brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လမစေ့ကလေးငယ်တွေအတွက် အသက်ရှင်သန်နိုင်မည့် သားအိမ်တု

လမစေ့ဘဲမွေးဖွားလာတဲ့သိုးပေါက်လေးတွေကို ကျန်းမာသန်စွမ်းတဲ့ သိုးငယ်လေးတွေအဖြစ်ပေါက်ဖွားလာစေဖို့ အတွက် တစ်ပတ်ကြာ သားအိမ်အတုထဲမှာထည့်ထားပြီးစောင့်ရှောက်ပေးမှုကို အောင်အေြာင်မင်မြင်လုပ်ဆောင် ခဲ့ပြီးတဲေ့နာက်မှာ သုတေသီတွေက အဆိုပါနည်းပညာကို လမစေ့ဘဲမွေးဖွားလာတဲ့လူကလေးငယ်လေးတွေမှာ အသုံးပြုသွားနိုင်မယ်၊လို့ယူဆနေပါတယ်။

လမစေ့ကလေးငယ်တွေအတွက် အသက်ရှင်သန်နိုင်မည့် သားအိမ်တု

မိခင်နဲ့မွေးကင်းစကလေးငယ်သုတေသန ဖောင်ဒေးရှင်း၊ Western Australia တက္ကသိုလ် နဲ့ ဂျပန်နိုင်ငံက Tohoku တက္ကသိုလ်ဆေးရုံက သုတေသီတွေပါဝင်တဲ့ အနောက်သြစတြေးလျအခြေစိုက် အစီအစဉ်တစ်ရပ်က ကိုယ်ဝန်ဆောင်ကာလ ၂၂ ပတ်ကနေ ၂၃ ပတ်အတွင်းမှာမွေးဖွားလာတဲ့ကလေးငယ်တွေအတွက် ထိရောက်တဲ့ ကုသစောင့်ရှောက်မှုတစ်ရပ်အဖြစ်နဲ့ တိုးတက်လာအောင်လုပ်ဆောင်နိုင်ဖို့ကြိုးပမ်းနေပါတယ်။

အဆိုပါတွေ့ရှိချက်တွေကို Obstetrics & Gynecology အမေရိကန်ဆေးပညာဂျာနယ်မှာဖော်ပြခဲ့ပါတယ်။ တွေ့ရှိ ချက်တွေမှာ သားအိမ်တုက ex-vivo uterine environment (EVE) ကုထုံးကိုအသုံးပြုပြီး တစ်ပတ်ကြာ ပြုစုစောင့်ရှောက်မှုအတွင်း လမစေ့ဘဲမွေးလာတဲ့ သိုးပေါက်လေးတွေဟာကျန်းမာပြီး ကူးစက်ရောဂါကင်းစင်စွာနဲ့ ဖွံ့ဖြိုးသန်စွမ်းတဲ့ သားပေါက်လေးတွေအဖြစ်မွေးဖွားလာတယ်၊လို့ဖော်ပြခဲ့ပါတယ်။

သုတေသနကိုဦးဆောင်လုပ်ကိုင်နေတဲ့ သြစတြေးလျက တွဲဖက်ပါမောက္ခ Matt Kemp က ထပ်တိုး တီထွင်လေ့လာမှုတွေနဲ့အတူ မွေးရက်မတိုင်ခင်အချိန်တော်တော်စောစောမွေးလာတဲ့ကလေးငယ်တွေကို ပြင်းထန်လှတဲ့ရောဂါဝေဒနာတွေမခံစားရတော့အောင်ကာကွယ်ပေးနိုင်တော့မှာဖြစ်ပါတယ်၊လု့ိရှင်းပြပါတယ်။ လက်ရှိ ကာလမှာအသုံးမပြုနိုင်သေးတဲ့ ဆေးပညာရပ်ဆိုင်ရာ နည်းပညာတစ်ရပ်ကို ဖော်ထုတ်တီထွင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

“လမစ့ဘဲမွေးဖွားလာမယ့်ကလေးငယ်လေးတွေအတွက် ကုစောင့်ရှောက်မှုပေးနိုင်မယ့် ကုသမှုနည်းပညာရပ်တွေကို တီထွင်မှုကလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။” လို့ မစ္စတာ Matt Kemp ကပြောကြားခဲ့ပါတယ်။

“သန္ဓေသားကာလအတွင်းမှာ ကလေးငယ်ရဲ့ အဆုတ်တွေဟာ အလွယ်တကူအသက်ရှုနိုင်ဖို့အတွက် တည်ဆောက်ပုံ အရရော၊ လုပ်ငန်းလုပ်ဆောင်ပုံအရပါ ဖွံ့ဖြိုးမှုကတအားနည်းနေပါသေးတယ်။”

သုတေသနအဖွဲ့ရဲ့ တီထွင်မှုက မွေးကင်းစကလေးငယ်တွေထက် သန္ဓေသားတွေအတွက်အဓိကထားလုပ်ဆောင် ထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့တီထွင်လိုက်တဲ့ သားအိမ်အတုမှာအရည်အသွေးမြင့်နည်းပညာနဲ့လုပ်ဆောင်ထားတဲ့ ရေမြွှာရည်နဲ့ အချင်းအတုတို့ပါဝင်နေပြီး ဂရုတစိုက်စောင့်ရှောက်ပေးမှုနဲ့ပေါင်းစပ်လိုက်တဲ့အခါ ပြည့်စုံတဲ့ သားအိမ်တုကိုရရှိသွားပါတော့တယ်။” လို့တွဲဖက်ပါမောက္ခ Kemp ကပြောကြားခဲ့ပါတယ်။

“သားအိမ်တုထဲက လေတွေကိုပြောင်းလဲပေးတဲ့နည်းကိုအသုံးပြုပြီး လမစေ့ဘဲမွေးဖွားလာတဲ့ သန္ဓေသားလေးတွေရဲ့ နှလုံးနဲ့အဆုတ်ကို ပြင်ပလေနဲ့ထိတွေ့မှုကြောင့် ထိခိုက်ပျက်စီးမှုတွေကနေ ကာကွယ်ပေးနိုင်မှာဖြစ်သလို အသက်ကိုပုံမှန်အတိုင်းရှုဖို့ရာမှာ အရမ်းကိုနုနယ်လွန်းသေးတဲ့ သန္ဓေသားလေးတွေရဲ့ အသက်ကိုကယ်တင်နိုင်မှာဖြစ်ပါတယ်။ တီထွင်မှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ လမစေ့ဘဲမေါးဖွားလာတဲ့ကလေးငယ်တွေကို ပြင်ပလောကနဲ့ပေးမထိတွေ့ခင်မှာ အဆုတ်တွေနဲ့ အခြားအရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ကောင်းကောင်းမွန်မွန် ကြီးထွားဖွံ့ဖြိုးလာစေနိုင်မယ့် အခွင့်အရေး ပေးဖို့ဖြစ်ပါတယ်။”

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/01/2022 ဖြစ်ပါသည်။