ်ပေါ်လာပါတယ်။

အသက် ၆၀ကျော် ၇၀ကျော် အသားအရေ

အရေပြားရဲ့ ပုံမှန်လုပ်ငန်းတခုဟာ အရေပြားရဲ့ ခြောက်သွေ့ခြင်း၊ ရေဓါတ်နည်းခြင်း၊ အတွန့်အခေါက်ဖြစ်ခြင်းကို လျော့နည်းစေဖို့ အဆီဓါတ် ထုတ်လုပ်ပေးခြင်း ဖြစ်ပါတယ်။

အရေပြားအသစ်များ ပြန်လည်ဖြစ်ပေါ်ခြင်း နှေးကွေးပြီး အသားအရေပါးလာတဲ့အခါ ပြည့်တင်းမှုမရှိတော့ပါဘူး။

ခရမ်းလွန်ရောင်ခြည်ကို မခံနိုင်တာကြောင့်လည်း အရေပြားပေါ်မှာ အစက်အပြောက်တွေ ပေါ်လာပါတယ်။

အသက် ၇၀ကျော်သွားရင်တော့ အရေပြားရဲ့ ကိုယ်ခံအားလျော့နည်းသွားပြီး ရောဂါပိုးဝင်ရောက်နိုင်ခြေ များလာပါတယ်။

ဒီဆောင်းပါးကတဆင့် အရေပြားရဲ့ဖြစ်ပျက်ပုံတွေကို သိရှိနိုင်ပါတယ်။ လျင်မြန်စွာအိုမင်းရင့်ရော်သွားခြင်း မဖြစ်အောင် ကာကွယ်ဖို့ နည်းလမ်းများကို သိမြင်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Stage of skin aging http://gmtbeauty.com/stages-of-skin-aging/ Accessed on April 7, 2017

Aging and the Skin

http://www.remedies-for-skin.com/aging-of-skin.html Accessed on April 7, 2017

 

ယခုပုံစံ

21/10/2022

Dr. K Zin Thwe မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝါကျွတ်ချိန်ခါမှာ အခုလို နည်းလမ်းလေးတွေနဲ့ အဝေးရောက် လူကြီးမိဘတွေကို ဂါရဝ ပြုလို့ ရပါတယ်။

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတွေ ရေဓာတ်ဆုံးရှုံးမှု ကင်းစေဖို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/10/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ