backup og meta

Strep Throat (စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Strep Throat (စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း) ကဘာလဲ။

စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်းသည် စထရပ်တိုကောကတ် ဘတ်တးီရီးယားကြောင့်ဖြစ်သော ရောဂါတမျိုးဖြစ်သည်။ ရောဂါလက္ခဏာများက ဗိုင်ရပ်ကြောင့်ဖြစ်သော လည်ချောင်းနာခြင်းထက်ပိုပြင်းထန်တတ်သည်။ စထရပ်ကြောင့်ဖြစ်သောလည်ချောင်းနာခြင်းကိုမကုပါက နောက်ဆက်တွဲအနေနှင့် ရူမတွိုဒ် အဖျားကိုဖြစ်စေတတ်သည်။

Strep Throat (စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက် ငါးနှစ်မှ ဆယ့်ငါးနှစ် အတွင်းပိုဖြစ်တတ်သော်လည်း အသက်အရွယ်တိုင်းတွင်ပိုဖြစ်နိုင်သည်။

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Strep Throat (စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများကက စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်းကိုထိမိပြီး နှစ်ရက်မှ ငါးရက်အတွင်းဖြစ်နိုင်သည်။ ရောဂါလက္ခဏာများမှာ

လည်ချောင်းနာခြင်း သို့မဟုတ် မျိုချရခက်ခြင်း

ဖျားခြင်း

ခေါင်းကိုက်ခြင်း

အနီကွက်ထွက်ခြင်း

ဗိုက်အောင့်ခြင်း

အစားအသောက်ပျက်ခြင်း သို့မဟုတ် ပျို့ခြင်း

ကြွက်သားနာခြင်းနှင့်အဆစ်များကိုက်ခြင်း

အာသီးနီခြင်း ယောင်ခြင်းနှင့် အဖြူကွက်များ သို့မဟုတ် ပြည်များရှိတတ်ခြင်း။ အနီစက်များ ပါးစက်အပေါ်တွင်ပေါ်လာနိုင်သည်။

လည်ပင်းအကျိတ်များကြီးခြင်းကြောင့် ယောင်ခြင်း နှင့်နာခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

လည်ချောင်းနာခြင်းမှ ယောင်ခြင်း လည်ကျိတ်ကြီးခြင်း

လည်ချောင်းနာခြင်းသည် ၄၈နာရီထက်ပိုကြာတတ်သည်

အဖျားသည် ၃၈.၃ ဒီဂရီ ဆဲလ်စီးယပ်ထက်ကလေးနည်းနည်းကြီးချိန်တွင်ပိုများတတ်သည်။ သို့မဟုတ် အဖျား၄၈နာရီ ထက်ပိုကြာခြင်း။

လည်ချောင်းနာခြင်းနှင့် အနီစက်များထွက်ခြင်း။

အသက်ရူခက်ခြင်းနှင့် မြိုချရခက်ခြင်း(တံထွေးပါခက်ခြင်း)

ဖျားခြင်း သို့မဟုတ် နာခြင်း သို့မဟုတ် အဆစ်များယောင်ခြင်း အသက်ရူခက်ခြင်းနှင့် အနီစက်ထွက်ခြင်း

ဆီးအရောင် ကိုလာအရောင်ပြောင်းခြင်းသည် တပါတ်ထက်ပိုကြာနေခြင်း

အကြောင်းရင်းများ

Strep Throat (စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း) ကိုဘာတွေကဖြစ်စေသလဲ

စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်းကြောင့်ဖြစ်သောလည်ချောင်းနာခြင်းသည် စထရပ်တိုကောကပ်ပိုင်ရိုချင်ကြောင့်ဖြစ်သော ဘက်တီးရီးယား သို့မဟုတ် အဖွဲ့ အေ စထရပ်တိုကောကပ်ကြောင့်ဖြစ်သည်။ ရောဂါပိုးသည် ကူးစက်လွယ်ပြီး အောက်ပါအကြောင်းအရာများကြောင့်အဓိကကူးသည်။

ချောင်းဆိုးခြင်း နှာချေခြင်းကြောင့် လေမှတစ်ဆင့်ကူးခြင်း

အစားအစာ သို့မဟုတ် အရည်များတူတူသောက်သုံးခြင်း

ရောဂါပိုးရှိနေသည့် တခါးလက်ကိုင်သို့မဟုတ် အခြားအရာများကိုထိမိပြီး ပါးစပ်သို့မဟုတ် နှာခေါင်း အတွင်းသို့ဝင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Strep Throat (စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်။ အသက် ငါးနှစ်မှ ဆယ့်ငါးနှစ်အတွင်း

အချိန်အပိုင်းအခြား၊ တစ်နှစ်တာအတွင်း မည်သည့်အချိန်တွင်မဆိုဖြစ်နိုင်ပြီး နွေရာသီအဆုံး ဆောင်းရာသီအစလောက်တွင်ဖြစ်နိုင်သည်။

ခုခံအားစနစ်အားနည်းခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Strep Throat (စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါလက္ခဏာများ စမ်းသက်ချက်များ ဓါတ်ခွဲစမ်းသက်မှုများဖြင့်အတည်ပြုသည်။ ဆရာဝန်မှ အောက်ပါ စမ်းသက်မှုကိုလုပ်ခိုင်းလိမ့်မည်။

လည်ချောင်းမှပိုးမွေးခြင်း၊ ဘက်တီးရီးယားရှိမရှိကိုရှာဖွေနိုင်သည်။

ပဋ္ဋိလှုံဆော်ပစ္စည်းအားစမ်းသက်ခြင်း။ အကယ်၍ လည်ချောင်းပိုးမွေးခြင်းကို မလုပ်နိုင်ချိန် သို့မဟုတ် အချိန်မစောင့်နိုင်ပါက လုပ်နိုင်သည်။

Strep Throat (စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုတွင် ပဋ္ဋိဇီဝဆေးပါဝင်သည်။ ပနက်စလင် ဗွီ ကို ပါးစပ်မှသောက်ခိုင်းခြင်းသည်အကောင်းဆုံးကုသမှုနည်းလမ်းဖြစ်သည်။ ကလေးများအား အမောက်စီစလင် အရသာကိုရွေးချယ်ပေးသင့်သည်။ ပနက်စလင်နှင့်မတည့်သူဖြစ်ပါက ကက်ဖလိုစပိုလင် ဥပမာ စက်ဖာလက်ဇင်း သို့မဟုတ် မက်ခရိုလိုက် ဥပမာ အရွတ်တိုမိုင်ဇင် သို့မဟုတ် အဇစ်တိုမိုင်ဇင် ပေးနိုင်သည်။ ဆေး (အိုင်ဗျူပရိုဖန်၊ အစီတာမီနိုဖန်)သည် လည်ချောင်းနာခြင်း ဖျားခြင်းအားသက်သာစေသည်။ ကလေးငယ်များနှင့် ဆယ်ကျော်သက်များတွင် အက်ပလင် ကိုမသောက်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် ဖြစ်လာနိုင်သော ရိုင်း ရောဂါ အန္ဓါရယ်ကပြင်းနိုင်သည်၊အနားယူခြင်း ရေများများသောက်ြခ်ငး စားရလွယ်သောအစာများ ဆားရေနွေးရည်ဖြင့် ပလုပ်ကျင်းခြင်း နှင့် ရောဂါလှုံဆော်စေသောအရာ ဥပမာ ဆေးလိပ်သောက်ခြင်းအားရှောင်ခြင်း သည် လူတော်တော်များများအား အထောက်အပံ့ပေးနိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် စထရွက်ကြောင့်ဖြစ်သောလည်ချောင်းနာခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

လက်ခဏခဏဆေးခြင်းသည် ရောဂါပျံ့ခြင်းကိုလျော့ချပေးနိုင်သည်။

ပဋ္ဋိဇီဝဆေးအားပြီးပြတ်အောင်သောက်ပါ။ ဆရာဝန်မှ ရက်ရန်မပြောမချင်းမရပ်ပါနှင့်။

စထရွက်ကြောင့်ဖြစ်သောလည်ချောင်းနာခြင်းဖြစ်နေသောလူနာနှင့် ထိတွေ့ခြင်းရှောင်ပါ။

ကိုယ်တိုင်သုံးပစ္စည်းများဥပမာ ရေခွက်တို့အား အတူတကွမသုံးပါနှင့်။

အစာပျော့ပျော့ဥပမာစွပ်ပြုတ် ချက်ထားတဲ့ အုတ်ဂျုံ ချေထားသောအာလူးနှင့် ဒိန်ချဉ်တို့အားစားပါ။ အရမ်းအေးသောအစာ ဥပမာ ခဲထားသောဒိန်ချဉ် အချိုရည်များမှာလဲ အဆင်ပြေနိုင်သည်။

အရမ်းငယ်သောကလေးများနှင့် ဆယ်ကျော်သက်များအား အက်ပလင်ကိုမပေးပါနှင့်။ ထိုဆေးက အန္ဓါရယ်ရှိသော ရိုင်းရောဂါကိုဖြစ်စေနိုင်သည်။

သင်ဖျားနေပါက သူတစ်ပါးပေါ်အား နှာချေခြင်းချောင်းဆိုးခြင်းမလုပ်ပါနှင့်။

ပါးစပ်အားအုပ်ခြင်း ကလေးအားပါးစပ်အုပ်၍ချောင်းဆိုးခြင်းအားသင်ပေးပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Download version.
Strep Throat http://www.mayoclinic.org/diseases-conditions/strep-throat/basics/definition/con-20022811. Accessed October 2, 2015.
Strep Throat https://www.nlm.nih.gov/medlineplus/ency/article/000639.htm. Accessed October 2, 2015.

ယခုပုံစံ

26/01/2022

Nadi မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement