backup og meta

ပြုစုစောင့်ရှောက်သူလမ်းညွှန် - သက်ကြီးရွယ်အို ပြုစုနည်းများ

ပြုစုစောင့်ရှောက်သူလမ်းညွှန် - သက်ကြီးရွယ်အို ပြုစုနည်းများ

အသက်ကြီးသူတွေကို စောင့်ရှောက်သူတွေဟာ အတွေ့များပေမယ့် ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာကတော့ စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အသက်ကြီးသူတွေကို ဘယ်လိုသေချာစောင့်ရှောက်ရမလဲဆိုတာ ဖေါ်ပြသွားမှာဖြစ်ပါတယ်။

အသက်ကြီးသူတွေအကြောင်း

ပထမဦးစွာ အသက်ကြီးသူတွေနဲ့ ပတ်သက်တဲ့ အသုံးဝင်တဲ့ အချက်အလက်တွေကို သိထားသင့်ပါတယ်။ ဥပမာ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ အခြားမိသားဝင်တွေရဲ့ လိပ်စာ၊ ဖုံးနံပတ်တွေကို သိထားသင့်ပါတယ်။

အသက်ကြီးသူတွေကို စောင့်ရှောက်ဖို့ အစီအစဉ်မဆွဲခင် သူတို့ရဲ့ အခြေအနေကို သိထားဖို့ အရေးကြီးပါတယ် သင်ဘာလုပ်ပေးနိုင်မလဲ ဆိုတာနဲ့ ပြဿနာ ဖြစ်လာခဲ့ရင် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြိုတင်တွေးထားဖို့ လိုအပ်ပါတယ်။

အသက်ကြီးသူတွေရဲ့ အဓိက အချက်အလက်တွေကို မေးထားသင့်ပါတယ်။ ဒီအချက်အလက်တွေကတော့ အသက်ကြီးသူတွေရဲ့

  • မွေးနေ့
  • အသက်အာမခံ အချက်အလက်၊ အသက်အာမခံ နံပတ်
  • သောက်နေတဲ့ ဆေး
  • ဆရာဝန်၊ ဆရာမ၊ ဆေးရုံ၊ ကုသမှုခံယူနေတဲ့ ဆေးခန်းတွေရဲ့ ဖုံးနံပါတ်

ဒီအချက်အလက်တွေက မှန်ကန်သင့်ပြီး နောက်ဆုံးရ အချက်အလက်တွေ ဖြစ်သင့်ပါတယ်။

အဝေးမှ စောင့်ရှောက်ခြင်း

အနားမှာ မရှိရင် ပိုတောင်စိတ်ဖိစီးရပါတယ်။ တိုက်ရိုက် မှန်ကန်တဲ့ စောင့်ရှောက်မှုတွေပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်က သူတို့ရဲ့ အဝေးရောက်နေချိန်မှာ စောင့်ရှောက်တဲ့ အစီအစဉ်ထဲကို ပါဝင်ဖို့ အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။

  • အသက်ကြီးသူတွေနဲ့ အဆက်အသွယ်ရှိဖို့ အီးမေးလ်၊ ဖုန်း၊ စာရိုက်ခြင်း၊ ဓါတ်ပုံနဲ့ ကတ်ပို့ခြင်း အစရှိသည်တို့ ပြုလုပ်နိုင်ပါတယ်။
  • စောင့်ရှောက်နေတဲ့ အစီအစဉ်ကို လိုအပ်ရင် ပြုပြင်ရအောင် အသက်ကြီးသူရဲ့ အခြေအနေကိုသိရှိဖို့ တတ်နိုင်သလောက် သွားလည်သင့်ပါတယ်။

တစ်ကိုယ်ရည် ဂရုစိုက်ခြင်း

တကယ်လို့ သင့်အလုပ်က အသက်ကြီးသူတစ်ယောက်ကို တစ်ကိုယ်ရည် ဂရုစိုက်ဖို့ဆိုရင် ရိုးသားဖို့နဲ့ သူ့ရဲ့ လွတ်လပ်ခွင့ိကိုလေးစားဖို့ လိုပါတယ်။

ရေချိုးခြင်း

  • သူတို့ရေချိုးချင်သလားဆိုတာကို အရင်မေးသင့်ပါတယ်။
  • သူတို့ ရေချိုးတာကို မကူညီခင် သင်ဘာလုပ်မယ်ဆိုတာကို အရင်ပြောပြသင့်ပါတယ်။
  • စိတ်ရှည်သည်းခံသင့်ပါတယ်။
  • အသက်ကြီးသူတွေဟာ ရေချိုးနေစဉ်မှာ အပန်းပြေအောင် အချိန်ပေးပါ။
  • သူတို့ရေမချိုးခင်မှာ ရေချိုးခန်းကို ပြင်ဆင်ပါ။
  • လိုအပ်တဲ့ အရာတွေဖြစ်တဲ့ သန့်စင်ဆေး၊ တဘက်၊ အင်္ကျီတွေကို အလွယ်တကူ ယူနိုင်တဲ့နေရာမှာ ထားပါ။
  • ရေချိုးခန်းထဲမှာ သူတို့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့။

အရေပြားနဲ့ လက်သည်းခြေသည်း စောင့်ရှောက်ခြင်း

အရေပြားနဲ့ လက်သည်းခြေသည်း စောင့်ရှောက်ခြင်းဟာလည်း ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ အရေပြားခြောက်သွေ့လာတာကြောင့် အရေးအကြောင်းနဲ့ အစက်အပြောက်တွေ ပေါ်လာတတ်ပါတယ်။ ခြေစွယ်၊ လက်စွယ်ငုတ်ခြင်းဟာ အသက်ကြီးသူတွေရဲ့ဘဝကို ထိခိုက်စေနိုင်ပါတယ်။

  • လက်သည်းခြေသည်းကို တည့်မတ်စွာ ဖြတ်သင့်ပြီး အလွန်မညှပ်သင့်ပါဘူး။ တကယ်လို့ လက်သည်းညှပ်ရခက်တယ်ဆိုရင် ကျွမ်းကျင်သူ ပညာရှင်ကို ခေါ်သင့်ပါတယ်။
  • ရေဓါတ်ထိန်းသိမ်းပေးတဲ့ ဆေးတွေဟာ အရေပြားခြောက်သွေ့မှုကို ထိန်းပေးနိုင်ပါတယ်။ ဒီဆေးတွေကို အထူးသဖြင့် တံတောင်ဆစ်၊ ဒူးခေါင်းနဲ့ လက်ဖဝါးတွေကို အဓိကထားပြီး နေ့စဉ် လိမ်းပေးသင့်ပါတယ်။
  • ပြင်းတဲ့ ဆပ်ပြာနဲ့ ရေပူကို ရှောင်ကျဉ်သင့်ပါတယ်။ ဒီအရာတွေဟာ အရေပြားရေဓါတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။

ဆံပင်ကျန်းမာရေး

  • အသက်ကြီးသူတွေကို သင်က ဆံပင်ညှပ်ပေးရသူ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ ဆံပင်ပုံကို ရွေးချယ်နိုင်ပေမယ့် လွယ်ကူပြီး ဂရုစိုက်ရလွယ်တဲ့ပုံကို ရွေးချယ်သင့်ပါတယ်။
  • အချို့ လူကြီးတွေဟာ လှုပ်ရှားမှု သိပ်မလုပ်နိုင်တာကြောင့် အထူးပြုလုပ်ထားတဲ့ ပစ္စည်းတွေ (ဥပမာ ရေနဲ့ ဆေးချစရာမလိုတဲ့ ခေါင်းလျှော်ရည်) တွေကို အသုံးပြုနိုင်ပါတယ်။
  • အသက်ကြီးသူကို spa (သို့) ဆံပင်ညှပ်ဆိုင်ကို ခေါ်သွားပြီးလည်း ဆံပင်ညှပ်နိုင်ပါတယ်။

သွားတိုက်ခြင်း

သွားတွေဟာ ရုပ်ရည်၊ စကားပြောခြင်းနဲ့ စားသောက်ခြင်းတွေအတွက် အရေးကြီးပါတယ်။ သွားတွေကို ဂရိုစိုက်ဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

  • သွားတိုက်ဖို့ အချိန်သတ်မှတ်ပါ။ ဒီအချိန်ရောက်ရင် သတိပေးသင့်ပါတယ်။
  • တကယ်လို့ အသက်ကြီးသူက သွားမတိုက်ချင်ဘူးဆိုရင် အတင်းမတိုက်စေပဲ နောက်တစ်ကြိမ်မှ ထပ်မံကြိုးစားသင့်ပါတယ်။
  • သူတို့ကိုယ်တိုင် သွားမတိုက်နိုင်ရင် သင်ကကူညီပေးနိုင်ပါတယ်။
  • ပျော့ပြောင်းတဲ့ သွားပွတ်တံတွေဟာ ပိုအကျိုးရှိပါတယ်။
  • တကယ်လို့ သူတို့ရဲ့ပါးစပ်ထဲမှာ ပုံမှန်မဟုတ်တာ တွေ့တယ်ဆိုရင် သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အချိန်မှန် စစ်ဆေးမှုတွေကိုလည်း ပြုလုပ်သင့်ပါတယ်။

အသက်ကြီးသူတွေကို ပြုစုရခြင်းဟာ ခက်ခဲပြီး သည်းခံဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေက သင့်ကို အောင်မြင်စွာ ပြုလုပ်နိုင်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်မပူသင့်ပဲ အကောင်းဆုံးကြိုးစားသင့်ပါတယ်။

ရေးသားသူ- Dr Phyu Mon Latt

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Government of New Brunswick. 2011. Caregiver’s Guide: Practical information for caregivers of older adults.
2. Province of Manitoba. A Guide for the caregiver.
3. Caring for Parents, Keeping Them Healthy. http://www.webmd.com/healthy-aging/guide/staying-healthy?page=2. Accessed January 27, 2017.

ယခုပုံစံ

04/05/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝါကျွတ်ချိန်ခါမှာ အခုလို နည်းလမ်းလေးတွေနဲ့ အဝေးရောက် လူကြီးမိဘတွေကို ဂါရဝ ပြုလို့ ရပါတယ်။

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတွေ ရေဓာတ်ဆုံးရှုံးမှု ကင်းစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 04/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement