backup og meta

Swollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Swollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း) ကဘာလဲ။

ခန္ဓါကိုယ်အနှံမှာတွေ့နိုင်တဲ့သေးငယ်လုံးဝန်းတဲ့တစ်ရှူးအစိုင်အခဲလေးတွေဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးပိုတိတိကျကျပြောရမယ်ဆိုရင်တော့ကူးစက်ရောဂါပိုးတွေကိုတိုက်ထုတ်ပေးနေတဲ့ပြန်ရည်စနစ်ကြီး၏အစိတ်အပိုင်းဖြစ်ပါတယ်။ ပြန်ရည်ကျိတ်ရောင်နေခြင်းကကူးစက်ပိုးဝင်နေခြင်းရဲ့သင်္ကေတဖြစ်ပါတယ်။

Swollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ အမျိုးသမီးတွေမှာပိုဖြစ်နိုင်ချေရှိပါတယ်။

ခန္ဓါကိုယ်အနှံမှာတွေ့နိုင်ပါတယ်။ တွေ့နိုင်တဲ့နေရာတွေကတော့

  • ချိုင်းကြား
  • မေးရိုးအောက်
  • လည်ပင်းဘေး
  • ပေါင်ခြံဘေး
  • ညှပ်ရိုးအပေါ်ဘက်စတဲ့နေရာတွေရဲ့အရေပြားအောက်မှာတွေ့နိုင်ပါတယ်။

ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကိုရှောင်ရှားခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ဆရာဝန်နဲ့သွားပြသင့်ပါတယ်။

လက္ခဏာများ

Swollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အတွေ့ရများတဲ့လက္ခဏာတွေကတော

  • ပြန်ရည်ကျိတ်များအပေါ်ဖိမိလျှင်နာခြင်း
  • နဂိုအရွယ်ထက်အများကြီးကြီးလာခြင်း
  • ချောင်းဆိုးခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • နှာရည်ယိုခြင်း
  • ချမ်းတုန်ခြင်း၊ချွေးထွက်ခြင်း
  • လည်ချောင်းနာခြင်း
  • ဖျားခြင်း
  • အရေပြားပူနီရောင်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ဖော်ပြပါအချက်တွေထဲကတစ်ခုခုရှိခဲ့မယ်ဆိုရင်သွားပြသင့်ပါတယ်။

  • ပြန်ရည်ကျိတ်တွေ ကြီးမားပြန့်ကားလာခြင်း
  • ပြန်ရည်ကျိတ်များမာခဲလာခြင်း
  • နာတာရှည်ဖျားခြင်း၊ညဘက်ချွေးထွက်ခြင်းသို့ကိုယ်အလေးချိန်ကျခြင်း
  • လည်ချောင်းနာခြင်း(သို့)မြိုချရခက်ခြင်း(သို့)အသက်ရှူရခက်ခြင်း

သင့်ဆီမှာအထက်ဖော်ပြပါရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင်ဒါမှမဟုတ်မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက်ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Swollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အောက်ပါအချက်များကြောင့် ပြန်ရည်ကျိတ်ရောင်ခြင်းကို ဖြစ်ပွားစေပါတယ်။

  • နားပိုးဝင်ခြင်း
  • ဗိုင်းရပ်စ်ပိုးဝင်ခြင်း
  • ဘတ်တီးရီးယားပိုးဝင်ခြင်း
  • HIVပိုးကူးစက်ခံရခြင်း
  • သွားပိုးဝင်ခြင်း
  • အရေပြားကူးစက်ပိုးဝင်ခြင်း
  • လည်ချောင်းနာခြင်း
  • ခုခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း
  • ကင်ဆာ
  • ရောင်ရမ်းခြင်းဆိုင်ရာရောဂါများ

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Swollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဖစ်ပွားနိုင်ချေကို မြင့်မားစေသောအကြောင်းရာတွေ အများကြီးရှိပါတယ်။ ဥပမာ-

  • အသက်၆၅ နှစ်အထက်
  • HIV/AIDSရောဂါရှိခြင်း
  • အရက်သောက်ခြင်း
  • ဆီးချိုရောဂါ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Swollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အကြောင်းရင်းကိုဆုံးဖြတ်နိုင်ဖို့ အောက်ပါအချက်တွေလိုအပ်နိုင်ပါတယ်။

  • ရောဂါရာဇဝင်
  • ကိုယ်ခန္ဓါပိုင်းစမ်းသပ်စစ်ဆေးမှုများ
  • သွေးစစ်ဆေးခြင်း
  • ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း(သို့)ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း
  • ပြန်ရည်ကျိတ်အသားစစစ်ဆေးခြင်း

Swollen Lymph Nodes (ပြန်ရည်ကျိတ်ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

  • ပဋိဇီဝပိုးသတ်ဆေးများ(သို့) ဗိုင်းရပ်စ်ဆန့်ကျင်ဆေးများ

(ဘက်တီးရီးယားကူးစက်မှုကြောင့်ဖြစ်တဲ့ပြန်ရည်ကျိတ်ရောင်ခြင်းအတွက်အသုံးအများဆုံးကုသမှုဖြစ်ပါတယ်။)

  • ဇာစ်မြစ်ကိုကုသခြင်း

(နာတာရှည်အရေပြားရောဂါ၊အဆစ်ရောင်ရောဂါစတဲ့ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်တဲ့အခါမျိုးမှာထိုရောဂါတွေကိုကုလိုက်ခြင်းဖြင့်ပြန်ရည်ကျိတ်ရောင်ခြင်းပျောက်ကင်းသွားနိုင်ပါတယ်။)

  • ကင်ဆာကုထုံး

(ကင်ဆာကြောင့်ဖြစ်တဲ့အခါမျိုးမှာသုံးပါတယ်။ ကုသခြင်းမှာခွဲစိတ်ကုသခြင်း၊ရောင်ခြည်ကုထုံး(သို့)ဓါတုကုထုံးတွေပါဝင်နိုင်ပါတယ်။)

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကပြန်ရည်ကျိတ်ရောင်ခြင်င်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများကသင့်အနေဖြင့်ပြန်ရည်ကျိတ်ရောင်ခြင်းကိုကုသတဲ့နေရာမှာနဲ့လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

  • ဆေးဆိုင်တွေမှာအလွယ်တကူဝယ်ယူရနိုင်တဲ့ Tylenol (သို့) စတီးရွိုက်မပါသောအရောင်ကျဆေးများ (ဥပမာ- Advil၊ Motrin၊ Aleve)
  • ကလေးများတွင် aspirinဆေးတိုက်ခြင်းကိုရှောင်ကြဉ်ခြင်း (ကလေးငယ်များတွင် aspirin ကြောင့်ဖြစ်တတ်သောဦးနှောက်ရောင်ခြင်းနှင့် အသည်းစွမ်းဆောင်ရည်ကျဆင်းခြင်းရောဂါစုကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။)
  • ဖြစ်တဲ့နေရာကိုပူနွေးစွတ်စိုတဲ့ရေပတ်ဝတ်ကပ်ပေးခြင်း
  • ပြည့်ပြည့်၀၀အနားယူခြင်း

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင်သင့်အတွက်အကောင်းဆုံးအဖြေကိုရှာဖွေနိုင်ဖို့ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.webmd.com/pain-management/swollen-glands
http://www.mayoclinic.org/diseases-conditions/swollen-lymph-nodes/basics/treatment/con-20029652
http://www.healthline.com/health/swollen-lymph-nodes#3

ယခုပုံစံ

14/07/2022

Hello Sayarwon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Hello Sayarwon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement