အစွဲလမ်းလွန် စိတ်ဝေဒနာ (obsessive compulsive disorder) ဆိုသည်မှာ လူနာ၏ တွေးခေါ်မှုနှင့် အပြုအမှုများကို ထိခိုက်စေသော စိတ်ရောဂါ တစ်မျိုးဖြစ်ပါသည်။ လူနာသည် အတွေးများ အမြဲပေါ်လာပြီး စွဲလန်းစိတ်နဲ့ တူညီသောလှုပ်ရှားမှုများကို ထပ်ခါထပ်ခါ ပြုလုပ်ပါသည်။ ဥပမာ တံခါးကို သော့ခတ်ထားသလား မထားသလား ဟု တွေးကာ တံခါးဆီသို့ ခဏခဏ သွားခြင်း ဖြစ်သည်။ လူနာများသည် ထိုသို့တွေးခြင်းကိုရပ်ရန် ကြိုးစား သော်လည်း စိတ်ရှုပ်ထွေးမှုနှင့် စိတ်တင်းမာမှု များသာ ထပ်မံ ဖြစ်စေပါသည်။ နောက်ဆုံးတွင် စိတ်သက်သာစေရန် ထိုလှုပ်ရှားမှုများကိုသာ လိုက်လံ ပြုလုပ်ပါတော့ သည်။
obsessive compulsive disorder သည် အသက် ၂၀အောက် များတွင် မကြာခဏဖြစ်တတ်ပါသည်။ အထူးသဖြင့် စိတ်ဖိစီးမှုစေသော ကိစ္စများ ပိုမိုကြုံတွေ့ရသူ များတွင် ဖြစ်တတ်ပါသည်။ ဤလက္ခဏာများသည် တစ်ခါ တစ်ရံ သက်သာသွားသော်လည်း အရှင်းပျောက်ခြင်း မရှိပါ။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။
အဓိက ရောဂါလက္ခဏာ သည် စိတ်စွဲလန်းခြင်း ဖြစ် သည်။ စွဲလန်းသော အပြုအမှု သည် ဆေးသုံးခြင်း နှင့် အခြား အခြေအနေများ ကြောင့် မဟုတ်ပါ။ ထိုသို့ ဖြစ်ခြင်း သည်စိတ်ပူပင်မှုကို ဖြစ်စေပြီး နေ့စဉ် ဘဝကို ထိခိုက် စေပါသည်။ စွဲလန်းခြင်း အပြုအမှု အမျိုးအစား များစွာ ရှိပါသည်။ ဥပမာ-
ခြောက်လန့်ခြင်း
လူနာများသည် ထိုအချက်များကို မလုပ်ချင်သော်လည်း ထိန်းချုပ်၍ မရဖြစ်နေသည်။ စွဲလန်းသော အပြုအမှုများ သည် နေ့ပိုင်းတွင် ပို၍ ဖြစ်ပေါ်ပြီး အကျိုးရှိသော အလုပ် များ လုပ်ရန် ခက်ခဲစေပါသည်။
အထက်တွင် ဖော်ပြ မထား သော အခြားလက္ခဏာ များ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
အောက်ပါတို့ဖြစ်ပါက ဆရာဝန်နှင့် ပြသပါ။
လက်ရှိတွင် သိပ္ပံပညာရှင်များသည် obsessive compulsive disorder ရောဂါ အကြောင်းရင်းကို ရှာဖွေနေဆဲ ဖြစ်ပါသည်။ ရောဂါဖြစ်စေသော အချက်များ တွင် အောက်ပါတို့ ပါဝင်ပါသည်။
စွဲလန်းခြင်းကြောင့်ဖြစ်သော စိတ်ရှုပ်ထွေးမှု ဖြစ်နိုင်ချေ ကို မြင့်စေသော အချက်များမှာ-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်များသည် သင်ဖော်ပြသော ရောဂါလက္ခဏာ များပေါ်မူတည်၍ ရောဂါအဖြေထုတ်ပါသည်။ ဆရာဝန်သည် သင့် ရောဂါလက္ခဏာများ၏ အခြားဖြစ်စေနိုင်သော အချက် များကို ဖယ်ထုတ်ရန် ဆေးစစ်မှုကို ပြုလုပ်ပါလိမ့်မည်။ ဆရာဝန်သည် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဆုံးဖြတ်မှု ကိုလည်း ပြုလုပ်ပါလိမ့်မည်။ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း နည်းလမ်း တွင် ဆရာဝန်သည် လူနာ၏ ရုပ်ရည်သွင်ပြင်၊ ပြောဆိုပြုမူ ပုံ ကို လေ့လာခြင်း နှင့် အတွေးအခေါ်များ၊ စိတ်နေစိတ်ထား၊ တစ်ပါးသူအပေါ် ယုံမှားသံသယ လွန်ကဲမှု၊ ထင်ယောင် ထင်မှားဖြစ်မှု၊ ပစ္စည်းများကို အလွဲသုံးရန် စွဲလန်းခြင်း၊ တိုက်ခိုက်သတ်ဖြတ်လိုခြင်း သေကြောင်းကြံစည်လိုခြင်း တို့ အကြောင်းကို မေးမြန်းရန် လိုပါသည်။
obsessive compulsive disorder ကို စုပေါင်း ကုထုံး နှင့် အပြုအမူသိမြင်ခြင်းကုထုံးဖြင့် ကုသနိုင်ပါ သည်။
ဆေးပေးခြင်း။ ဆရာဝန်သည် စိတ်စွဲလန်းခြင်း နှင့် ထပ်ခါ ပြုလုပ်သော အကျင့်များကို ထိန်းချုပ်ရန် ဆေးပေး နိုင်ပါသည်။ ပုံမှန်အားဖြင့် စိတ်ကျရောဂါ ပျောက်ဆေး များ အသုံးပြုနိုင်ပါသည်။ အောက်ပါတို့ပါဝင်ပါသည်။
အပြုအမှု သိမြင်ခြင်းကုထုံး။ မဟုတ်မှန်သည်များကို တွေး ထင်နေပါက အချိန်ကြာလာသောအခါ စိတ်ရောဂါ ဖြစ်ပေါ်ပါသည်။ အပြုအမှု သိမြင်ခြင်း ကုထုံး သည် ထိတ်လန့်မှုကို ဖြစ်စေသော အတွင်းစိတ်ကို ရှာဖွေပေး နိုင်ပါ သည်။ ထို့နောက် အပြုအမှု ကုထုံးနှင့် ထိုသို့မတွေးစေသော အခြား အကျင့်များ အတွက် လေ့ကျင့်ခြင်း လမ်းညွှန်မှု တို့ကို လုပ်ကိုင်ပါ။ ထိုသို့ ထပ်မံမတွေးတော့ပါက ရောဂါ လက္ခဏာ များ ပျောက်ကင်းပါမည်။
လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် obsessive compulsive disorder ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် obsessive compulsive disorder ဖြစ်ခြင်း ကို ထိန်းချုပ်နိုင်ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။